ဇာတ်ကားရိုက်ကူးမှုအပိုင်းမှာ သိပ်တွေ့ရမှာ မဟုတ်တော့ကြောင်း မိုးဟေကို ပြော

0
277

moeh

မိုးဟေကိုက သူ့ရဲ့ကိုယ်ပိုင်ထုတ်လုပ်ရေးဖြစ်တဲ့ “မိုး” ရုပ်ရှင်ထုတ်လုပ်ရေးအတွက် ဇာတ်ကားတွေကို ဧပြီလကစပြီး ရိုက်ကူးသွားဖို့အတွက် စီစဉ်နေပါတယ်။ ထုတ်လုပ် ရေးနဲ့ပတ်သက်ပြီး မိုးဟေကိုက ..

” ၄လပိုင်းကစပြီး မိုးထုတ်လုပ်ရေးအတွက်ကို ဇာတ်ကားရိုက်ကူးဖို့ ဆက်တိုက် ချိတ်ထားတယ်။ မိုးကိုယ်တိုင် ရိုက်ကူးဖို့၊ မရိုက်ကူးဖို့ မသေချာသေးပါဘူး။ ဇာတ်လမ်း ရွေးချယ်မှုအပိုင်းကတော့ သရုပ်ဆောင်လုပ်ကတည်းက မိုးကြေး(ဂျီး)များတယ်။ ကိုယ့် ထုတ်လုပ်ရေး အတွက်လည်း ကြေး (ဂျီး)များတယ်။ မိုး ဇာတ် လမ်းကို သေချာစိစစ် ရွေးဖြစ်ပါတယ်” လို့ ပြောပါတယ်။

မကြာခင်ကလည်း မိုးဟေကိုက ခရေဖြူထုတ်လုပ်ရေးက ရိုက်ကူးပြီး ဒါရိုက်တာစတီးလ် ရိုက်ကူးပုံဖော်တဲ့ “အလှည့်” ရုပ်ရှင်ဇာတ်ကားကြီးကို ဇင်ဝိုင်း၊ မြင့်မြတ်၊ နေမင်း၊ ထူးခြားတို့နဲ့အတူ ပြင်ဦးလွင်မှာ သွားရောက် ရိုက်ကူးခဲ့ကြောင်း သိရပါတယ်။ ဒီဇာတ်ကားရိုက်ကူးဖြစ်ပုံနဲ့ ပတ်သက်ပြီး မိုးဟေကိုက ..

” သူတို့မိုးကို ရိုက်ကူးဖို့ပြောထားတာ ကြာပြီ။ ပြီးတော့ နယ်မှာလည်း ငါးရက်လောက်ပဲ ရိုက်ပေးရမယ်လို့ ပြောလို့ရိုက်ကူးဖြစ်တာ။ မိုးက နယ်တွေမှာ သိပ်မရိုက်ကူးဖြစ် တော့ဘူး။ ဒီမှာလည်း အမေ့ကျန်းမာရေးက ရှိတော့ နယ်မှာရိုက်ကူးရတဲ့ ဇာတ်ကားဆိုရင် မိုးလုံးဝမရိုက်ကူးဖြစ်ဘူး။ ရန်ကုန်မှာဆိုလည်း ကိုယ်ကြိုက်တဲ့ဇာတ်ကို ဦးစားပေး ရိုက်ကူးတာများတယ်”လို့ ပြောပါတယ်။ ဇာတ်ကားရိုက်ကူးမှုတွင် သိပ်မလုပ်ဖြစ်တော့ပေမယ့် စီးပွားရေးဘက်ကို ဦးစားပေး လုပ်ဖြစ်နေတဲ့ မိုးဟေကိုက သူငယ်ချင်း တွေနဲ့စုပြီး စီးပွားရေးအသစ်လုပ်ဖို့ရှိကြောင်း ပြောပါတယ်။ ” သူငယ်ချင်းတွေနဲ့စုပြီး စီးပွားရေးအသစ်လုပ်ဖို့ရှိတယ်။ နီးရင်ပြောပြသွားမှာပါ။ နောက်ပြီး မိုးရဲ့ ပိုးထည်ဆိုင်ကို ၄လပိုင်းကုန်ရင် ဆိုင်နေရာပြောင်းရွှေ့ပြီး ဖွင့်လှစ်မယ်။ ဘောက်ထော်ဘက်ကို ပြောင်းမှာပါ။ စီးပွားရေးရော၊ အနုပညာရော ၂ခုစလုံးကိုတော့ မျှပြီး လုပ်သွားမယ်။ ဒါပေမဲ့ ကားရိုက်ကူးမှုဘက်မှာတော့ မိုးကိုသိပ်တွေ့ရတော့မှာ မဟုတ်ဘူး’ လို့ ပြောပါတယ်။

တွယ်တာ
ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here