မွေးရပ်မြေက ဖလန်တိုင်းကျေးရွာရှိ နဂါးရုံဘုရားကို ထီးတင်ခဲ့တဲ့ ဒီဇိုင်နာ ဌေးဌေးတင်

0
249

Htay Htay Tin 4 copy

ဒီဇိုင်နာဌေးဌေးတင်က သူ့ရဲ့ မွေးရပ်မြေဖြစ်တဲ့ မကွေးတိုင်း၊ မြို့သစ်မြို့နယ်၊ ဖလန်တိုင်းကျေးရွာ မှာ ၂ဝ၁၆ခုနှစ်၊ ဖေဖော်ဝါရီလ ၁ဝရက်ကနေ နဂါးရုံဘုရားကို စတင် တည်ထားကိုးကွယ်ခဲ့ပါတယ်။ အခု နှစ် ၂ဝ၁၇ခုနှစ်၊ ဖေဖော်ဝါရီလ ၉ရက်နေ့၊ ၁ဝရက်နေ့တွေမှာ လည်း ဘုရားထီးတင်ပွဲ၊ အနေကဇာတင်ပွဲ နဲ့အတူ မွေးနေ့အလှူကိုပါ ပြုလုပ်ခဲ့ ပါတယ်။ အခုနှစ် ပြုလုပ်ဖြစ်ခဲ့တဲ့ အလှူနဲ့ပတ်သက်ပြီး

Htay Htay Tin 3 copy

    “ဖလန်တိုင်းရွာကတော့ အမေ တို့ရွာလေးပါ။ အဲဒီမှာ အင်းကြီး လည်းရှိပါတယ်။ အစ်မရဲ့အမေရော၊ အစ်မကရော စနေဖြစ်နေတော့   ရေလယ်မှာ နဂါးရုံဘုရား တည်ခဲ့ တယ်။ နဂါးရုံဘုရားတစ်ဆူထဲဆိုရင် နေ့နံစုံဖူးမြော်လို့မရဘူးလေ။ ဒါ ကြောင့် ခုနှစ်ရက်သားသမီး တွေ အတွက်ပါ အဆင်ပြေအောင်၊ ဖူးမြော် လို့ရအောင် ပြုလုပ်ခဲ့တယ်။ အစ်မ မွေးနေ့နဲ့လည်း တိုက်ပြီး အမှတ် တရပေါ့။ ရွာကလည်း လူဦးရေ တစ်ထောင်နီးပါးရှိတယ်။ အလှူအ တန်း အနေနဲ့ မုန့်ဟင်းခါး၊ ထမင်းနဲ့ ဟင်းကျွေးပါတယ်။ ပြီးခဲ့တဲ့နှစ်က အစ်မမွေးနေ့ မှာ ဘုရားစတည် တယ်။ ဒီနှစ် ဘုရားထီးတင်၊ အနေကဇာတင် တယ်။ မန္တလေးက တပည့်လေးတွေနဲ့ လည်း မွေးနေ့ကိတ်လေးခွဲဖြစ်ပါ တယ်။ နောက်နှစ် မှာတော့ နဂါးရုံ ဘုရား  ဘုရားပွဲလေး ကျင်းပပြုလုပ် သွားမှာပါ” လို့ ဒီဇိုင်နာဌေးဌေးတင် က ပြောပါတယ်။

Htay Htay Tin 5 copy

၂ဝ၁၈ခုနှစ် မွေးနေ့မှာလည်း နဂါးပတ်ဘုရားရင်ပြင်ကို ချဲ့ထွင် ခြင်း၊ ဘုရားသွားရာ လျှောက်လမ်းကို ကွန်ကရစ်လမ်းခင်းခြင်းတို့ကို ဆက် လက် ပြုလုပ်သွားမယ့်အပြင် နဂါးရုံ ဘုရား ဘုရားပွဲကိုလည်း ကျင်းပ ပြုလုပ်သွားမယ်လို့ ဒီဇိုင်နာ ဌေးဌေး တင် ကဆိုပြီး အလှူငွေ လှူတန်းချင် သူများလည်း သူမကို ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရပါတယ်။

မြတ်မိုးပွင့်
ဓာတ်ပုံ-ဥာဏ

Htay Htay Tin 6 copy


LEAVE A REPLY

Please enter your comment!
Please enter your name here