ဒါရိုက်တာဝိုင်း နဲ့ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးမယ့် ဧငြိမ်းဖြူ

0
239

A-Nyne-PhyuLaurel Art အနုပညာ သင်တန်းကျောင်းက သရုပ်ဆောင် ဧငြိမ်းဖြူက အခု လတ်တလောမှာတော့ အဆိုတော် X .box ရဲ့ နာမည်ကြီး သီချင်း “အိပ် ရေးမပျက်စေနဲ့” ကို Cover Dance ပြန်လည်ကပြရင်း အင်တာနက်မှာ တင် လိုက်ရာက လူငယ်ပရိသတ် အကြား အထူး ရေပန်းစားလာပါတယ်။ ဒီသီချင်း ကို Cover Dance ပြန်လည် ပြုလုပ်ဖြစ်ပုံနဲ့ ပတ်သက်ပြီး ဧငြိမ်းဖြူက

X . box သီချင်းလေးကို စထွက်ကတည်းက ကြိုက်တာပေါ့နော်။ အစကတော့ အဲဒီ လောက် မျှော်လင့်မထားပါဘူး။ ညီမ အရင်ကတည်းက ဖေ့ဘုတ်စ်မှာ Cover တွေ တင်ကတည်းက ညီမကို အားပေးကြတယ်။ ဒီဟာလေး တင်ပြီးတော့ ညီမကို မသိသေးတဲ့ သူတွေ သိလာပြီး အား ပေးလာတဲ့ သူတွေ ရှိလာတော့ ကြိုးစားရကျိုး၊ ပင်ပန်းရ ကျိုးနပ်ပါ တယ်”လို့ ပြောပြပါတယ်။

သရုပ်ဆောင် ဧငြိမ်းဖြူက အက ရုပ်ရှင် ဇာတ်ကားကြီး တစ်ကားကို ဒါရိုက်တာဝိုင်း နဲ့ ရိုက်ကူး သွားဖို့ရှိကြောင်း သိရပါတယ်။

“ညီမ အသက် ၈နှစ်အရွယ် လောက်ကတည်းက မြန်မာအက ရော၊ အင်္ဂလိပ်အကရော စကခဲ့တယ်။ နည်းနည်း အသက်အရွယ် ရလာတဲ့ အချိန်ကျတော့ သရုပ်ဆောင်ဘက် ရောက်သွားတယ်။ ဒါပေမဲ့ အခုနောက်ပိုင်း အကဘက်ကို အချိန် အများကြီး မပေးနိုင်ပေမယ့် ညီမအားရင် အားသလို ဖေ့ဘုတ်စ်မှာ အက Cover တွေ တင်ဖြစ်တယ်။ အခု အက ဘက်မှာရော၊ သရုပ် ဆောင် ဘက်မှာပါ အဆင်ပြေအောင် ဆိုပြီး အကရုပ်ရှင် ဇာတ်ကားကြီး ရိုက်ကူးဖို့ ရှိပါတယ်။ ဒါရိုက်တာ ကတော့ ကိုဝိုင်းပါ။ ညီမ က ခေါင်းဆောင် အနေနဲ့ ပါဝင်မှာ ဖြစ်ပြီး Laurel က အစ်ကို၊ အစ်မ တွေလည်း ပါဝင်မှာ ဖြစ်ပါတယ်” လို့ အကနဲ့ ပတ်သက်ပြီး ရိုက်ကူးတော့မယ့် ရုပ်ရှင် ဇာတ်ကား အကြောင်းကို ပြောပြပါတယ်။

ဒီရုပ်ရှင် ဇာတ်ကားက ဧငြိမ်းဖြူရဲ့ ဒုတိယမြောက် ရုပ်ရှင် ဇာတ်ကားဖြစ်ပြီး ပထမ ရုပ်ရှင်ဇာတ် ကားကြီးဖြစ်တဲ့ “ဘာတဲ့လဲဟေ့ …လား” ရုပ်ရှင်ဇာတ် ကားမှာတော့ မြန်မာအကရော၊ အနောက်တိုင်း အကပါ ကပြပြီး ပါဝင် သရုပ်ဆောင် ထားကြောင်း သိရပါတယ်။ ဧငြိမ်းဖြူက နောက် ပိုင်းမှာ သရုပ်ဆောင် ဘက်ကိုသာ ဦးစားပေးလုပ် ကိုင်သွားမှာ ဖြစ်ကြောင်းလည်း သိရပါတယ်။

ဇင်မာနွယ်
ဓာတ်ပုံ – အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here