မြန်မာ့ရုပ်ရှင် နှစ်(၁ဝဝ)ပြည့် ဘယ်သူပိုင်လဲ…. ဘယ်သူဆိုင်လဲ ဒါရိုက်တာ၊ သရုပ်ဆောင် ဦးမောင်မောင်မြင့်နှင့် တွေ့ဆုံခြင်း (၁)

0
151

16711972_1725071934488653_2953158121827111466_n copy

မေးမြန်းသူ- ညိုသစ်ငယ်
မှတ်တမ်းတင်သူ- မျိုးကျော်(ကနောင်သွေး)

မြန်မာနိုင်ငံတွင် ရုပ်ရှင်သည် ၁၉၂ဝ ပြည့်နှစ်တွင် ပေါ်ထွန်းလာ ခဲ့ပြီး လာမည့် ၂ဝ၂ဝ ပြည့် နှစ်မှာ မြန်မာ့ ရုပ်ရှင်၏ သက်တမ်း အနှစ် (၁ဝဝ)ပြည့်တော့မည်ဖြစ်သည်။ ပထမဆုံးရုပ်ရှင်ဖြစ်သည့်  ဘားမားဖလင်မှ ရိုက်ကူး သောမေတ္တာနှင့်သူ ရာဇာတ်ကားဝထ္ထုမှာ ဆရာကြီး ပီမိုး နင်း၏ဝထ္ထုဖြစ်သည်။  မြန်မာနိုင်ငံတွင် ၁၉၂ဝ ပြည့် နှစ်က လန်ဒန်အတ်ဦး အုန်းမောင်  ရိုက်ကူးခဲ့သည့် ဦးထွန်းရှိန်ဈာပန သတင်း ကားတိုလေးသည် မြန်မာ့ရုပ်ရှင်ကို အစ ပြုခဲ့သည်ဟု မှတ်သား သိရှိရသည်။ မကြာမီတွင် ရုပ်ရှင်နှစ် (၁ဝဝ)ပြည့်တော့မည်ဖြစ်ရာ ရုပ်ရှင် အတတ်ပညာ အသိပညာများကို လူငယ်များအား သင်ပြ အနုပညာလက်ဆင့်ကမ်းနေသူ ဒါရိုက်တာ၊ သရုပ်ဆောင်ဦး မောင်မောင်မြင့်က ရုပ်ရှင် နှစ်(၁ဝဝ)ပြည့်အပေါ် သူ၏ သဘောထားနှင့် သုံးသပ်ချက်များကို  တွေ့ဆုံမေးမြန်း ဖော်ပြလိုက် ရပါသည်။

မေး။    ။ ၁၉၂ဝ ပြည့်နှစ်ကနေ စတင်ခဲ့တဲ့ မြန်မာ့ရုပ်ရှင်ဟာ ဆိုလို့ရှိရင် မကြာခင် ၃ နှစ်တာကာလမှာ နှစ် ၁ဝဝ ပြည့် လာတော့မှာဖြစ်ပါ တယ်။ မြန်မာ့ရုပ်ရှင် နှစ် ၁ဝဝမပြည့်ခင်စပ်ကြားမှာ လွန်ခဲ့တဲ့နှစ်တွေက မြန်မာ့ရုပ်ရှင်ရဲ့ အဆင့်အတန်း နဲ့အခုလက်ရှိ မြန်မာ့ရုပ်ရှင် ရဲ့ပြောင်းလဲ ကွာခြားသွားမှု၊ ကွာလတီအရည်အသွေးပိုင်းဆိုင်ရာတွေနဲ့ ပတ်သက်ပြီး ဆရာ့ ရဲ့သုံးသပ်ချက်လေး ပြောပြပေးပါဦးဆရာ။

ဖြေ။        ။ မြန်မာ့ရုပ်ရှင်နှစ်၁ဝဝနဲ့ ပတ်သက်လို့ လွန်ခဲ့တဲ့ ၂နှစ်ကျော်၊ ၃နှစ် လောက်ကတည်းက ကျွန်တော် Laurel Art Academy   ဦးကြည်စိုးထွန်းရဲ့ ကျောင်းမှာ ဆရာအဖြစ်နဲ့ Acting, Directing အနုပညာ သင်တန်းဆရာအဖြစ် အပတ်စဉ် သင်တန်းပေးနေရတယ်။ တစ်ပတ်မှာ၂ရက်လောက် ကျွန်တော်သွား ရတယ်။ ကျွန်တော်က ရုပ်ရှင်နဲ့ပတ်သက်လာရင်၊ ဒီအနုပညာနဲ့ ပတ် သက် လာရင် တအား ဝါသနာကြီးပြီး တော့ စေတနာတအားပါတယ်။ ဒါကို ဦးကြည် စိုးထွန်းသိတယ်။Laurel Art  ကို စဖွင့်ကတည်းက ဦးကြည်စိုးထွန်းနဲ့ ကျွန်တော်နဲ့က Laurel   ဆိုင်းဘုတ်ကြီကို သပြေခက် နဲ့ နံ့သာရည်ပက်ပြီးတော့ အတူတကွ ဖွင့်ခဲ့ကြတာ။ အဲဒီလိုစဝင်ပြီးတော့ စကားပြောဖြစ်ကြတဲ့အချိန်မှာ ကောင်းပြီ၊ Laurel မှာလည်း ကျွန်တော် စာပြပေးမယ်။ ယဉ်ကျေးမှု တက္ကသိုလ်မှာလည်း စတင်ပြီးရုပ်ရှင် Deperment  ဖွင့်လိုက်တော့ ကျွန် တော်လုပ်ပေးနေရပါတယ်။ ဦးမြင့်သိန်းဖေတို့၊ ဦးတင်သန်းဦးတို့၊ ဦးကြည်စိုး ထွန်းတို့ပါဝင်ကြ တယ် ပေါ့။ ကျွန်တော်တို့စုပြီးတော့Laurel ကို ဖြစ်မြောက် အောင် တည်ထောင်လိုက်ပြီးတော့ နောင်လာမယ့် မျိုးဆက်သစ်တွေအတွက်   ကောင်းမွန်မှန်ကန်တဲ့ ရုပ်ရှင်ပညာရပ်ကို ရကြစေတော့ဆိုတဲ့ စေတနာနဲ့ လုပ် ပေးခဲ့ကြတာ။ ဒါဟာ ကျွန်တော်Laurel   အပိုင်းကနေ စပြီးတော့ ဝင်လာတာ ကိုပြောတာပါ။
Laurel  ကိုမရောက်ခင်မှာတုန်းက Real ဆိုပြီးတော့ ၃၅ လမ်းထဲမှာပဲ ကျွန်တော် Private ကျောင်းလေးတစ်ကျောင်းဖွင့်သေး တယ်။ တော်တော်များ များ ကျွန်တော့်သင်တန်းမှာလာတက်တယ်။ သင်တန်းကြေးကလည်း နည်း ပါတယ်။ ကျွန်တော် ပညာကို တန်ဖိုး ထားပြီး သင်ပေးတယ်။ ဒါပေမဲ့ ကလေး တွေက သင်တန်းကို မှန်မှန်မတက်ဘူး။ သင်တန်းအကြောင်းပြုပြီး လည်ကြ ပတ်ကြတာတွေ ရှိတယ်။ ကျွန်တော့် တပည့်တစ်ယောက်ရှိတယ်။ အခု ဒါရိုက်တာ လုပ်နေပါပြီ။ ကျော်စည်သူပါ ပါတယ်။ ကျွန်တော်က အဓိကDirecting နဲ့ Acting  ကို ကျွန်တော်သင်ပါတယ်။ ကျန်တဲ့ Editing ဘာ ညာစသည်အားဖြင့်ကို ကျော်စည်သူက သင်ပေးပါတယ်။ ကျွန်တော်တို့ သင်ကြားပို့ချတာတွေက မကောင်းဘူးလားဆိုတော့ ကောင်းပါတယ်။ လိုလားတဲ့ လူငယ်လေးတွေ တော်တော်ကို အာရုံစိုက်ပြီး သူတို့ဝါသနာပါတဲ့ ပညာရပ်ကို ကျစ်ကျစ်လျစ်လျစ်လေ့လာဆည်းပူးကြတဲ့အခါ အခုဆိုရင်MRTV- 4  တို့ ဘာတို့မှာ ကျွန်တော် တို့တပည့်တွေ တော်တော်များ တယ်။ ဒီလိုတစ်ဆင့်ပြီးတစ်ဆင့် ကြိုးစားသွားကြတာ။ ဘာကြောင့် ကျွန်တော် ဒီကျောင်းလေးကို
စဖွင့်ပြီး အလုပ်လုပ်သလဲ၊ ဘာကြောင့် Laurel ကိုသွားပြီး အားပေးသလဲဆိုတော့ ကျွန်တော်တို့က အားနည်းတဲ့ လမ်းကြားလေးထဲက   ကျောင်းလေးဖြစ်နေပြီးတော့ Laurel  က သူ့ရဲ့နေရာဌာနခြံနဲ့ဝင်းနဲ့ အဆောက် အအုံ၃ထပ်တိုက်ကြီးနဲ့ဆိုတော့ ခံ့ညားမှု၊ထည်ဝါမှု၊
လုံခြုံမှုကအစ အကုန် လုံးက တအားသာတယ်။ တအားသာတဲ့အခါကျတော့ Laurel ကိုလည်း တစ်ဆင့်တက် လူငယ်တွေအားရစ ရာကြီးပဲဆိုတော့ အထင်ရော၊ အမြင် ရောကြီးကြတဲ့ အပေါ်မှာ Laurel ကိုလာတဲ့ဦးရေပိုများတယ်။ အဲဒီအချိန် ကတည်းကစပြီး
ကိုကြည်စိုးထွန်းနဲ့၊ ကျွန်တော့် နဲ့၊ တင်သန်းဦးနဲ့ ယဉ်ကျေးမှု တက္ကသိုလ်မှာတွေ့ကြ၊Laurel  မှာတွေ့ကြ၊ ဦးမြင့်သိန်းဖေတို့လည်းပါတယ်။ မကြာမတင်မှာ ကျွန်တော်တို့ မြန်မာ့ရုပ်ရှင်နှစ်၁ဝဝပြည့်တော့မယ်၊ ဘယ်လို များ အစီအစဉ်ရှိကြလဲ၊ ဘယ်လိုများ တွေးထားကြသ လဲ ပြောကြတယ်။ ရုပ်ရှင်အစည်းအရုံးကို ရောက်တဲ့အခါတိုင်းလည်း အခု နောက်ပိုင်း ဥက္ကဋ္ဌ ၃ ယောက်လောက် ရှေ့မှာပေါ့နော်။ ကျွန်တော်တွေ့လို့ရှိရင် အမြဲတမ်းပြော တယ်။ နီးလာပြီနော်၊ နှစ် ၁ဝဝ ပြည့်ခါနီးနေပြီ။ ဘယ်လိုစဉ်းစားကြသလဲ။ ရုပ်ရှင်အစည်းအရုံး ပိုင်းကလည်း အခုကတည်းက အစပျိုးပြီးတော့ စဉ်းစားပြီး တော့ လှုပ်ရှားကြဦးပေါ့လေ။ ဒါတွေက နှစ်၁ဝဝ ပြည့်ဆိုကတည်းကိုက သူက Centennial ဖြစ်သွားပြီ။ တစ်ဦးချင်း၊တစ်ယောက်ချင်းလှုပ်ရှားလို့လည်း မရ ဘူး။ ဒါဖြင့်ရင် ကျွန်တော်တို့ Private  ကျောင်းလေး အနေနဲ့လှုပ်ရှားလို့လည်း မရဘူး။ ဒါ Centennial ကို ကျွန်တော်စပြောပြီ။
Centennial  ဆိုကတည်းကိုက ရာပြည့်ဖြစ်တဲ့အတွက် လူတိုင်းနဲ့ သက်ဆိုင်နေတယ်။ ရုပ်ရှင်ကို စတင်တီထွင်ခဲ့တဲ့ တကယ့် ဆရာကြီးများရဲ့၊ ပညာရှင်ကြီးများရဲ့ ပိုင်တဲ့အခမ်းအနားလည်း မဟုတ်ပါဘူး။ သူတို့ စတင် တီထွင်ပြီးတော့ လုပ်ကိုင်လိုက်တဲ့အတွက်
ဒီရုပ်ရှင်က ပေါ်ပေါက်လာတာ။ ပေါ်ပေါက် လာတဲ့နေ့ရက် သည် ကျွန်တော်တို့ မြန်မာပြည်မှာလည်း ဆရာ ဦးညီပုတို့၊ ဆရာ ဦးမောင်မောင်တို့၊ လန်ဒန်အတ် ဦးအုန်းမောင်တို့၊ သူတို့က မြန်မာပြည်ကို ရုပ်ရှင်ဝင်လာတဲ့အချိန်မှာ ကျွန်တော်တို့က နည်းနည်းလေး
ငယ်နေသေးတယ်။ ငယ်နေသေးတော့ သူတို့လုပ်နေကြတဲ့အချိန်မှာ ကျွန် တော်တို့က သိပ်မသိဘူး။ သို့သော် သူတို့ကြိုးစားတယ်။
မြန်မာ့ရုပ်ရှင်နှစ် ၁ဝဝ ပြည့်ကတော့ နည်းနည်းအချိန်ရနေသေးတယ်။ သို့သော်ပြင်ဆင် သင့်ပြီ။ ရှေ့မှာဘာအတွေ့အကြုံတွေ ရှိခဲ့လဲဆိုတော့ Bicentenary  နှစ်နှစ်ရာပြည့်ကိုတွေ့ခဲ့ရပြီ။ တစ်ကမ္ဘာလုံးကBicentenary  ကို အလံတွေ လွှင့်ကြ၊ မီးရှူးမီးပန်းတွေ ပစ်ဖောက်ကြနဲ့ ကြိုဆိုနေကြတာ။ ဒီတော့ခါ ဒီလို စင်တန်နီရယ်ဆိုတဲ့ ရာပြည့်အချိန်အခါသည် အစည်းအရုံးကလည်း မပိုင် ဘူး။ Laurel လည်း မပိုင်ဘူး။ ဘယ်သူပိုင်လဲ၊ ဘယ်သူဆိုင်လဲဆိုတော့ ကျွန်တော်တို့အားလုံးဆိုင်တယ်။ အဲဒီတော့အားလုံးနဲ့ဆိုင်တဲ့ရာပြည့်ပွဲကြီးပါ။ ဒီလိုပွဲကြီးမျိုးကို မပြင်ဆင်ကြသေးဘူးလားလို့ ကျွန်တော်သတိပေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ခမ်းနားစေချင်တယ်။ ကျွန်တော်က   ငွေရတု၊ ရွှေရတု၊ စိန်ရတု၊ ကျွန်တော့်သက်တမ်းမှာ ၃ ခုလုံး ဖြတ်သန်းခဲ့ရပြီးပြီ။ ရာပြည့်ကြီး လာပြီဆိုတော့ ၄ကြိမ်မြောက်ကြီးဟာ တခမ်းတနားကြီးကိုဖြစ်စေချင်တယ်။

ဆက်လက်ဖော်ပြပါမည်
ညိုသစ်ငယ်


LEAVE A REPLY

Please enter your comment!
Please enter your name here