‘မြန်မာပေါကားတွေရပ် ‘ စပြီ

0
418

DSC_0183 copy

လင်းဇာနည်ဇော်နဲ့ အစ်မ ဖြစ်သူ ချစ်ချစ်ဇော်တို့ ကိုယ်ပိုင် ထုတ်လုပ်ရေးကနေပြီး စီစဉ်ရိုက်ကူး တဲ့ ရုပ်ရှင်ဇာတ်ကားကြီး ‘မြန်မာ ပေါ ကားတွေရပ်’ ရုပ်ရှင်ဇာတ်ကား ကြီးကိုတော့ စတင်ရိုက်ကူးလျက် ရှိနေပြီ ဖြစ်ပါတယ်။ ဒါရိုက်တာ ကတော့ မိုက်တီးဖြစ်ပါတယ်။ ပါဝင် တဲ့ သရုပ်ဆောင်တွေကတော့ အရိုင်း၊ ခင်လှိုင်၊ ကျော်ထူးတို့နဲ့အတူအကယ်ဒမီ ကျော်သူ ၊ဇာဂနာ၊ အကယ်ဒမီလူ မင်း၊ အကယ်ဒမီပြေတီ ဦး၊နေမျိုး အောင်၊ ခိုင်သင်းကြည် ၊ အိန္ဒြာကျော် ဇင်၊ ဆုပန်ထွာ၊ ဧရာ၊ ညောင်ညောင်၊ ဒိန်းဒေါင်တို့က ပါဝင်သရုပ်ဆောင် ပေးနေကြ တာဖြစ်ပါတယ်။

DSC_0172 copy

“အစပိုင်းမှာတော့ ဇာတ်လမ်း သဘောက ဟာသဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ကားလုံးကို ခြုံကြည့် လိုက်ရင်တော့ ကောင်းတာ လုပ် ရင် ကောင်းတာဖြစ်မယ်ဆိုတဲ့ သဘောကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဒီဇာတ် လမ်းလေးကိုတော့ အစ်မတို့ရဲ့ အစ် ကို ကိုမိုက်တီးက ရွေး ချယ်ခဲ့တာပါ။ ပျော်ပျော်ပါးပါးလေးလည်း ဖြစ်မယ့် ဇာတ်ကားလေးတစ်ကားပါ” လို့ စီစဉ် သူတစ်ဦးဖြစ်သူ လင်းဇာနည်ဇော်က   ပြောပြပေးပါတယ်။

‘မြန်မာပေါကားတွေရပ်’ ရုပ်ရှင် ဇာတ်ကားကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့က စတင်ရိုက်ကူးတာဖြစ်ပြီး မရိုက်ကူးခင် ရက်ပိုင်းတုန်း ကတော့ ဒါရိုက်တာ မိုက်တီးက သူရဲ့ဖေ့စ် ဘုတ်စာမျက်နှာထက်မှာ…

“မြန်မာပေါကားတွေရပ်ဆို တော့ ကျွန်တော်စဉ်းစားကြည့်တယ်၊ မြန်မာပြည်က ထုတ်လုပ်တဲ့ ကုန် ပစ္စည်းဘာတွေများအဆင့်မီမီ အရည်အသွေးမြင့်တာ ရှိလို့လဲ၊ နိုင်ငံ တကာနဲ့ယှဉ်ရင် သိပ်ဝေးသွားမယ်၊ နီးနီးစပ်စပ် တရုတ်၊ ယိုးဒယားနဲ့ပဲ ယှဉ်ကြည့်ပါ။ သွားကြား ထိုးတံ တောင် မီလို့လား၊ လူသုံးကုန်မှန် သမျှအကုန်ဝယ်သုံးနေရတာမဟုတ် ဘူးလား၊ Made in Burma  တွေ ဘယ်ချောင်ထဲမှာလဲဗျ။ ကုန်ပစ္စည်း တင်ပဲလား။ အားကစားအဆင့် အတန်းချင်းယှဉ်ဗျာ။ သိပ္ပံပညာချင်း ယှဉ်ရင်ရော၊ စိုက်ပျိုးရေး နည်းပညာ ၊ITပညာ၊ အနုမြူ၊ အာကာသ၊ လျှပ်စစ်၊ တိုက်တာ အဆောက်အအုံ၊ လမ်းတွေ၊ တံတားတွေ၊ အော်ပရာ ပြဇာတ်၊ ရုပ်သံမီဒီယာ၊ လေဆိပ်၊ ဘူတာ၊ မြန် မာပြည်ဖြစ် မှန်သမျှ အကုန် ညံ့နေတဲ့ထဲ ဒီရုပ်ရှင်တစ်ခု တည်းကိုမှ ရွေးလက်ညှိုးထိုးကြတာ ဘာဖြစ်လို့လဲ” လို့ ရေးသားထားခဲ့ တာ ကို တွေ့ရပါတယ်။

ထက်လူ


LEAVE A REPLY

Please enter your comment!
Please enter your name here