ရုပ်ရှင် သရုပ်ဆောင် အကယ်ဒမီဆုရ မင်းသား နောင်နောင် စိတ်ကြွ မူးယစ် ဆေးဝါးတွေ နဲ့အတူ ဖမ်းမိ

0
433

Naung-Naungရုပ်ရှင် သရုပ်ဆောင် အကယ်ဒမီ ဆုရ မင်းသား နောင်နောင် ကို ဖေဖော် ဝါရီလ ၁၈ ရက်နေ့ နံနက်က စိတ်ကြွမူးယစ် ဆေးဝါးတွေ နဲ့ အတူ ဖမ်းမိထားလို့ အမှုဖွင့် ဆောင်ရွက်နေ တယ်လို့ မန္တလေးမြို့၊ အမှတ် ၆ နယ်မြေ ရဲစခန်းက သိရှိရ ပါတယ်။ ရုပ်ရှင် သရုပ်ဆောင် နောင် နောင် ရဲ့ အိပ်ခန်းထဲကနေ စိတ်ကြွ ဆေးပြား တချို့ ၊ဘိန်းဖြူ တချို့တို့နဲ့အတူ ဖမ်းမိ တာ ဖြစ်ပါတယ်။ ဒီသတင်းနဲ့ ပတ် သက်ပြီး နောင်နောင် အပေါ် တူလို၊ သားလို သံယောဇဉ်ရှိ သူတစ်ဦးဖြစ်တဲ့ ဒါရိုက်တာ စင်ရော် မောင်မောင်က “သူ့ အဖေဦးဇော်မြင့် က ကျွန်တော့်ရဲ့ ကျေးဇူးရှင်ပါ။ နောင်နောင်က ကျွန်တော် တို့ရဲ့ Generation ထဲမှာပါတယ်။ ဒီလိုမျိုးဖြစ်သွားတဲ့ အတွက် အများကြီးစိတ် ထိခိုက်ရပါ တယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ အကောင်းဆုံး ကို မျှော်လင့် ဆု တောင်းနေပါတယ်” လို့ပြောပါတယ်။

နောင်နောင်က “ထာဝရအလင်း တန်းများ” ဇာတ်ကားနဲ့ ၂ဝ၁၁ ခုနှစ်အတွက် အကောင်းဆုံး အမျိုး သား ဇာတ်ဆောင်ဆု ရရှိထားခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here