မိခင်ဘဝမှာ ပျော်ရွှင်နေတဲ့ Janet Jackson

0
165

Janet-Jackson_VittorioZuninoCelottoJanet Jackson နဲ့ Wissam Al Mana တို့ရဲ့ သားဦးလေး Elissa Al Mana ကို ဇန်နဝါရီ ၃ ရက်နေ့က မွေးဖွားခဲ့ပါတယ်။ Janet ကတော့ ကလေးကို ကျန်းကျန်းမာမာ မွေးဖွားနိုင်ခဲ့တဲ့ အတွက် အေးအေးဆေးဆေး အနားယူနေတယ် လို့ တာဝန်ရှိသူ တစ်ဦးက ပြောပြခဲ့ပါတယ်။ မွေးဖွားပြီး ၃ ပတ် အကြာမှာတော့ အသက် ၅ဝ ရှိပြီ ဖြစ်တဲ့ Janet ဟာ ကလေး အသုံး အဆောင်တွေ ဝယ်ဖို့အတွက် ပထမဆုံး ဈေးဝယ် ထွက်လာ ခဲ့ပါတယ်။ Janet က သိုသိုသိပ်သိပ် နေတတ်သူ တစ်ဦးဖြစ်ပြီး ကုန်တိုက် မန်နေဂျာ ကတောင် ပစ္စည်းတွေကို ကူသယ်ပေးခဲ့ကာ Janet ကို ကြည့်ရတာ ပျော်ရွှင်ပြီး ကျန်းမာ နေပုံပါပဲလို့ E! News အရ သိရပါတယ်။

Janet နဲ့ Wissam တို့ နှစ်ယောက်က ၂ဝ၁ဝ မှာ တွေ့ခဲ့ကြပြီး ၂ဝ၁၂ မှာ တိတ်တဆိတ် လက်ထပ် ခဲ့ကြပါတယ်။ တစ်ယောက်ကို တစ်ယောက်ပေးတဲ့ မင်္ဂလာ လက်ဆောင်ကတော့ မိဘမဲ့ဂေဟာကို လှူဒါန်းတာပါတဲ့။ ကလေးတွေ က Janet အတွက် အမြဲအရေးပါခဲ့ပြီး သူငယ်ချင်းတွေ ကတောင် Janet မင်းက မိခင်ကောင်း တစ်ယောက် ဖြစ်နိုင်တယ်လို့ မှတ်ချက်ပေးလေ့ ရှိပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here