ကျွန်တော်က ချစ်တော့ နားမလည်ရင်တောင် နားလည် ပေးရတာပေါ့ အောင်လ

0
213

MIN_6144ဖေဖော်ဝါရီလ ၁၄ရက် ချစ်သူများနေ့မှာ ချစ်သူနဲ့အတူ ပျော်ရွှင်စွာတွေ့ရတဲ့ အောင်လက Valentine’s Day မှမဟုတ်ဘဲ နေ့တိုင်းက သူတို့ နှစ်ဦး အတွက်  Valentine’s Day ပါပဲလို့ ဆိုပါတယ်။  “သူနဲ့ပတ်သက်ရင် နေ့တိုင်းက Valentine’s Day ပါပဲ။ ဒီနေ့ကတော့ ကျွန်တော်တို့ နှစ်ယောက် ဆိုင်တစ်ဆိုင်မှာ ညစာ သွားစားကြမယ်။ ဘယ်သူမှမပါဘူး။ ကျွန်တော်တို့ နှစ်ယောက်တည်း ပါပဲ။ ဒီနေ့က အမှန်အတိုင်း ပြောရရင် ကျွန်တော်တို့ မြန်မာ လူမျိုးတွေနဲ့ သိပ်တော့ မဆိုင်ပါဘူး။ Valentine’s Day မှမဟုတ်ဘူး။ အတွဲတွေဖြစ်လာ ပြီဆိုရင် တစ်ယောက်နဲ့ တစ်ယောက် နားလည်မှု ရှိရမယ်။ အဓိက နံပါတ် တစ်အရေးကြီးတာက ချစ်ခြင်း မေတ္တာ၊ ဒုတိယ အရေးကြီးတာက တစ်ယောက် နဲ့တစ်ယောက် နား လည်မှုနဲ့ ပေးဆပ်မှုပါပဲ။ အဲဒါတွေ မျှအောင်လုပ် သွားနိုင်ရင်တော့ နေ့တိုင်းက အားလုံး အတွက် Valentine’s Day ဖြစ်မှာပါပဲ” လို့ ပြောပါတယ်။

ချစ်သူ ဝိုင်းစုခိုင်သိန်း နဲ့ ပတ်သက်ပြီး သူ့ရဲ့ အမြင်ကို မေးတော့ …”သူက ဇွတ်လုပ်တတ် တယ်။ တစ်ခါတလေ ကျရင် သူ့နောက်ကို အမီ လိုက်ရတယ်။ ကျွန်တော်က အိုင်ဒီယာလေး တစ်ခုခု၊ ဥပမာ အလုပ်တစ်ခုခု ပဲဖြစ်ဖြစ် စဉ်းစား မိလိုက်ရင် သူကချက်ချင်း လုပ်မယ်ဆို တာချည်းပဲ။ သူက စိတ်နည်းနည်း ဆတ်တယ်။ အဲဒါလေးတော့ ရှိတယ်။ သူနဲ့ ပတ်သက်ပြီး အမှတ် တရတွေ ကတော့ အများကြီးပါပဲ။ ကျွန်တော် တို့ ဟိုးအရင် ချစ်ကြိုက်ခဲ့တုန်းကလည်း ကျွန်တော်တို့ နှစ်ယောက်ကြားမှာ အမှတ်တရတွေ ရှိပါတယ်။ အဲဒါကတော့ Secret  ပေါ့နော်” လို့ပြောပါတယ်။

ချစ်သူတိုင်းမှာလည်း အနာဂတ် စိတ်ကူးတွေ ရှိတဲ့အတွက် သူတို့နှစ်ဦး ရှေ့ဆက်သွားမယ့် အနာဂတ် စိတ်ကူးကို မေးကြည့်တော့ “အနာဂတ်က ကြိုပြောရင် ပျက်တတ်တယ် (ရယ်လျက်)၊ ရှိပါတယ်။ ကျွန်တော်တို့ plan လေးတွေတော့ ချထားတာရှိတယ်။ ဒါပေမဲ့ အဲဒီ အတိုင်း ဖြစ်လာမလားတော့ မသိသေးဘူး။ ကျွန်တော်တို့နှစ် ယောက်ကတော့ နားလည်မှုနဲ့ ရှေ့ဆက်သွားကြမှာပါ။ ကျွန်တော်က ချစ်တော့ နားမလည် ရင်တောင် နားလည် ပေးရတာပေါ့။ Relationship တစ်ခုမှာ ချစ်ခြင်း မေတ္တာက အရေး ကြီးဆုံးပဲ။ တစ်ယောက် နဲ့ တစ်ယောက်က အမြဲတမ်း ရင်ခုန်နေဖို့ လိုအပ်တယ်။ ဝေးနေလို့လည်း သိပ်မရသလို တအား ကြီးနီးနေပြန်ရင်လည်း မရဘူး။ အလယ် အလတ်လေးပေါ့။  အဓိကတော့ ရင်ထဲမှာ ရှိတဲ့ ချစ်ခြင်းတရား နဲ့ နားလည်မှုက အရေးကြီးဆုံးပါပဲ” လို့ပြောပါတယ်။

သူတို့ချစ်သူ နှစ်ဦးစလုံးက ဂီတ အနုပညာရှင်တွေ ဖြစ်တာ ကြောင့် သီချင်းတွေလည်း အတူဖန်တီး သွားဖို့ရှိသလို ဝိုင်းစုခိုင် သိန်းကိုလည်း ဂီတပိုင်းမှာ ပံ့ပိုးကူညီ သွားဖို့ရှိကြောင်းကိုလည်း အောင်လ က…

“အဓိကတော့ ကျွန်တော်က မြူးဇစ်နဲ့ ပတ်သက်ပြီး ပံ့ပိုးနိုင် အောင် ကြိုးစားနေပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် သူသီချင်း ဆိုရင်တောင် ကျွန်တော် အသံဖမ်းပေးတာမျိုး၊ သူ့အတွက် ကျွန်တော် သီချင်းတွေ ရွေးပေးတာမျိုး၊ သူမြူးဇစ် ကို ပိုလုပ်လို့ရ အောင် အတီးပိုင်းတွေ သင်ပေး တာမျိုး၊ ကျွန်တော် အများကြီး ပံ့ပိုးနိုင်ပါတယ်။ ကျွန်တော်တို့ နှစ်ယောက် အနုပညာ အတူ ဖန်တီးဖို့ ကလည်း အခုတော့ plan ချထား တာရှိပါတယ်။ သူနဲ့ ကျွန်တော် လိုက်ဖက်မယ့် မြူးဇစ်ပေါ့။ သူနဲ့ ကျွန်တော်က မြူးဇစ်ပုံစံ စတိုင်ချင်း သိပ်မတူဘူး။ ကျွန်တော်က Rock၊ သူက Pop လိုင်းဆိုတော့ အဲဒီနှစ်ခုကြား ထဲကို မျှအောင် ထည့်ပြီး လုပ်နေပါ တယ်” လို့ပြောပါတယ်။

အောင်လက “အသုံးတော်ခံ” လို့ နာမည်ပေးထားတဲ့ တတိယ မြောက် တစ်ကိုယ်တော် ခွေကို ဒီလကုန်မှာ ထွက်ရှိဖို့ ကြိုးစားနေပြီး ဒီလမှာ မထွက်ဖြစ်ရင်တော့ မေလမှာ ထွက်နိုင်ရှိဖို့ ကြိုးစား သွားမှာ ဖြစ်ကြောင်း ပြောပါတယ်။ မြူးဇစ် နဲ့ ပတ်သက်ပြီး ဘယ်တော့မှ မလျှော့သွားဘဲ အိမ်မှာလည်း အမြဲတမ်း လေ့ကျင့်ဖြစ်ပြီး ဒီထက် ပိုပြီး အားရ ကျေနပ်မှု ရှိအောင် ကြိုးစား သွား မှာ ဖြစ်ကြောင်း ပြောပါတယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here