ကြေကွဲဖွယ်ဝေဒနာ သတင်းတစ်ပုဒ် မောင်သစ်လွင် (လူထု)

0
202

16427407_1044549942357291_5256163960850165476_n copy

ရန်ကုန်သသတင်းထောက် ညိုသစ်ငယ် ပို့တဲ့သတင်းရလျှင်ရချင်း ပဲ စာစီခန်းကိုလှမ်းပို့လိုက်တယ်။  တစ်ကော်လံဆိုဒ်၊ စာလုံးမည်းနဲ့ စာစီခိုင်းတယ်။ စာမျက်နှာဖွဲ့စည်းတဲ့ အခါအဲဒီသတင်းကို ကြေးမျဉ်း အထူ ဝိုင်းဖို့ ညွှန်တယ်။ စာမျက်နှာမှာ နေရာပေးတဲ့အခါ ထင်ရှား တဲ့ နေရာ ညွှန်ပြတယ်။ သတင်းအရေးခံပုဂ္ဂိုလ်က ထင်ရှား ကျော်ကြား တဲ့ပုဂ္ဂိုလ် ဖြစ်နေလို့ပဲ။

ပြီးတော့ သတင်းနဲ့ပတ်သက်လို့ ရှိသမျှ ဖော်ပြစရာ ဆက်စပ်သတင်း အချက်အလက်များ ရှာပေးဖို့ သုတေသနမှူးဆီ တောင်းတယ်။ ရတယ်။ ဖတ်ကြည့်တော့ ၁၉၉၆ ခုနှစ်၊ ဇန်နဝါရီလ ၂ဝ ရက်နေ့က ရေးတဲ့စာကို ဝမ်းနည်းစရာ တွေ့ရ တယ်။ စာက..

ဆရာသစ်ခင်ဗျား

လေးစားစွာ စာရေးလိုက်ပါတယ်။

ပိတောက်ပွင့်သစ် အမှတ်- ၁၁ မှာ ဆရာသစ်ရေးတဲ့ ‘လူထု ဒေါ်အမာ’ ဆောင်းပါး မပါဝင်နိုင် တော့တဲ့အကြောင်း ‘ကြေကွဲစွာ’ အသိပေးပါတယ်။ ခွင့်ပြုပြီးသားဖြစ် ပေမယ့် အခြေအနေအရ မထည့်ဖို့ စာပေစိစစ်ရေးက ပြောပါတယ်။

ကျွန်တော် အတတ်နိုင်ဆုံး ကြိုးစားပေမယ့် မအောင်မြင်ခဲ့ဘူး။ ဒီဇိုင်းလုပ်ပြီး၊ ဖလင်ရိုက်ပြီးမှ ဖြုတ် လိုက်ရပါတယ်။ အဲဒီနေရာအတွက် အစားထိုးဆောင်းပါးတစ်ပုဒ် ပါအောင်လုပ်ရင်း၊ မဂ္ဂဇင်းရဲ့ အထွေထွေပြဿနာတွေ ရှင်းရင်းနဲ့ ထွက်ချိန်နောက်ကျတဲ့ ပိတောက် ပွင့်သစ်   ဖြစ်နေတော့တာပါပဲ။

အမှတ်- ၁၂ မှာတော့ ဆရာ သစ်ရဲ့ ဆရာကြီးရွှေဥဒေါင်း ဆောင်းပါး ပါလိမ့်မယ်။ (အစစ နားလည်ခွင့်လွှတ်နိုင်) အောင် စာရေး လိုက်တာပါပဲ။

ဆရာသစ်ရဲ့ ဆောင်းပါး (သို့မဟုတ်) အခြားစာမူများ ပိတောက် ပွင့်သစ်ကို ဆက်လက် ချီးမြှင့်စေလိုပါတယ်။
လေးစားစွာဖြင့်

မောင်စိမ်းနီ

စသဖြင့် စာပေစိစစ်ရေးကပိတ်ပင်တဲ့အကြောင်း ရေးလိုက်တဲ့စာ ဖြစ်တယ်။ ဒီစာကိုလည်း အယ်ဒီတာတစ်ဦးရဲ့ ခံစားချက်ဖြစ်တာက တစ်ကြောင်း၊ အယ်ဒီတာတစ်ဦးရဲ့ တာဝန်သိ လုပ် ဆောင်ချက်ဖြစ်တာက တစ်ကြောင်းကြောင့် စာအပြည့်အစုံ ထည့်ပေး လိုက်တယ်။
သတင်းကတော့ ရန်ကုန် သတင်းထောက် ညိုသစ်ငယ်ရေးတဲ့ ကြေကွဲဖွယ်သတင်းဖြစ်တယ်။ သတင်းအပြည့်အစုံက ဒီလိုပါ။

ကဗျာဆရာကြီး မောင်စိမ်းနီ (ခ) ဦးလှထွန်း (အသက် ၇၈ နှစ်) သည် ဖေဖော်ဝါရီလ ၁ ရက်နေ့ ည ၁၁ နာရီ ၅ဝ မိနစ်တွင် ဆုံးပါးသွား   ကြောင်း သိရသည်။ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ဈာပနအခမ်းအနား ကျင်းပကာ ဂူသွင်းသဂြုင်္ိဟ်မည်ဖြစ် သည်။

 ဆရာမောင်စိမ်းနီ ခင်ဗျား

အခုအချိန်ထိ လူထုသတင်းစာ သာ ထုတ်ဝေနေဆဲဆိုရင် ဆရာ့ရဲ့ ကြေကွဲဖွယ်သတင်းကို ကျွန်တော် အယ်ဒီတာတစ်ဦးအနေနဲ့ အထက်က အတိုင်း ကျွန်တော် အလုပ်လုပ်ရမှာပါခင်ဗျား။ ခေါင်းစီးကိုလည်း ဆရာ့စကားလုံးကိုပဲ သုံးရမှာပါ။ ဝမ်းနည်းမဆုံး ယူကြုံး မရဖြစ်ရပါ တယ် ဆရာ။ ကြေကွဲဖွယ်ဝေဒနာ သတင်းတွေက ဆရာနဲ့ စခဲ့တာပါ။

မောင်သစ်လွင် (လူထု)


LEAVE A REPLY

Please enter your comment!
Please enter your name here