အဆိုတော် Moon Hee Jun Crayon Pop ရဲ့ Soyul လက်ထပ်ပြီးစီး

0
170

Moon-Hee-Jun-Soyul-1 copy

   Moon Hee Jun နဲ့ Crayon Pop အဖွဲ့ဝင်Soyul  တို့နှစ်ဦးက တရားဝင် လက်ထပ်လိုက်ပါပြီ။ သူတို့စုံတွဲက ဖေဖော် ဝါရီက ၁၂ ရက်နေ့မှာ ဆိုးလ်ရဲ့ the Shilla Hotel   မှာ လက်ထပ်ခဲ့တာ ဖြစ် ပါတယ်။Moon Hee Jun နဲ့ Soyul  တို့ နှစ်ဦးက စာနယ်ဇင်း ရှင်းလင်း ပွဲပြု လုပ်ခဲ့ပြီး သူတို့ရဲ့ တွေ့ဆုံမှုတွေကို ပရိသတ်တွေကို ဝေမျှခဲ့ပါတယ်။

Moon Hee Jun က “ကျွန်တော်ကMoon Hee Jun  ပါ။ အားလုံးကို တွေ့ရတာ ဝမ်းသာ ပါတယ်။ ဒီနေ့ကို တက်ရောက်လာ ကြတဲ့ သတင်းထောက်တွေကို ကျေး ဇူးတင်ပါတယ်။ ကျွန်တော်တို့အရမ်းကို ပျော်ရွှင်နေပါတယ်”

Soyul  ကလည်း “ကျွန်မကတော့Crayon Pop ကSoyul   ပါ။ လူတွေ အများကြီး တက်ရောက်လာတဲ့အတွက်  အရမ်းကို ဝမ်းသာပါ တယ်။ အရမ်းလည်း ကျေးဇူးတင်ပါတယ်” လို့ လက်ထပ်ပွဲမှာ ပြော ကြားခဲ့ပါတယ်။ ပရိသတ်တွေကို Moon Hee Jun  က  “ကျွန်တော် လက်ထပ်လို့ ဂုဏ်ပြုကြတဲ့  ပရိသတ်တွေ ရှိသလို ကျွန်တော့ကို စိတ်ဆိုးနေကြတဲ့ ပရိသတ်တွေလည်း ရှိပါတယ်။ ကျွန်တော့်ကို နှစ် ၂ဝ လုံး အားပေးခဲ့ကြတဲ့အတွက် အရမ်းကို ကျေး ဇူးတင်ပါတယ်။ ကျွန်တော့်ကို စိတ်ဆိုးနေတဲ့ ပရိ သတ်တွေကိုတော့ ကျွန်တော် ဒီထက် ပိုကောင်း အောင် ကြိုးစားသွားမှာဖြစ်လို့ စောင့်ကြည့်ပေးပါ။ စိတ်မကောင်းဖြစ်သလို ကျေးဇူးလည်း အရမ်းတင်ပါ တယ်” လို့ အခုလို ထပ်မံပြောခဲ့ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here