တူနှစ်ကိုယ် ရှေ့ခရီးလမ်း ကို နားလည်မှုတွေနဲ့ ရှေ့ဆက်သွားမယ့် မြင့်မြတ် နဲ့ ခင်သူအောင်

0
120

ZAW_0380သရုပ်ဆောင် မြင့်မြတ်နဲ့ ခင်သူအောင် တို့ရဲ့ မင်္ဂလာဧည့်ခံပွဲကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့၊ နံနက် ၉နာရီ အချိန်က နိုဗိုတယ်ဟို တယ်၌ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါပွဲမှာ မင်္ဂလာပန်းကြဲ အဖြစ် အကယ်ဒမီ ဖွေးဖွေး၊ မင်္ဂလာပန်းကုံး ဗန်းကိုင် အိချောပို၊ မင်္ဂလာ လက်စွပ် ဗန်းကိုင် ပိုင်ဖြိုးသု၊ သတို့သား အရံ များ အဖြစ် အကယ်ဒမီ ခန့်စည်သူနှင့် ရာဇာ နေဝင်း၊ သတို့သမီး အရံ အဖြစ် ယုသန္တာတင်နှင့် ရွှေသမီး တို့က ဆောင်ရွက်ပေးခဲ့ကြပါတယ်။ ဆက်လက်ပြီး မင်္ဂလာပန်းကုံး ကိုတော့ အကယ်ဒမီ လူမင်းနှင့် ဇနီး ခင်စံပယ်ဦး တို့က ချီးမြှင့် ပေးခဲ့ပြီး မင်္ဂလာလက်စွပ် ကိုတော့ အကယ်ဒမီ ပြေတီဦးနှင့် ဇနီး အကယ်ဒမီ အိန္ဒြာကျော်ဇင် တို့က ချီးမြှင့်ပေးခဲ့ကြပါတယ်။ အိမ်ထောင်ကျ ပြီးတဲ့ နောက်ပိုင်းလည်း အနုပညာအလုပ် တွေ ပဲ ဆက်လုပ်သွား မှာဖြစ်ကြောင်းနဲ့ ပတ်သက်ပြီး မြင့်မြတ်က

ZAW_0403“ကျွန်တော်က ဘာမှ ပြောင်းလဲ သွားမှာ တော့မဟုတ်ပါဘူး။ အရင် အတိုင်းပါပဲ။ ဇာတ် ကားတွေပဲ ဆက်တိုက် ရိုက်ကူးသွား မှာပါ။ တခြား စီးပွားရေးတော့ လုပ်ဖို့ မရှိပါဘူး။ သရုပ်ဆောင် အ လုပ် ကိုပဲ ဆက် လုပ်ကိုင် သွားမှာ။ အဓိက က တော့ တစ်ယောက် နဲ့ တစ်ယောက် နားလည်မှု တွေ နဲ့ ရှေ့ဆက် သွားမှာပါ” လို့ ပြောပါ တယ်။

အဆိုပါ မင်္ဂလာဧည့်ခံပွဲ အတွက် မိတ်ကပ် မေဦး၊ ဝတ်စုံမျိုးမင်းစိုး၊ ပန်းအလှဆင် လင်း လင်း၊ ရတနာ Zar & Diamond တို့က ကူညီ ပံ့ပိုးပေးခဲ့ကြောင်း သိရပါတယ်။

ZAW_0406


LEAVE A REPLY

Please enter your comment!
Please enter your name here