လူငယ် အနုပညာရှင်တွေကို အကယ်ဒမီ ရန်အောင် ဘယ်လို ချီးကျူးစကား ဆိုခဲ့လဲ

0
254

Yan-Aungအကယ်ဒမီ ရန်အောင်က လက်ရှိမှာတော့ “ကိုယ်စောင့်နတ်” လို့အမည်ပေးထားတဲ့ ရုပ် ရှင်ဇာတ်ကားကို ရိုက်ကူးနေလျက် ရှိနေပြီး အဲ့ဒီရုပ်ရှင် ဇာတ်ကားမှာတော့ လူငယ်သရုပ် ဆောင်တွေ ဖြစ်တဲ့ လွှမ်းပိုင်၊ ထွန်းထွန်း၊ ခင်ဝင့်ဝါတို့အပါအဝင် အွန်လိုင်းပေါ်မှာ နာမည် ကြီးနေတဲ့ လူငယ်တွေ လည်း ပါဝင်ပါတယ်။

“သူတို့ လူငယ်လေးတွေက သူတို့လမ်းသူတို့ ဖောက်နေကြတယ် လို့ အစ်ကိုမြင်တယ်။ ဘာလို့ ဆိုရင် အစ်ကိုတို့ ထက်တောင် ဥာဏ်ရည်ဥာဏ်သွေးတွေ ပိုကောင်းပြီး ခြေလှမ်းသာ ပါတယ်။ အစ်ကိုတို့ ခေတ်တုန်း ကဆိုရင် မင်းသားဖြစ်ရေး၊ သရုပ်ဆောင်ဖြစ်ရေးကိုပဲ ဦး တည်ပြီး သွားကြတာဖြစ်တယ်။ ဇာတ်လမ်းဘက်တွေ တို့၊ ဇာတ်ညွှန်းဘက်တွေ ဆိုရင် ကိုယ် တိုင်မရေးတောင်မှ ကိုယ် တအားကြိုက်တဲ့ ဇာတ်လမ်းဖြစ်ရင် အသည်းအသန် ဝယ် ထားရတာရှိတယ်။ ကိုယ်ရိုက်ကူးချင်တာကို ထွက်ထွက်ချင်း ဝယ်ထားတာရှိတယ်။ တချို့ဆိုရင် မထွက်ခင် ကတောင် အဲ့ဇာတ်လမ်းကို ကြိုဝယ်ထားတာတွေ ရှိပါတယ်။ အဲ့လောက် အထိပဲ အား ထုတ်ကြတာ ဖြစ်တယ်။ အခုခေတ် လူငယ်တွေက ကျတော့ ကိုယ်တိုင် ဇာတ်ညွှန်းရေးပြီးတော့ သူတို့ လုပ်ချင်တဲ့ သူတို့တင်ပြချင်တဲ့ သူတို့အားသန်တဲ့ ဘက်တွေကို ဇောင်းပေးပြီးတော့ ပါဝင် လုပ်လာကြတာကို တွေ့ရတယ်။ နောက်ပိုင်းတွေမှာ သူတို့တွေဟာ ဒီထက် ပိုပြီးတော့ အရည်အချင်း ရှိတဲ့သူတွေ ဖြစ်လာမယ် လို့ မြင်ပါတယ်။ သူ့တို့လေးတွေကို ချီးလည်း ချီးကျူးမိတယ်။ အဲ့ဒီအတွက်လည်း ကြိုဆိုနေပါတယ်”လို့ ပြောပြပေးခဲ့ပါတယ်။ ဒါ့အပြင် သူတို့ဘက်ခေတ်တုန်း ကတော့ ဝတ္ထုတစ်ပုဒ် သိပ်နာမည် ကြီးပြီဆိုရင် အဲ့ဒီ ဇာတ်လမ်းကို ရိုက်ကူးဖို့ အတွက်ကို ပြင်ဆင်ရပြီး ကိုယ်စီးရမယ့် ဖိနပ်က အစ ဒိုင်ယာလော့ခ် အဆုံး အသေးစိတ်ကြိုတင် ပြင်ဆင်ထားတာကြောင့် ဝတ္ထုထဲက ဇာတ်ကောင် အတိုင်း အံ့ဝင်ခွင်ကျဖြစ်ကြတယ် လို့ဆိုပါတယ်။

“ဒီလိုဖြစ်တာကလည်း အကုန်လုံးရဲ့ ကြိုးစား အားထုတ်မှုကြောင့်ပါ။ အခု ခေတ်မှာတော့ ကိုယ်တိုင် ဇာတ်ညွှန်း၊ဇာတ်လမ်းလေးတွေ ရေးပြီး ရိုက်ကူးလာကြတာ သည် အရင်အစ်ကို တို့ ခေတ်နဲ့ယှဉ်ရင် တအားကောင်းပြီး တစ်မျိုး ဆန်းသစ်ပါတယ်။ ဘာလို့လဲ ဆိုတော့ နာမည်ကြီးဝတ္ထုတွေကို ရိုက်ကူးတဲ့အခါ သိပ်ကို တာဝန်ကြီးပါတယ်။ ဒါရိုက်တာ ဘက်ကလည်း အသေးစိတ် ပြင်ဆင်ရတယ်။ သရုပ်ဆောင်ဘက်ကလည်း အသေးစိတ် ပြင်ဆင်ရတယ်။ ဝတ္ထုထဲကနဲ့ လွဲသွားမှာ စိုးရိမ်ကြလို့။ အခုနောက်ပိုင်း တော့ လူငယ်လေး တွေက သူတို့စိတ်ကူးထဲက အတိုင်း ပုံဖော်လာကြတာ။ အဲ့ဒီတော့ အစ်ကိုတို့ ကလည်း သူတို့နောက်ကို လိုက်ပြီးတော့ သူတို့လေးတွေ ကို ပံ့ပိုးတဲ့ အနေ နဲ့ သူတို့ဇာတ် ကောင်ကို ပါဖောမန့်တွေ နဲ့ရောပြီးတော့ လုပ်ပေးရတဲ့ အခါတော့လည်း တစ်မျိုးဆန်းသစ် လာပါတယ်”လို့ ပြောပြပေးခဲ့ပါတယ်။

ထက်လူ


LEAVE A REPLY

Please enter your comment!
Please enter your name here