ရွှေထူး ရယ်ဆိုပြီး ဖြစ်လာခဲ့တဲ့ စိတ်ကူးယဉ် စာအုပ်အခွေ Music Video

0
375

Shwe-Htoo“တံခါးဖွင့်ထားပါတယ်”၊ “လူဆိုး”၊ “ငါမှန်တယ်”၊ “အချစ်စစ် အချစ်မှန်”၊ “အကြီးဆုံးသား” စသဖြင့် ခံစားလို့ကောင်းမယ့် သီချင်းတွေ နဲ့အတူ ရွှေထူးရဲ့ စိတ်ကူးယဉ် စာအုပ် Music Video ကမကြာခင်မှာ ပရိသတ်လက် ထဲကို ရောက်ရှိလာတော့မှာပါ။ စိတ်ကူးယဉ် စာအုပ် အမ်တီဗီ ပရိုမိုးရှင်းကိုတော့ ရွှေထူးက ဖေဖော်ဝါရီ ၁၈ရက်၊ ရန်ကုန်မြို့Junction Square Outdoor Area မှာ ညနေ ၃နာရီကနေ ၇နာရီအထိ ကျင်းပ မှာဖြစ်ပြီး ဖေဖော်ဝါရီ ၁၉ ရက်၊ မန္တလေးမြို့၊ Mingalar Mandalay မှာ ညနေ ၄နာရီ ကနေ ၇နာရီအထိ ကျင်းပပြုလုပ် သွားမှာဖြစ်ပါတယ်။

“ဒီအခွေနဲ့ ပတ်သက်ပြီး ပြန်ရမယ့် အကျိုးတွေကို ကျွန်တော် မတွက်ထားပါဘူး။ ဒီအခွေ ရိုက်တဲ့ အချိန်မှာ ရှိုးပွဲတွေဖျော် ဖြေခဲ့တဲ့ ပိုက်ဆံတွေ ကျွန်တော် အများကြီး ထည့်ထားတယ်။ ဒီအမ်တီဗီ ကောင်းသွားဖို့ကို ကျွန်တော် အများကြီး စဉ်းစားတယ်။ အမ်တီဗီ ရိုက်နေရင်း နဲ့ မိသားစု ပြဿနာလေးတွေ၊ အမေနေ မကောင်းလို့ ကုန်ကျ ထားတာလေးတွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာ အကုန်လုံးက ကျွန်တော့်ကို အများကြီး Support ပေးကြလို့ ဒီစိတ်ကူးယဉ် စာအုပ် အခွေလေး ထွက်လာခဲ့တာပါ”လို့ပြောပါတယ်။

အခွေ ထွက်ရှိမယ့်နေ့မှာ ပရိသတ်တွေ အတွက် ရွှေထူးက SH Logo ပါတဲ့ ဦးထုပ်အလုံး ၂ဝဝ၊ လက်ကိုင်ပုဝါ အခု ၂ဝဝ ကို ပထမဆုံး ရောက်လာတဲ့ ပရိသတ် အယောက် ၂ဝဝ ကို လက်ဆောင်ပေးမယ် လို့ဆိုပြီး ကုန်သွားလို့ လိုချင်တဲ့ ပရိသတ်တွေ အတွက်ကိုလည်း Package စီစဉ်ထားပါတယ်။ အဲဒီ Package က စိတ်ကူးယဉ် စာအုပ် အခွေတိုင်းမှာ ရွှေထူးရဲ့ စတစ် ကာအသေးလေး တစ်ခု၊၊ ဦးထုပ်တစ်လုံး၊ ပိုစတာ၊ လက်ကိုင် ပုဝါ အားလုံးကို ၅ဝဝဝကျပ် နဲ့ ရောင်းပေးဖို့ စီစဉ်ထားတယ်လို့ သိရ ပါတယ်။ နောက်ထပ်လည်း သီချင်း အသစ်တွေ ထွက်ရှိလာပါဦး မယ်ဆိုတဲ့ ရွှေထူးက “သီချင်းအသစ် ကတော့ ကျွန်တော် ကြားထဲမှာ လုပ်ထားတာလေး တွေရှိတယ်။ ကြားထဲမှာ သီချင်းတွေထပ် Share ဖို့လည်း ရှိပါတယ်။ အခု ၂လပိုင်းထဲမှာ ကျွန်တော်ရဲ့ စိတ်ကူးယဉ် စာအုပ်ထွက်တယ်။ ပက်ပက်စက်စက်ညှို့ ရုပ်ရှင် ဇာတ်ကားကြီးက လည်း ၂လပိုင်းမှာ ရိုက်ကူး ပြီးသွားပြီ။ ပြီးတာနဲ့ ဒုတိယ အယ်လ်ဘမ် အတွက် သီချင်းတွေ စသွင်းတော့မယ်” လို့ပြောပြခဲ့ပါတယ်။

မျိုးမောင်၊
ဓာတ်ပုံ – မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here