လူငယ်ရော့ခ်ကာ တို့ အတွက် Wanted ရဲ့ပွဲ

0
285

wantedလူငယ် ရော့ခ် ပရိတ်သတ်တို့ အကြိုက် Rock Band တစ်ခုဖြစ်တဲ့ Wanted တီးဝိုင်းရဲ့ ပထမဆုံး One Band Show ကိုEverybody’s Wanted Rock Show ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖေဖော် ဝါရီလ ၁၈ ရက်နေ့ ကန်တော်ကြီး မျှော်စင်ကျွန်းမှာ ကျင်းပပြုလုပ် တော့မှာ ဖြစ်ပါတယ်။

၂ဝဝ၃ ခုနှစ်က စတင် ဖွဲ့စည်းခဲ့တဲ့ Wanted အဖွဲ့ဟာ အခု ဝိုင်း သက်တမ်း ၁၄ နှစ်နီးပါး အကြာမှာ သူတို့ရဲ့ပထမဆုံး One Band Show ကို ဖျော်ဖြေဖို့ စီစဉ်ခဲ့ပြီ ဖြစ်ပါ တယ်။ ဒီပွဲရဲ့ လက်မှတ်များ ကိုတော့ ၉ဝဝဝ ကျပ်နဲ့ ရောင်းချပေးမှာ ဖြစ်ပြီး ပထမဆုံး လက်မှတ် ဝယ်ယူတဲ့ ပရိသတ် အယောက် ၅ဝဝ အ တွက်လည်း တီရှပ် လက်ဆောင်များ စီစဉ်ထားတယ်လို့ သိရပါတယ်။

“ဒီပွဲလုပ်မယ်၊ လုပ်မယ်နဲ့ လွယ်လွယ်နဲ့ မလုပ် ဖြစ်ခဲ့ဘူး။ အဲ့ဒီလိုနဲ့ အချိန်ကြာသွားတယ်။ အဲဒါ ကြောင့် ဒီပွဲ အတွက် ရင်ခုန်ပါတယ်။ ဒီပွဲမှာ ကျွန် တော်တို့ ပထမဆုံး ထွက်ခဲ့ပြီး လူသိပ် မသိလိုက်တဲ့ စီးရီး “ရောင်ခြည်” ထဲက သီချင်း တော်တော်များ များလည်း သီဆိုမယ်။ အားလုံးပေါင်း သီချင်းအပုဒ် ၃ဝ လောက် သီဆိုမှာပါ” လို့ Wanted Band က ဖော်ကာ က သူတို့ဝိုင်း ရဲ့ ပွဲနဲ့ပတ်သက် လို့ပြောပါ တယ်။ Wanted တီးဝိုင်းရဲ့ ဖျော်ဖြေပွဲမှာ တော့ Dusty Way, Sarah စတဲ့ တီးဝိုင်းများ နဲ့အတူ သရုပ်ဆောင် မင်းသွေး တို့ကလည်း မိတ်ဖက်တီး ဝိုင်းများအဖြစ် ပါဝင် သီဆိုကြမှာဖြစ်ပြီး လက်မှတ် များကိုတော့ ဖေဖော်ဝါရီလ ၁ဝ ရက်နေ့က စတင် ကာ ရောင်းချလျက် ရှိကြောင်းလည်း သိရပါတယ်။ လက်မှတ်များကို မန်းသီရိ တေးသံသွင်း၊ City Mart ဆိုင်ခွဲများ၊ Nobody ဆိုင်ခွဲများမှာ ဝယ်ယူ ရရှိနိုင်ကြောင်းလည်း သိရပါတယ်။
P054
ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here