၇၁ နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြု ရိုက်ကူးမယ့် အဖြူရောင် နှလုံးသားများ ဇာတ်ကား

0
194

A Phyu Young Heart copy

၇၁ နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆို သောအားဖြင့် ဒါရိုက်တာတုနှိုင်းခ ရိုက်ကူးပုံဖော်မယ့် ‘အဖြူရောင် နှလုံး သားများ’ ဆိုတဲ့ ဗီဒီယို ဇာတ်ကားကန်တော့ပွဲကို ဖေဖော် ဝါရီလ ၁ ရက်နေ့ မနက် ၉ နာရီက  မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ် မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီဇာတ်ကားကို သုခမိန် ရုပ်ရှင်နှင့်ဗီဒီယိုထုတ်လုပ် ရေးက စီစဉ်ပြီး ဇာတ်လမ်း မင်းမျိုး မြင့်၊ ဇာတ်ညွှန်း မိုးမိုးစောဝင်း တို့က ရေးသားကာ သရုပ်ဆောင်များအဖြစ် ဝေဠုကျော်၊ နေမျိုးအောင်၊ ထွန်းကိုကို၊ သင်ဇာဝင့်ကျော်၊ စိုးပြည့်သဇင်၊ မေသဉ္ဇာဦးတို့က ပါဝင်သရုပ်ဆောင်မှာဖြစ်ပါတယ်။ ဒါရိုက်တာတုနှိုင်းခက အရင်တုန်းက မီးလျှံကြားကသွေးသစ္စာ၊ မီးလျှံငှက် တို့ သန္နိဋ္ဌာန် စတဲ့ မီးသတ် ဂုဏ်ပြု ဇာတ်ကား ၂ ကားရိုက်ကူးခဲ့ပြီး အခုဇာတ်ကားကတော့ တတိယ မြောက် ရိုက်ကူးတဲ့ မီးသတ်ဂုဏ်ပြုဇာတ်ကားဖြစ်ကြောင်း သိရပါတယ်။

“၇၁နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ ဂုဏ်ပြုဇာတ်လမ်း ဆိုပေမယ့် မီးသတ်ဇာတ်လမ်းတွေ မှန်သမျှ၊ ရဲဇာတ်လမ်းတို့၊ စစ်တပ် ဇာတ်လမ်းတို့လိုမျိုး ဇာတ်အိမ်ကြီး က တအားပြောင်းလို့ရတဲ့ကိစ္စ မဟုတ်တော့ ပြည်သူထဲက အဖြစ် အပျက်ကို ဇာတ်လမ်းပြန်ဖန်တီး ရတာပေါ့။

 ဇာတ်လမ်းက အတင်း လုပ်ယူ ထား တဲ့ ဇာတ်လမ်းမဟုတ်ဘူး။ မိသားစုဘဝလေး နှစ်စုသုံးစု ရှုပ် ထွေးနေတာလေးကို ရှင်းသွား အောင် လုပ်တဲ့ ဇာတ်လမ်းပါ” လို့ ပြောပါတယ်။ အခုရိုက်ကူး မယ့်ဇာတ်ကားကတော့ မိသားစု သဘာဝ၊ ကျေးလက်သဘာဝ ကို ရိုက်ကူး တင်ပြမှာဖြစ်တဲ့အတွက် ကြောင့် အရင်ဇာတ်ကားတွေလောက်  တာ ဝန်တော့ မကြီးဘဲ ပေါ့ပေါ့ ပါးပါး လေးနဲ့ ကြည့်လို့ကောင်း မှာ ဖြစ် ကြောင်း ဒါရိုက်တာတုနှိုင်းခက ပြော ပါတယ်။

“ဒီဇာတ်ကားကနေပေးတဲ့ ပညာတွေက ပြည်သူတွေအတွက် ပညာ ဗဟုသုတွေရရှိနိုင်သလို မီးသတ် တပ်ဖွဲ့ရဲ့ တာဝန် ဝတ္တရား တွေ ကလည်း ဘာတွေလဲဆိုတာ တွေ့ရ ပါမယ်။ ပြည်သူတွေစိတ်ဝင် စားတဲ့ ရန်ကုန်-နေပြည်တော် အမြန် လမ်းမကြီးမှာ ခဏခဏ ဖြစ်စဉ်   တွေဖြစ်နေတာကို မီးသတ်တပ်ဖွဲ့က ဘယ်လိုစောင့်ရှောက်ပေးနေတယ်။ ဘယ်လိုကူညီပေးနေတယ်ဆိုတာ လည်း တွေ့မြင်ရမှာပါ” လို့ပြောပါ တယ်။ ဒီမီးသတ် ဂုဏ်ပြုဇာတ် ကားကို မေလ ၅ ရက်မှာကျရောက်တဲ့ မီးသတ်တပ်ဖွဲ့ နေ့မတိုင်မီမှာ အခွေ ထွက်ရှိမှာဖြစ်ပြီး ရုပ်သံလိုင်း များမှာလည်း ပြသသွားမှာဖြစ် ကြောင်း သိရပါတယ်။

ခိုင်ဝေလွင်၊ ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here