ချက်မယ်၊ ပြုတ်မယ် ခင်သဇင် ရဲ့ ဟင်းတစ်မယ်

0
371

khintz5

ဒီတစ်ပတ် ပေါ်ပြူလာရဲ့ စားမြိန်ဖွယ်ရာ အစားအစာကဏ္ဍမှာ သရုပ်ဆောင်ခင်သဇင် ကိုယ်တိုင်ချက်ပြုတ်တဲ့ စိတ်ကြိုက်အစားအစာ ဟင်းလျာများ အကြောင်းနဲ့ နေ့စဉ်မိသားစု ထမင်းဝိုင်းလေး လက်ဆုံစားသုံးရာမှာ အမြဲချက်ပြုတ်စားသုံးလေ့ရှိတဲ့ အစားအစာဟင်းလျာတွေအကြောင်း တင်ဆက်ပေးလိုက် ပါတယ်။

khintz

ယနေ့ချက်ဖြစ်တဲ့ ဟင်းလျာ

ဒီနေ့ ကြက်သားနဲ့ ဘူးသီးကာလသားဟင်း၊ သရက်ချဉ်သုပ်၊ ငန်ပြာရည်ချက်ပါ ပါတယ်။ ဇင်က မြန်မာ ဟင်း ကြိုက်တယ်။ အဆီတအားများတာ မစားဘူး။ ဟင်းတွေ အများကြီးနဲ့လည်း မစားဘူး။ ဇင်က တကယ်တော့ တအားချိုပြီး အနှစ်နဲ့နယ်ဖတ်ပြီး ဆီများများစားရတာကို ကြိုက်တယ်။ ဒါပေမဲ့ ဇင်က ကိုယ့် ကျန်းမာရေးရယ်၊ အလှအပအတွက် အကုန်လုံး အတွက်ဆိုပြီး အဆီနည်းတဲ့ဟင်းကို ရွေးပြီးစား ဖြစ် တာများတယ်။ ဇင်က ကိုယ်နဲ့မစားသင့်ဘူးဆိုတဲ့ အစားအစာတွေ မစားဘူး။ ကိုယ်နဲ့ စားသင့်တဲ့ အစားတွေပဲ ရွေးပြီးစားဖြစ်တယ်။ စားသင့်တဲ့ အစား အစာတွေက ကိုယ်ကြိုက်တဲ့ အစားတွေ လားဆို တော့လည်း မဟုတ်ဘူး။ ကိုယ်ကြိုက်တဲ့ အစားအစာတွေက မစားသင့်တဲ့ အစားအစာတွေ။

khintz2

အိမ်ထမင်း၊ အိမ်ဟင်းက ဘေးအကင်းဆုံးပဲ

ဇင်ခံယူထားတာကတော့ အိမ်ကအစားအစာက ဘေးအကင်းဆုံးပါ။ ကိုယ်တိုင်စီမံပြီး ချက်ထားတာတွေက ဘာတွေပါလဲဆိုတာကို ကိုယ်သိတော့ စားရတှာလေန ဖြစ်တယ်။ အပြင် က အစားအစာတွေက စားလို့ကောင်းတာမှန်ပေမယ့် ဘာတွေ ထည့်ချက်လဲဆိုတာ ကိုယ်မမြင်ရဘူး။ အမြဲ ရေရှည်စားမယ်ဆိုရင် အိမ်ဟင်း၊ ထမင်းက အကောင်းဆုံးပါ။

khintz3

တစ်နေ့ကို ထမင်းတစ်ကြိမ်ပဲစား တယ်

ဇင် တစ်နေ့ကို ထမင်းတစ်ကြိမ်ပဲ စားတယ်။ Breakfast ကို ထမင်းမစားဘူး။ ဟိုးငယ်ငယ်တုန်းကတော့ ပေါင်မုန့်ကို ထောပတ်တွေ၊ ချိစ်တွေနဲ့စားတယ်။ အခုတော့ အဲဒီလို မစား တော့ဘူး။ ဇင် အသက် ၂၅ ကျော်လာတဲ့အခါမှ ပေါင်မုန့် အကြမ်းကို စားဖြစ်လာတယ်။ ကိုယ့် မျက်စိရှေ့မှာဖြစ်နေတဲ့ ရောဂါတွေ ကို ကိုယ်မြင်ခဲ့ရတယ်။ နောက်ဆုံး ကိုယ့်မိဘ၊ ဆွေမျိုးတွေကအစ မြင်လာတော့ ဇင်ကြောက်လာတယ်။ ဇင်တို့က မန္တလေးသူဖြစ်တဲ့အတွက် အကြော် တွေကို ထမင်းနဲ့စားရတာ ကြိုက်တယ်။ တကယ်တမ်းကျတော့ ဒီအကြော်တွေက သန့်မှမသန့်တာ။ ဇင်တို့အဖေ ကင်ဆာ ဖြစ်သွားတာ ဒီအကြော်တွေကြောင့်ပဲ။ ဇင်က အဲဒီအလေ့အကျင့်တွေကို ဖျောက်လိုက်ပြီး ဇင့်ရဲ့ Life Style ကို ချိန်းလိုက်တယ်။ ဇင်သေမယ်ဆိုရင် ရောဂါနဲ့ မသေချင်ဘူး။

တွယ်တာ၊ ဓာတ်ပုံ – အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here