အကြမ်းတွေ မဆိုချင်တော့ဘူးဆိုတဲ့ ဟစ်ဟော့ပ် အဆိုတော် လွှမ်းပိုင်

0
172

MIN_2858-copy-1

ဒုတိယတစ်ကိုယ်တော်စီးရီးခွေ ကို ‘ဂီတဗေဒ’ လို့နာမည်ပေးထားတဲ့ ဟစ်ဟော့ပ်အဆိုတော် လွှမ်းပိုင်က သူ့စီးရီးခွေကို မတ်လထဲမှာ ထွက်ရှိဖို့ အဆင်သင့်ဖြစ်နေပါပြီလို့ ပြောပါတယ်။ သူက..

“ကိုယ်စောင့်နတ် ရိုက်ကူးလို့ပြီး သွားတဲ့အချိန် ကျွန်တော် ၃ လပိုင်းလောက် မှန်းထားတယ်။ ဆယ်တန်း စာမေးပွဲပြီးတဲ့အချိန်၊ တက္က သိုလ် တွေ လည်း စာမေးပွဲမဖြေခင် ကြားပေါ့နော်။ အဲဒီကြား လေးကို ကျွန်တော်ကတော့ စီးရီးခွေထွက်ရှိဖို့ မှန်းထားတယ်” လို့ ပြော ပါတယ်။ အရင်လိုအကြမ်း ပုံစံတွေ မဆိုတော့ဘူးလားလို့ ဆိုတော့..

“အကြမ်းတွေကို ပြောရမယ်ဆိုရင်တော့ မဆို ချင်တော့ဘူးဗျ။ ဆိုရတာကြီးကို ကျွန်တော်လည်း ဖီးလ် မလာတော့ဘူး။ အကြမ်းဆိုတဲ့ သဘောကိုက ကိုယ်နဲ့ရန်ဖြစ်နေတဲ့သူရှိမှ ဆိုလို့ကောင်းတာ။ ကိုယ်နဲ့ ရန်ဖြစ်နေတဲ့သူမရှိရင်ဆိုလို့ မကောင်းဘူး (ရယ်လျက်)။ မဟုတ် ရင် လျှောက်ဆိုနေရင် သူများ တွေ အားလုံးကို ရန်လိုက်ရှာနေသလို ဖြစ်နေမှာ ပေါ့။ လာမယ့်စီးရီးခွေလေးကို ကျွန်တော် သေသေ ချာချာလေးလုပ်ထားပါတယ်။ စီးရီးခွေထဲမှာInstrument နဲ့ တီးထားတာလေးတွေ တော်တော်များများ ပါတယ်။အခုလောလောဆယ် ကျွန်တော် ကြိုက်တာက ဂျက်(စ်)ပုံစံမျိုးကို သဘောကျတယ်။ အဲဒါ ကြောင့်ကျွန်တော့်စီးရီးခွေထဲမှာ ဂျက်(စ်) နဲ့ရောထားတာလေးတွေ ပါတယ်” လို့ လွှမ်းပိုင်ကပြောပါတယ်။ လွှမ်းပိုင် ကို ဖက်ရှင်နဲ့ပတ်သက် ပြီးလည်း မေးဖြစ်သေးတဲ့အခါ လွှမ်းပိုင်က Adidas  ခရေဇီလား ဆိုတော့..

“Adidas ကတော့ ဘာ နဲ့စီးစီးလှနေလို့ ခဏခဏ စီးဖြစ် တယ်။ကျန်တာကတော့ ထွေထွေ ထူးထူးမရှိပါဘူး။ ဂျင်းဘောင်း ဘီအကျ ပ်လေးနဲ့ဆိုရင် တစ်ခါ တလေကျရင် Adidas စီး တယ်။ တစ်ခါတလေကျ ရင် လည်း Boot  စီးဖြစ်တယ်” လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here