မှောင်ခိုလက်မှတ်တွေကိုမဝယ်ဖို့ အသိပေးလိုက်တဲ့Lee Dong Wook

0
169

2445882eb0580a73cb7a7384b4690811 copy

မင်းသားLee Dong Wook  နဲ့ သူရဲ့ အေဂျင်စီတို့က တရားမဝင်ရောင်းချနေတဲ့ 4 My Dear လက်မှတ်တွေကို  မရောင်းချဖို့ သတိပေး လိုက်ပါတယ်။ ဖေဖော်ဝါရီ ၁၁ နေ့က မင်းသားLee Dong Wook ဟာ လူမှုကွန်ရက် စာမျက်နှာမှာ အခုလိုတင်လိုက်ပါတယ်။  “တရား ဝင်လက်မှတ်တွေ စတင်ရောင်းချချိန်မှာတော့ မှောင်ခိုလက်မှတ်တွေက ရောင်းချလို့တောင် ကုန်သွားပြီလို့သိရပါတယ်။”

မင်းသားရဲ့ အေဂျင်စီကလည်း “ဒါတွေက တရားမဝင် လက်မှတ်ရောင်းချနေတာပါ။ Interpark  လက်မှတ်အရောင်းဌာနက တရား ဝင်ရောင်းချတဲ့ လက်မှတ်ကလွဲလို့ တခြားဟာ တွေကို မဝယ်ဖို့အတွက် ပြောချင်ပါတယ်။ ပရိ သတ် တွေ့ဆုံပွဲနေ့မှာတော့ တရားမဝင် လက်မှတ် တွေကိုတော့ ဝင်ခွင့်ပြုမှာ မဟုတ်ပါဘူး” လို့ ကြေ ညာခဲ့ပါတယ်။ Lee Dong Wook ရဲ့  4 My Dear  ပရိ သတ်တွေ့ဆုံပွဲလက်မှတ်တွေကို ၁ဝ ရက်နေ့မှာInterpark  လက်မှတ် အရောင်းဌာနက ရောင်းချခဲ့ပြီး ၁မိနစ် အတွင်း လက်မှတ် ကုန်ခဲ့တယ်လို့ သိရပါတယ်။ တွေ့ဆုံပွဲကို မတ်လ ၁၂ ရက်နေ့ကိုBlue Square Samsung Card Hall မှာ ပြုလုပ်မှာဖြစ်ပြီး 2017 Asia Tour ကို ဧပြီလမှာ စတင်မယ်လို့ သိရပါတယ်။  မင်းသား ကလည်း Asia ပရိသတ်တွေကို တွေ့ဖို့ အရမ်းကို စိတ်လှုပ်ရှားနေတယ်လို့ သိရပါတယ်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here