အိန္ဒိယ ရုပ်ရှင်သမိုင်းတစ်လျှောက် အအောင်မြင်ဆုံး မင်းသားစာရင်းဝင်ခဲ့သူ Akshay Kumar

0
327

akshay-kumar-2-story_647_090915013613 copy

Akshay Kumar  က ကနေဒါ နိုင်ငံ သားတစ်ဦးဖြစ်ပြီးFilmfare Awards   ကို အကြိမ်ပေါင်းများစွာ လျာထားခြင်း ခံရသူပါ။ ၁၉ ၉ ဝ မှာ အနုပညာအလုပ်တွေကို စတင်လုပ် ကိုင်ခဲ့ပြီး “Khiladi series ”  ဇာတ်ကားတွေနဲ့  နာမည်ရလာခဲ့သူပါ။ အဲ့ဒီနောက်အက်ရှင် ဇာတ်ကား များဖြစ်တဲ့ Waqt Hamara Hai (1993) ၊  Mohra (1994) ၊ Suhaag (1994) ၊  Elaan (1994) ၊ Sapoot (1996)  တို့ကို ရိုက်ကူးခဲ့ပါ တယ်။ Kumar  က ဇာတ်လမ်း တွဲ ၊ အက်ရှင် ၊ ဟာသ ၊ အချစ်ဇာတ်လမ်းများစွာ ကို ရိုက်ကူးခဲ့သူပါ။ ၂ဝဝ၇ မှာတော့ ရိုက်ကူးခဲ့ တဲ့ ဇာတ်ကား ၄ ကားလုံး အောင်မြင်မှုရရှိခဲ့ပြီး ၂ဝ၁၂ မှာHousefly  (၂ဝ၁၂) ဇာတ်ကားနဲ့ Rowdy Rathore (၂ဝ၁၂) ဇာတ်ကားတို့က ၁၅ သန်းကျော် အမြတ်ရရှိခဲ့တယ်လို့ သိရ ပါတယ်။

ထပ်မံရိုက်ကူးခဲ့တဲ့ OMG ၊  Holiday ၊ Gabbar Is Back ၊ Airlift  ၊ Housefull 3    ဇာတ်ကားများက လည်း Akshay Kumar     အောင်မြင်မှု ထပ်မံရရှိအောင် စွမ်းဆောင်ပေး နိုင်ခဲ့ပါတယ်။ ဖေဖော်ဝါရီ ၂ဝ၁၃ မှာ မီဒီယာ အချို့က Kumar ထုတ်လုပ်ရေးရဲ့
အမြတ်ငွေက ဒေါလာ သန်း ၃ဝဝ ရှိနေပြီလို့ ဖော်ပြခဲ့ပါတယ်။ Box office India  ရဲ့ ထုတ်ပြန်ချက်အရKumar ဟာ အိန္ဒိယ ရုပ်ရှင် သမိုင်းတစ်လျှောက် အအောင်မြင်ဆုံး  မင်းသားစာရင်းဝင် တစ်ဦး ဖြစ်တယ် လို့သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here