နှာရည်ယိုရွှဲ လတပို့တွဲ ထမင်းနှဲပွဲ

0
465

HtaMinNaeမြန်မာတို့၏ မျက်မှောက် ခေတ် တပို့တွဲလ၏ ရာသီပွဲသည် ထမင်းနှဲ (ထမနဲ) ပွဲဖြစ်သည်။ တပို့တွဲလသည် ကောက်ဦးပေါ်ချိန် ဖြစ်၍ လဆန်းစချိန်မှ လပြည့်နေ့တိုင် အောင် မြန်မာနိုင်ငံတစ်ဝန်း၊ ကျေး လက်ဒေသ တောရွာ အထိ တောင်သူ လယ်သမားကြီး များသည် ထမင်းနှဲ ထိုးပွဲများကို ဆင်ယင်ကျင်းပလေ့ရှိ ကြသည်။

ထမင်းနှဲပွဲကို အစောဆုံးတွေ့ရှိ ရသော ခေတ်ကား ညောင်ရမ်း (ဒုတိယအင်းဝ) ခေတ် နောက်ပိုင်း ဖြစ်သည်။ ဒုတိယ အင်းဝခေတ် တနင်္ဂနွေမင်း လက်ထက်၌ ထင်ရှား သော စာဆိုတော် တစ်ဦးဖြစ်သည့် ဆီသည်ရွာစား ဦးအောင်ကြီး၏ တပို့တွဲ လူးတားတွင် “ရပ် ရှစ်မျက်နှာ၊ သံဃာတို့အား၊ ဆယ်ပါး ဝတ္ထု၊ ယာဂုအဖျော်၊ ပူဇော်ရွှင်ပြုံး၊ ပွဲမဆုံးလျှင်၊ မီးပုံသဘင်၊ သူကြီးယင် သည်၊ နောင်ချင်နိဗ္ဗာန် ကျွန်းတည့် လေး” ဟု လည်းကောင်း၊ သက္ကရာဇ် ၁၁၁၅ ခုနှစ် ခန့်တွင် အင်ရုံဝန်ကြီး ရေးသားသော ရှေးအင်းဝမင်း အဆက်ဆက်တို့၏ မင်းခမ်းမင်းနား အဆောင်အယောင်နှင့် ရာသီပွဲ စသည်တို့ကို ပြဆိုသည့် လောက ဗျူဟာကျမ်း၌ “ကျီဝန်က ယာဂုအိုး ၁ဝဝဝ နှင့် ထမ်းစင် ၁ဝဝဝ၊ မယ်ဖျူး ၁ဝဝဝ ကို သွေးသောက်စုမြင်းတော် သည် ရွှေပန်းပန် တို့ကြပ်မတ် လှူမြဲ ကျောင်း ဘုရားမှာ တင်လှူသည်” ဟု ရေးသားဖော်ပြထားသည်။ ထို့ ကြောင့် ပညာရှင် တို့သည် ဒုတိယ အင်းဝခေတ် နောက်ပိုင်းတွင် ယာဂု (ထမနဲပွဲ) ကို တပို့တွဲလ၏ ရာသီပွဲ အဖြစ် မီးဖုန်းပွဲနှင့်အတူ တွဲဖက် ကျင်းပနေပြီ ဖြစ်ကြောင်း သတ်မှတ် ကြသည်။

ထမင်းနှဲသည် ကောက်ညှင်း ကို နှမ်း၊ နှမ်းဆီ၊ အုန်းသီး၊ မြေပဲ၊ ချင်း စသည် တို့ဖြင့် စီမံပြုလုပ်ထား သည့် မြန်မာတို့၏ ချို့ဆိမ့်မွှေးသော အစားအစာ တစ်မျိုးဖြစ်သည်။ ကောက်ညှင်း ထမင်းကို ထပ်ခါထပ်ခါ ကော်များ၊ ပတ်စာများနှဲသည်ကဲ့သို့ နှဲရသောကြောင့် ထမင်းနှဲဟု အဓိပ္ပာယ် ရှိရှိ မှည့်ခေါ်ထားခြင်း ဖြစ်သည်။ ယခုအခါ စကားပြောသံ အတိုင်း “ထမနဲ” ဟု ခေါ်ပြောရေး သားကြသည်။ နှမ်းဆီနှင့် နှမ်းနိုင်နိုင် ထည့်ရသည်ကြောင့် “နှမ်းမနဲ” ဟူ၍ လည်း အမည်တွင်သည်။ အချို့အရပ် ၌ ထမင်းနှဲကို “ယာဂု” ဟုလည်း ခေါ်ကြသည်။

မြန်မာ့ရိုးရာ ယဉ်ကျေးမှုပွဲတော် များသည် ဘာသာရေးကို အခြေခံ၍ ကုသိုလ် ရရေး၊ ပျော်ရွှင်ရေးကို အဓိ ကထား ကျင်းပကြသည်။ ထမင်းနှဲပွဲ သည်ကား ကုသိုလ်ရရေး သာမက ကျန်းမာရေး၊ ပျော်ရွှင်ရေးကို အဓိက ဦးတည်ချက် ထားသည်ကို တွေ့ရ မည်။ “အစာလည်းဆေး၊ ဆေးလည်း အစာ” ဆိုသကဲ့သို့ အေးချမ်းသည့် ဥတု ကာလတွင် ထမင်းနှဲသည် ဆေး ဖက်ဝင်သော အစာအဖြစ်ရှေး မြန် မာဆးပညာရှင်များက ဆိုကြသည်။

ထမင်းနှဲသည် ဆီနိုင်၍ အပူ စာချည်းလိုလို ပါဝင်သည်။ တပို့တွဲ လသည် အလွန် ချမ်းအေးပြီး အဆီ ခြောက်ခန်းချိန် ဖြစ်သည်။ ယင်းသို့ ချမ်းအေးပြီး အဆီ ခြောက်ခန်းချိန် တွင် ဆီနိုင်သည့် အပူစာ ထမင်းနှဲကို သုံးဆောင်ပါက အသားအရေ စိုပြည် ပြီး အပူဓာတ် ရရှိနိုင်သည်ဟု ဆိုကြ သည်။ သို့ကြောင့် ရှေးမြန်မာကြီးများ သည် နှာရည်ယိုရွှဲ တပို့တွဲလတွင် ထမင်းနှဲကို ဆေးပညာ ရှုထောင့်မှ ရှုမြင်သုံးသပ်၍ ပြည်သူ့ ကျန်းမာရေး အတွက် တပို့တွဲလ ၏ ရာသီပွဲ အဖြစ် သတ်မှတ် ဖန်တီးခဲ့ဟန် တူသည်ဟု လည်း အချို့ပညာရှင် တို့က ဆိုကြ သည်။

မြန်မာဘုရင် တို့သည် တပို့တွဲလ တွင် မီးဖုန်းပွဲနှင့် အတူ ထမင်းနှဲ (ယာဂု) ပွဲကို နန်းတွင်း၌ ကျင်းပခဲ့ ကြသည်။ မင်းတုန်းမင်း တရားကြီး လက်ထက်တော်၌မူ နန်းတွင်းသာ မက နေပြည်တော် တစ်ခုလုံး၌ ကျင်း ပခဲ့ကြသည်။ နန်းတွင်း၌ ယာဂုကျို သည်နှင့် တစ်ပြိုင်နက် အမြောက်ပစ် ဖောက်သည်။ ထိုအမြောက်ပစ် ဖောက်သည်နှင့် နေပြည်တော်တစ် ဝန်းလုံးရှိ တိုင်းသူပြည်သား အားလုံး တို့သည် နေပြည်တော်မှ ထောက်ပံ့ ပေးသည့် လူတစ်ကိုယ်လျှင် ဆန်တစ် စလယ်၊ ဆီ၊ ဆား၊ နှမ်း စသည် တို့ဖြင့် ကျိုချက် စားသောက်ကြ ကုန်သည်။

ရှေးမြန်မာမင်းများ ဦးစီးကျင်းပ ခဲ့သည့် ထမင်းနှဲ ပွဲများသည် မြေရှင် ပဒေသရာဇ် ခေတ်နှင့်အတူ ပျောက် ကွယ်ခဲ့သည်။ နိုင်ငံသူ၊ နိုင်ငံသား များ၏ ထမင်းနှဲပွဲကား ယနေ့တိုင် တည်ရှိနေသည်။ မျက်မှောက်ခေတ် တွင် မြန်မာ လူမျိုးတို့သည် မိမိတို့၏ အင်အား အလိုက် ထမင်းနှဲပွဲ များကို တပျော်တပါး ကျင်းပလျက် ရှိကြ သည်။ တစ်ဦးချင်းသာမက လမ်း အလိုက်၊ ရပ်ကွက် အလိုက်၊ ကျေးရွာ အလိုက် စုပေါင်းပြုလုပ်သည့် ထမင်း နှဲပွဲများလည်း ရှိသည်။

အချို့က ထမင်းနှဲပွဲကို ပိုမို စိတ် ဝင်စားဖွယ်၊ ပျော်ရွှင်ဖွယ်ဖြစ် အောင် ပြိုင်ပွဲအသွင် ဖန်တီးကျင်းပ ကြသည် လည်း ရှိသည်။ အချို့ဒေသ၊ ကျောင်း များတွင် အမျိုးသားများသာမက အမျိုးသမီးများကိုလည်း ပြိုင်ပွဲ ကျင်း ပပေးကြသည်။

ပြိုင်ပွဲအသွင် ကျင်းပရာတွင် လည်း ထမင်းနှဲအပြိုင်ထိုးကြချိန် တွင် ဒိုးပတ်ဝိုင်းများဖြင့် တီးမှုတ် ကခုန် အားပေးကြသည့် မြင်ကွင်းကို မြင်ရ၊ ကြားရသူတိုင်း ပျော်ရွှင် ကြည်နူးမြူြး<ွကလှသည့် မြန်မာ့ရိုးရာ ယဉ်ကျေးမှုပွဲတော်တစ်ခု ဖြစ်ပေ တော့သည်။

မြတ်မင်းလှိုင်

မှီငြမ်း-
ဦးအေးနိုင် (ဘီအေ)
အစိုးရဓမ္မာစရိယနှင့် စေတိယင်္ဂဏ
(ရွှေတံဆိပ်ရ အဋ္ဌကထာပြန်အကျော်)
ဓမ္မာစရိယ၏ ဆယ့်နှစ်လရာသီ မြန်မာ့ရိုးရာ ရာသီပွဲတော်များ


LEAVE A REPLY

Please enter your comment!
Please enter your name here