Justin Bieber ကို သရုပ်ဆောင်ပိုင်းမှာ မြင်ရတော့ မှာလား

0
167

Justin-bieber-newJustin Bieber က T-Mobile ကြော်ငြာနဲ့ အတူ ပရိသတ်ထံ ပြန်လာ ခဲ့ပါတယ်။ ထူးခြားပြီး ချစ်စရာ ကောင်းတဲ့ ကကွက်လေး တွေကြောင့် ပရိသတ်များကို ဖမ်းစားနိုင်ခဲ့ပါတယ်။ YouTube စတား Piko Taro နဲ့အတူ Japanese Commercial မှာ ပါဝင်ခဲ့ပါသေး တယ်လို့ သိရ ပါတယ်။ Justin ကပထမဆုံးကြော်ငြာ မှာ သူရဲ့ပျော်ရွှင်မှု အစစ် အမှန်ကို ရှာဖွေတွေ့ရှိခဲ့ ပါတယ်။ ဒါကတော့ သရုပ် ဆောင်ခြင်းပါပဲ။

ဒီနှစ် အစောပိုင်းတွေမှာ BieBer အတွက် အတော်လေး ခက်ခဲ ခဲ့တာပါ။ သူဟာ သူရောက်ရှိနေတဲ့ ကျော်ကြားမှု နယ်ပယ်မှာ အကျွမ်း တဝင်မရှိဘဲ အတော်လေး ပင်ပန်း ခဲ့ပုံပါပဲ။ Justin က pop သီချင်း တွေ သီဆိုရာမှာ တော်ရုံသာမက ဟာသဥာဏ်ရွှင်သူတစ်ဦးပါ။ အဆိုလိုင်းရော သရုပ်ဆောင် ပိုင်းမှာပါ ထူးချွန်ခဲ့တဲ့ Will Smith ၊ Mark Wahlberg ၊ Rihanna ၊ Harry Styles တို့ လိုမျိုး Justin ကိုလည်း ကြော် ငြာတွေမှာ စတင်တွေ့နေ ရပါပြီ။ မကြာခင်မှာပဲ ရုပ်ရှင် တွေမှာ မြင်တွေ့ရဖို့ မျှော် လင့်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here