လုပ်ပိုင်ခွင့် တစ်ခုကိုေ စာ င့်ေ န တဲ့ မင်းရာဇာ

0
301

Min Yar Zar copy

   အနုပညာသက်တမ်း ၁၆ နှစ် ရှိပြီဖြစ်တဲ့ မင်းရာဇာက လက်ရှိ အချိန်မှာတော့ ဇာတ်ကားရိုက်ကူးမှုတွေ ကျဲသွားပါတယ်။ ဒီလို ဇာတ် ကားရိုက်ကူးမှု ကျဲသွားတဲ့အကြောင်းကိုတော့ မင်းရာဇာက..

“ကျွန်တော့်အနေနဲ့ ဇာတ်ကား ရိုက်ကူးမှု ကျဲသွားပါတယ်။ ဘာကြောင့်လဲဆိုတော့ ဈေးကွက်ကြောင့် ကျွန်တော် ဇာတ်ကားရိုက်ကျဲ သွားတာပါ။ အခု ကျွန်တော်ပြန်ရိုက်ကူးနေပါပြီ။ ဈေးကွက်ထဲမှာ ၅ ကား လောက် ဖြန့်ပြီးသွားပြီ။ ရိုက်ကူး ထားတဲ့ ဇာတ်ကားက ၂ဝ လောက်ရှိ နေပါပြီ” လို့ ဆိုပါတယ်။

သရုပ်ဆောင် မင်းရာဇာက သူ့ပုံစံနဲ့ လိုက်ဖက်တဲ့ ဇာတ်လမ်းမျိုးကို ရွေးချယ် ဖြစ်တယ်လို့လည်း ပြောပါတယ်။ မင်းရာ ဇာအနေနဲ့ ကိုယ်ရိုက်ကူးချင်တဲ့ ကာ ရိုက် တာလေးတွေကို ဇာတ်လမ်းရေးထားပြီး အခွင့်အရေးရရင် ရိုက်ကူးချင်တယ်လို့ လည်း ပြောပါတယ်။

   “ဇာတ်ရုပ်နဲ့ ကျွန်တော့်ပုံစံလိုက် မယ့်ဇာတ်လမ်းမျိုးကို ရွေးချယ်ဖြစ်တယ်။ ပရိသတ်တွေအတွက် ကြည့်ပြီးတာနဲ့ ရင်ထဲမှာကျန်ခဲ့မယ့် အရာမျိုး၊ အသိ တရားတစ်ခုရမယ့် ဇာတ်လမ်းမျိုးကို ကျွန် တော်ရွေးချယ်ပြီး ရိုက်ကူးဖြစ်တယ်။ ဇာတ်ကားတစ်ကား ရိုက်ကူးမယ်ဆိုရင် လည်း ကျွန်တော့်ရဲ့ကြီးမားတဲ့ Body  နဲ့လိုက်အောင် နွဲ့နွဲ့လေးရိုက်ကူးလို့မရ ဘူး။ ကျွန်တော့်အနေနဲ့ ပရိသတ်တွေ အတွက် ထူးခြားပြီး ကျွန်တော် ကိုယ် တိုင် ရိုက်ကူးချင်တဲ့ ကာရိုက်တာလေး တွေကို ရေးထားတာ ၈ကားလောက်ရှိပြီ။ လုပ်ပိုင် ခွင့်တစ်ခုကိုတော့ စောင့်နေ တုန်းပါပဲ” လို့ မင်းရာဇာက ပြောပါတယ်။ အနုပညာလောက ထဲမှာလိုချင်တဲ့ ပန်းတိုင်မရောက်သေးလို့ ကြိုးစားနေတုန်းပါဆိုတဲ့ မင်းရာ ဇာက..

“အနုပညာကို  ကျွန် တော်လေ့လာ နေတုန်း ပါပဲ။ ကျွန်တော်လိုချင် တဲ့ ပန်းတိုင်ကိုတော့ မရောက်သေးပါဘူး။ အနုပညာလောက ထဲကို အခက်အခဲ များစွာနဲ့ ဝင်လာရ တယ်။ လွယ်လွယ် ကူကူနဲ့ ရောက် လာတဲ့ လူတွေ ထဲမှာ ကျွန် တော်မပါဘူး” လို့ပြောပြခဲ့ပါ တယ်။

ချယ်ရီ


LEAVE A REPLY

Please enter your comment!
Please enter your name here