ကိုယ်အလေးချိန် ၁၄ ပေါင် လျှော့ချနိုင်ခဲ့တဲ့ မေပန်းချီ ရဲ့ ဝိတ်ချနည်း

0
190

maypcအလေးချိန် ၁၆၂ပေါင်အထိ ရှိခဲ့တာကြောင့် ကျန်းမာရေး မကောင်းသလို၊ အနုပညာအလုပ် တွေမှာလည်း အဆင်မပြေမှုတွေ ရှိလာတာကြောင့် ဝိတ်ချဖြစ်ခဲ့တယ် လို့ သိရပါတယ်။ ယခင်ပေါင်ချိန် ၁၆၂ပေါင်အထိ ရှိခဲ့တဲ့ မေပန်းချီက ရက်အနည်းငယ်အတွင်း ပေါင်ချိန် ၁၄ပေါင်ချနိုင်ခဲ့ပြီး လက်ရှိ ပေါင်ချိန် ၁၄၈ပေါင်သာရှိတော့တယ်လို့ ပြောပါတယ်။ ဝိတ်ကျနိုင်ဖို့အတွက် ဆေးသောက်၊ ဆေးလိမ်း နည်းမျိုးစုံ ပြုလုပ်ခဲ့ပေမယ့် ဝိတ်ကျသွားခြင်းမရှိဘဲ တဖြည်းဖြည်း ပိုပိုဆိုးရွားခဲ့တယ်လို့ မေပန်းချီက ပြောပါတယ်။

” ပန်းချီက ၁၇၊ ၁၈နှစ်လောက် က ပေါင် ၁၂ဝပဲရှိခဲ့ပါတယ်။ အသက်၂ဝလောက်မှာ တဖြည်းဖြည်းစပြီး ဝလာတယ်။ ပေါင် ၁၃ဝကနေ ပေါင် ၁၄ဝနဲ့ တဖြည်းဖြည်းပေါင် ၁၆ဝလောက်အထိ ဖြစ်သွားခဲ့တယ်။ ပန်းချီက ဝလာပေမယ့် အရပ်နည်း နည်းရှည်တော့ တအားကြီး ပုံမပျက်သွားခဲ့ပါဘူး။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် ဝလာတော့ နေလို့မကောင်း တော့ဘူး။ မောလည်းမောလာတယ်။ အလုပ်လည်း ကောင်းကောင်းမလုပ် နိုင်တော့သလို Fashion လည်း မကျတော့ဘူး။ ဝလာတဲ့အပိုင်းကို အင်္ကျီနဲ့ပဲ ဖုံးထားရတယ်။ ပန်းချီက ခန္ဓာကိုယ်ထွားတော့ ကင်မရာထဲမှာ ပိုလို့တောင် ကြီးသွားတယ်။ ဇာတ်ကားရိုက်ကူးရတော့ Gym ကလည်း မဆော့ဖြစ်ပါဘူး။ အွန်လိုင်းမှာ ညွှန်းတဲ့ဆေးတွေ အကုန်လုံးနီးပါးသောက်ကြည့်တယ်။ တချို့ဆေးတွေဆို တအားပြင်းတော့ ရှုတင်မှာ စကားတောင်မပြောနိုင်ဘူး။ ကတုန်ကယင်တွေဖြစ်ပြီး မူးလည်းမူးတယ်။ ရင်ဘတ်တွေလည်း အောင့်တယ်။ နောက်ဆုံး ပန်းချီ ဆေးရုံတောင် တက်ခဲ့ရပါတယ်” လို့ မေပန်းချီကပြောပါတယ်။

အခက်အခဲတွေ ရှိခဲ့ပေမယ့် ၁၄ပေါင်ချနိုင်တဲ့နည်းကတော့ အစားအသောက်လည်း လျော့စရာ မလိုဘဲ အစားပုံမှန်စားပြီး ၁၅ရက် အတွင်း သိသိသာသာပေါင်ချိန် ကျလာတာပါလို့ ဆိုလာတဲ့မေပန်းချီရဲ့ ဝိတ်ချနည်းလမ်းက ..

” ပန်းချီက ဒီလိုဝိတ်ကျအောင် နှိပ်နယ်တဲ့နည်းကို သုံးတာပါ။ ပန်းချီ သွားသွားအနှိပ်ခံတာ ၁၅ ရက် လောက်ပဲ ရှိပါသေးတယ်။ ဒါပေမဲ့ ရက်မှန်မှန်မသွား ဖြစ်ခဲ့ပါဘူး။ အစားလည်း လျော့စရာမလိုဘဲ ပုံမှန်စားတယ်။ ခန္ဓာကိုယ်အချိုးအစားက နှိပ်ရင်းနဲ့ ပြန်ပေါ်လာတာပါ။ နှိပ်ရင်းနှိပ်ရင်းနဲ့ ပေါင်ကဝလို့ ဖြစ်တဲ့အထစ်အထစ်တွေ လျော့သွား တယ်။ လက်ဆိုရင်လည်းလက်၊ နောက်ကျောဆိုရင်လည်း နောက်ကျော နှိပ်ပြီးသွားရင် သိသိသာသာကျသွားပါတယ်။ တစ်ခါနှိပ် ရင်လည်း နာရီဝက်၊ တစ်နာရီလောက် ပဲ ကြာပါတယ်။ အသား အရေလည်း ခြောက်ကပ်ကပ်မဖြစ်ဘဲ ကျစ်ကျစ် လျစ်လျစ်လေး ဖြစ်သွားပါတယ်။ ဝိတ်ချချင်တဲ့သူတွေ အတွက် ပန်းချီပြောချင်တာက အလွယ်လမ်းနဲ့ ပိန်ဆေးတွေကို အားမကိုးစေချင်ပါဘူး။ အစားအသောက် ဆင်ခြင်ပြီွးပာ ကိုဆော့ရင်ဆော့၊ အားကစား လုပ်ရင်လုပ်ပါ။ ဖြတ်လမ်းကလုပ်မယ်ဆိုရင် နည်းနည်း ကုရ မယ့်ဟာ များများ ကုရတာမျိုးတွေ ဖြစ်တတ်ပါတယ်” လို့ပြောပါတယ်။

မြတ်မိုးပွင့်၊ Photo -Thein Zaw Win


LEAVE A REPLY

Please enter your comment!
Please enter your name here