ဝေဖန်တာနဲ့ စော်ကားတာ မတူဘူး ဟာသသရုပ်ဆောင် အရိုင်း

0
545

Ayine copy

ဒါရိုက်တာမိုက်တီး ရိုက်ကူးတဲ့ ‘မြန်မာပေါကားတွေရပ်’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ဖေဖော်ဝါရီ လ ၁၆ ရက်နေ့က စတင်ရိုက်ကူးနေ ပြီဖြစ်ပါတယ်။ ‘မြန်မာပေါကား တွေရပ်’ ဇာတ်ကားမှာ အရိုင်းက လည်း ပါဝင်သရုပ် ဆောင်ထားပါ တယ်။

လက်ရှိ ဇာတ်ကားရဲ့နာမည်ဖြစ် တဲ့ ‘မြန်မာ ပေါကားတွေရပ်’ ဆိုတဲ့ အကြောင်းကိုလည်း ဟာသသရုပ် ဆောင် အရိုင်းက..

 “ဒါကလည်း အွန်လိုင်းမှာဖြစ် လာတဲ့ ပြဿနာလေးတစ်ခုပါ။ ကြီးကြီးမားမား ပြဿနာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း လူဆို တာ ကိုယ့်စိတ် နဲ့ကိုယ် အမျိုးမျိုး တွေးထင်နိုင်တာပဲလေ။ အဲဒီတော့ မြန်မာပေါကားတွေရပ် လို့ပဲ ပြော ပြော၊ မြန်မာပေါကားတွေ မရပ်နဲ့ လို့ပဲပြောပြော ကြိုက်သလိုပြောခွင့် ရှိတယ်။ ဝေဖန်ပိုင်ခွင့်ရှိတယ်။ ဒါပေမဲ့ ဝေဖန်တာနဲ့ စော်ကားတာနဲ့ တော့ မတူဘူးပေါ့။ ဝေဖန်တယ်ဆို တာ ကောင်း ဖို့အတွက်ပြောတယ်လို့ တော့ ကျွန်တော်တို့က ယူဆတယ်။ ပျက်စီးရာပျက်စီးကြောင်းဘက်ကို ပြောတယ်ဆိုရင် ဒါဝေဖန်တာမဟုတ်   တော့ဘူး။ ဖျက်ဆီးတာဖြစ်လာပြီ။ ဝေဖန်တယ်ဆိုတဲ့နေရာမှာလည်း ဝေဖန်ခြင်းကြောင့် တိုးတက်မှုတွေ အများကြီးရှိတယ်။ လူဆိုတာ တစ် ယောက်နဲ့တစ်ယောက် ဝေဖန်ရတာ ပဲ။ ပြောပါ၊ ဆိုပါ၊ ဝေဖန်ပါ။ တစ်ခု တော့ရှိတာပေါ့။ လူဆိုတာက ကိုယ် တတ်နေတဲ့ ပညာ အပေါ်မှာလာ စော်ကားရင် ဘယ်လိုမှမခံချင် ကြဘူး။ စော်ကားသလိုလုပ်တာတော့ မကောင်းဘူးပေါ့။ အဲဒီတော့ အဲဒီ လို ဖြစ်လာတဲ့ အပေါ် အခြေခံပြီး တော့ ဒီ ‘မြန်မာပေါကားတွေရပ်’ ဆိုပြီး ဖြစ်လာတာ။ ဒီတော့ ရပ်တဲ့ သူတွေရှိသလို မရပ်တဲ့သူလည်း ရှိ တာပဲ မဟုတ်ဘူးလား။ ဘာဖြစ်လို့လဲ ဆိုရင် ဒီဇာတ်ကားတွေကို ကြည့်နေ ကြလို့သာလျှင် ပေါလား၊ မပေါဘူး လားဆိုတာ သူတို့ပြောနေ ကြတာ ပေါ့။ မကြည့်ရင် သူတို့ ဘာမှ ပြော မှာမဟုတ်ဘူး။ ဒီနေရာမှာ မရှိဘူး လို့လည်း ဦးအရိုင်းတို့က မပြောလို ဘူး။ သူ့အတိုင်းအတာ နဲ့သူတော့ ရှိကြမှာပဲ။ ဒီဇာတ်ကားကတော့ အတင်းကလိထိုးပြီး ရယ်ရတာမျိုး မဟုတ်ဘူး။ သဘာဝအတိုင်း အဖြစ် အပျက်တွေပါ။ ဘာဖြစ်လို့လဲဆိုတော့ ရုပ်ရှင်ရိုက်ကူးနေကြတဲ့ လူသုံး ယောက် အကြောင်းကိုပဲ ဦးတည်ပြီး ရိုက်ကူးထားတာလေ။ တကယ့် ခင်လှိုင်၊ တကယ့်အရိုင်း၊ တကယ့် ကျော်ထူး အကြောင်းကိုပဲ ရိုက်ကူး ထားတာ။ ကျွန်တော်တို့ ရုပ်ရှင် လောကထဲမှာ ဖြစ်ပျက်နေတဲ့ ရယ် စရာတွေလည်းပါတယ်။ စိတ်ညစ် စရာ၊ ဒေါသထွက်စရာတွေလည်း ပါ တယ်။ အဲဒီ တကယ့်သဘာဝကျကျ ဖြစ်နေတဲ့ အဖြစ်အပျက်လေးေ တွကို ဦးတည်ပြီး ရိုက်ကူးထားတာဖြစ်တဲ့ အတွက်ကြောင့် သဘာဝကျစွာနဲ့ သဘောကျဖို့ကောင်းပါတယ်” လို့ ဟာသသရုပ်ဆောင် အရိုင်းက ပြော ပါတယ်။ ဒါ့အပြင် ဟာသသရုပ် ဆောင် အရိုင်းနဲ့ ဟာသသရုပ်ဆောင် များစွာနဲ့ ရိုက်ကူးထားတဲ့ ‘ကာတွန်း ဓာတ်ရှင်’ ရုပ်ရှင်ဇာတ်ကားကလည်း ဆင်ဆာတင်ထားပြီး ၂ဝ၁၇ ခုနှစ် အတွင်းမှာ ရုံတင်နိုင်တော့မယ်လို့ သိရပါတယ်။

မျိုးကျော် (ကနောင်သွေး)


LEAVE A REPLY

Please enter your comment!
Please enter your name here