၂ဝ၁၇ ခုနှစ်အတွင်းမှာ ဇာတ်ကား ၅ ကား ရုံတင်မယ့် ယုန်လေး

0
151

Yone Lay

ရုပ်ရှင်ဇာတ်ကားတွေကိုဒါရိုက်တာအဖြစ် စီစဉ်ရိုက်ကူးလေ့ရှိတဲ့ အဆို တော်ယုန်လေးက ၂ဝ၁၇ ခုနှစ်အတွင်းမှာ ရုပ်ရှင်ဇာတ်ကား၅ကားလောက် ရုံတင် မှာဖြစ်ကြောင်း သိရပါတယ်။ ” အခုလတ်တလောမှာ ရုပ်ရှင်ဇာတ်ကား “ကိုယ့်သမိုင်း ကိုယ်ရေးကြသူများ- ၂”၊ “အော်ရီဂျင်နယ်ဂိုဏ်းစတား- ၂”တို့ကို မတ်လမှာရုံတင်ဖို့ ကြိုးစားနေပါတယ်။ သင်္ကြန်ပြီးရင်လည်း “လူကြမ်းတစ်ယောက်ရဲ့ ဒဏ္ဍာရီ” ၊ “လူလိမ္မာနိုင်ငံမှာ ဆရာကျတဲ့လူ” ၊ ” Special Force ” ဇာတ်ကားကို ကျွန်တော် ကိုယ်တိုင် ဒါရိုက်တာပထမဦးဆုံးလုပ်ပြီး ဒီနှစ်ထဲမှာရုံတင်ဖို့ရှိပါတယ်” လို့ ယုန်လေးက ပြောပါတယ်။ ဇာတ်ကားတွေကို ပါဝင်သရုပ်ဆောင်တဲ့အခါ မှာလည်းယုန်လေးက သူ့အနေနဲ့ဇာတ်ကားတွေသရုပ်ဆောင်တဲ့ နေရာ မှာ အထွေအထူး ပြင်ဆင်တာတွေ မရှိဘူးလို့ဆိုပါတယ်။

” ကျွန်တော့်အနေနဲ့ ကျွန်တော်မကျွမ်းကျင်တဲ့ဇာတ်တွေကို သရုပ်မဆောင်ပါဘူး။ ကျွန်တော်ကျွမ်းကျင်တဲ့ ကာရိုက်တာကြမ်း ကြမ်းတွေပဲ သရုပ်ဆောင်ဖြစ်တော့ ကျွန်တော့်အတွက်တော့ အခက်အခဲသိပ်မရှိပါဘူး။ ကျွန်တော့်အနေနဲ့ ဇာတ်ကားတစ်ကားအတွက်သိပ်ပြီး ပြင်ဆင်ဖို့မရှိဘူး။ ဒါရိုက်တာ ကလည်း မင်းဘာမှ ပြင်ဆင်စရာမလိုဘူး။ ဒီအတိုင်း ပေါ့ပေါ့ပါးပါးသင်ပြပေးထားတဲ့အတိုင်းပဲလုပ်လို့ပြောတယ်။ နောက်ပိုင်း ကျတော့ ကာရိုက်တာနဲ့လိုက် ဖက်အောင် အဝတ်အစား၊ စကားပြောတဲ့စတိုင်လ်တွေ ကိုပြင်ဆင်တာပဲရှိတယ်” လို့ ပြောပါတယ်။

ချယ်ရီ


LEAVE A REPLY

Please enter your comment!
Please enter your name here