လက်ထပ်တော့မယ်လို့ သတင်းများ ထွက်ပေါ်နေတဲ့ ကိုရီးယား ငွေကြယ်ပွင့် နှစ်ဦး

0
244

joo-sang-wook-cha-ye-ryunမင်းသား Joo Sang Wook နဲ့ မင်းသမီး Cha Ye Ryun တို့ နှစ်ယောက်က မတ်လမှာ လက်ထပ်တော့မယ်လို့ အတွင်းသတင်းတွေ အရ သိရပါတယ်။ ဒါပေမဲ့ Joo Sang Wook ရဲ့ တာဝန်ရှိသူက ကောလာ ဟလတွေကို ငြင်းဆိုထားပါတယ်။ Joo Sang Wook ရဲ့ မိသားစုဝင်တွေ နဲ့ Cha ye Ryun ရဲ့ မိသားစုဝင်တွေ ဟာ ရိုးရာအရ လက်ထပ်ပွဲ အ တွက် တွေ့ဆုံ ခဲ့ကြပါတယ်။ သူတို့ စုံတွဲက ပွဲအတွက် သေချာလေး ပြင် ဆင်နေပုံပါပဲလို့ သတင်းပေးချက် အရ သိရပါတယ်။

မိဘချင်း တွေ့ဆုံတယ် ဆိုတာ မဟုတ်ပါဘူး။ မတ်လမှာ မင်္ဂလာဆောင်မယ် ဆိုတာကလည်း မမှန်ကန်ပါဘူးလို့ ဖော်ပြခဲ့တယ်။ Joo Sang Wook နဲ့ Cha Ye Ryun တို့နှစ်ဦးက ၂ဝ၁၅ မှာ “Glamorous Tempation” ဇာတ်ကား ရိုက်ကူးရင်း ဆုံတွေ့ခဲ့ကြကာ ချစ်သူတွေ ဖြစ် သွားကြပေမယ့် ၂ဝ၁၆ မတ်လမှ သူတို့ တွဲနေတာကို မှန်ကန်ကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ သူတို့စုံတွဲကNew York ခရီးစဉ်မှာ ရိုက်ကူးခဲ့တဲ့ ကြင်နာနေကြတဲ့ သူတို့ ဓာတ်ပုံတွေကို instagram မှာ ဝေမျှခဲ့ပါသေးတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here