၃ နှစ်မြောက် ပူပြင်းမယ့် နွေရာသီအတွက် ကြို တ င် ပြ င် ဆ င် ကြ ဖို့ နန်းသူဇာ တိုက်တွန်း

0
220

Nan Thuzar copy

ရာသီဥတုကာလက ဆောင်း အကုန် နွေအကူးကာလထဲ ရောက် လာပြီဆိုတော့ ပူပြင်းလှတဲ့ နွေရာသီ အပူဒဏ်ကို ကာကွယ်ဖို့၊ ကျန်း မာ ရေးကို များစွာဂရုစိုက်ဖို့ လိုအပ် လာပြီဖြစ်ကြောင်း ပရိသတ်တွေကို နန်းသူဇာက အကြံပြုစကား ပြောပါ တယ်။ သူမက..

   “နန်းသူဇာတစ်ခေါက်တုန်းက ဆိုရင် အပြင်းဖျားသွားဖူးတယ်။ နေပူကြီးထဲကိုထွက်တယ်။ အအေး တွေ သောက်တယ်။ လည်ချောင်း   တွေ နာပြီးတော့ ဖြစ်သွားတာ။ အဲဒီ အခါကျတော့ အပူနဲ့အအေး မျှဖို့ လိုပါတယ်။ အခုဆို ၃ နှစ် မြောက်ပူမယ့်နွေလို့ထင်တယ်။ အခုဆို တအားပူနေတာ ၂ နှစ်ရှိပြီ ပေါ့။ ဘယ်လောက်ပူလာမလဲတော့ မသိ ဘူးပေါ့။ အဲဒီအခါကျတော့ အပူ၊ အအေးမျှတဖို့ အရေးကြီး တယ်။   ပြင်ဆင်ထားဖို့ လိုပါတယ်” လို့ ဆိုပါ တယ်။

နန်းသူဇာနဲ့ တွေ့တုန်း လတ်တလော အနုပညာလှုပ် ရှားမှု အကြောင်းကိုလည်း မေးမြန်းဖြစ်ခဲ့ပါ တယ်။

“လောလောဆယ် နန်းသူဇာ Bo Bo Anniversary အခွေထဲက သီချင်းတစ်ပုဒ်ကို အမ် တီဗီရိုက်ကူး ဖို့ရှိတယ်။ အဲဒီတစ်ပုဒ်ကို လည်း   သေသေချာချာ ရိုက်ဖို့စဉ်းစားထားတယ်။ ပြီးရင် တန်းတင်မှာပေါ့။ Let’s Go  ကတော့ အခုလောလောဆယ် ပြသနေတယ်။ အခုပြ သနေတာ တရုတ်ပြည်ပေါ့နော်။ အဲဒါပြီးရင်တော့ နန်းသူဇာတို့ နောက်တစ်နေရာ ကို ထပ်သွားမယ်။ နောက်တစ်နေရာကတော့ ဘယ်နေ ရာဖြစ်မယ်မှန်းမသိသေးဘူး။ နောက် တစ်ခုက နန်းသူဇာရဲ့ စီးရီးခွေက တော်တော် ကြာနေပြီပေါ့နော်။ စီး ရီးခွေကFull
Album လုံးဝမထွက် ဖြစ်ရင်တောင်မှ Mini Album  လောက်တော့ ထွက်ရှိဖြစ်အောင် ကြိုးစားနေပါတယ်” လို့ နန်းသူဇာက ပြောပါ တယ်။ ရုပ်ရှင်မရိုက်ဘူးလား မေးကြတဲ့ ပရိသတ်တွေကိုတော့ နန်းသူဇာက တီဗီပရိုဂရမ်တင်ဆက် ဖို့ အစီအစဉ်ပဲ ရှိပါသေးတယ်လို့
ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here