Crown J နဲ့ Seo In Young တို့ပါဝင်ထားတဲ့ “With You 2” အစီအစဉ် အဆုံးသတ်ခဲ့

0
172

crownအဆိုတော် Crown J နဲ့ မင်းသမီး Seo In Young တို့ နှစ်ယောက်က JTBC ရဲ့ “With you Season 2” မှာ ပါဝင်ခဲ့ပါ တယ်။ ဇန်နဝါရီ ၃၁ ရက်နေ့ ထုတ်လွှင့်တဲ့ အပိုင်းမှာ စုံတွဲက သူတို့ရဲ့ဟန်နီးမွန်း နောက်ဆုံးနေ့ ကို ဒူဘိုင်းမှာ ကုန်ဆုံးခဲ့ကြ ပါတယ်။

သူတို့တွေက ရှော့ပင်းမောမှာ ဖိနပ်ရှာ ဖွေဖို့ဆင်းခဲ့ပြီး ဇိမ်ခံ ဟော်တယ်မှာ ညစာ အတူတူ စားခဲ့ပါတယ်။ Crown J က “၂ဝ၁၆ က သူဘယ်တော့မှ မေ့တော့မှာ မဟုတ်တဲ့ နှစ်တစ်နှစ်ပါ ၊ ၂ဝ၁၇ က ကံကောင်းတဲ့ နှစ်တစ်နှစ် ဖြစ်ပါစေလို့ ဆန္ဒပြုပါတယ်” လို့ ပြောခဲ့ပါတယ်။

ဇနီးနဲ့ လေယာဉ် အတူတူစီးရမှာ နည်းနည်း စိုးရိမ်နေပေမယ့် ခရီးစဉ် အတွင်းမှာ သူတို့ရဲ့ ဆက်ဆံရေးက အများကြီး တိုးတက် လာတယ်လို့ ပြောခဲ့ပါတယ်။ Seo in Young ကလည်း အခုလို ပြန်ဖြေ ခဲ့ပါတယ်။

“ဒီခရီးစဉ်က နှစ်ဦးစလုံး အ တွက် အရမ်းကို ကောင်းတဲ့ ခရီးပါ။ ဒီ ခရီးစဉ် ကျွန်မတို့လည်း သာမန် လူ တွေလို ပျော်ပျော်ရွှင်ရွှင် ခရီးသွား လို့ရပြီလေ”

၃ လကြာ တင်ဆက်ခဲ့တဲ့ အချိန် အတွင်းမှာ သူတို့စုံတွဲက ပရိသတ် အားပေး လက်ခံမှုကို ရရှိခဲ့ပြီး အစီ အစဉ် နောက်ဆုံးနေ့မှာ ပျော်ရွှင်စွာနဲ့ နှုတ်ဆက်ခဲ့ကြပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here