ဒါရိုက်တာ ကြည်ဖြူသျှင်က ဂျပန်နိုင်ငံမှ ဖောင်ဒေးရှင်း တစ်ခု၏ ဖိတ်ကြားချက် အရ ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ ဂျပန်နိုင်ငံကို ထွက်ခွာ သွားခဲ့ပြီ ဖြစ်ပြီး ဖေဖော်ဝါရီ ၂၆ ရက် နေ့မှာ ပြန်လည် ရောက်ရှိ မှာ ဖြစ်ပါတယ်။ ဒီခရီးစဉ်မှာတော့ ဂျပန် နိုင်ငံရဲ့ ရုပ်ရှင်ရုံတွေ၊ ရုပ်ရှင် ထုတ်လုပ်ရေးတွေ၊ ရုပ်ရှင် သင်တန်း ကျောင်းတွေ ၊ ရုပ်ရှင် စတူဒီယိုတွေ ကို သွားရောက် လေ့လာ ရမှာဖြစ်ပါ တယ်။ ဒါ့အပြင် ဂျပန်နိုင်ငံရဲ့ ရုပ်ရှင်ကုမ္ပဏီ တစ်ခုနဲ့လည်း တွေ့ဆုံ စကားပြောဆို ရမှာဖြစ်ပြီး ရုပ်ရှင် ပွဲတော်တွေ ကိုလည်း တက်ရောက်ရ မှာဖြစ်တယ်လို့ သိရပါတယ်။ ဒီခရီးစဉ် နဲ့ ပတ်သက်ပြီး ဒါရိုက်တာ ကြည်ဖြူ သျှင်က
“ဒီဖောင်ဒေးရှင်းက အစ်မကို လာရောက် လေ့လာဖို့ ရွေးလိုက် တာက မနှစ်က ရွေးလိုက် တာပါ။ ရွေးပြီးတဲ့ အချိန်မှာ အစ်မကိုခေါ် တွေ့တယ်။ သူတို့နိုင်ငံကို လေ့လာ ရေးလာရောက်ဖို့ ရွေးချယ်ခြင်းကို စိတ်ဝင်စားလား လို့ မေးတယ်။ ဂျပန်ကို ရောက်တဲ့အခါမှာ ဘယ် အကြောင်းအရာကို အဓိကထား လေ့လာချင်သလဲလို့ မေးတယ်။ အဲ့ဒီအခါမှာ အစ်မက ဂျပန်နိုင်ငံ ရဲ့ ရုပ်ရှင်ရုံတွေကို လေ့လာချင်တယ် လို့ပြောတယ်။ ပြီးတော့ ဂျပန်နိုင်ငံ မှာရှိတဲ့ ရုပ်ရှင် ကုမ္ပဏီတွေ ထဲကမှ မြန်မာ့ ရုပ်ရှင်ကို စိတ်ဝင်စားတဲ့ ကုမ္ပဏီနဲ့လည်း စကားပြောချင် တယ်လို့ပြောလိုက်တယ်။ အဲဒီလိုတွေ့ ဆုံနိုင်ဖို့ အတွက် သူတို့ ကနေ စီစဉ် ပေးတယ်” လို့ပြောပါ တယ်။ ဂျပန် နိုင်ငံမှ ယခုလို ဖိတ်ကြားမှုသည် နိုင်ငံတိုင်းမှ အနုပညာရှင်တွေ ကို တစ်နှစ် တစ်ယောက်နှုန်း လာ ရောက် လေ့လာဖို့ ဖိတ်ခေါ်ခြင်း ဖြစ်တယ်လို့ သိရပါတယ်။
လင်းအက္ခရာ