အချိန်တစ်ပတ်၊ နှစ်ပတ်ပေးပြီး အကျိုးမရှိတဲ့ ဇာတ်ကားမျိုး မ ရို က် ကူး ချင်ေ တာ့ ဘူး မေကဗျာ

0
212

May Kabyar copy

မေကဗျာက ဒါရိုက်တာဝင်းထွန်းထွန်းရိုက် ကူးပုံဖော်မယ့် ‘ဗီဇ’ ရုပ်ရှင်ဇာတ်ကားကြီးကို လူမင်း၊ သူထူးစံ၊ နေဒွေး၊ ထူးခြား၊ ကြက်ဖ၊ သင် ဇာဝင့်ကျော်၊ မေကဗျာတို့နဲ့အတူ ရိုက်ကူးမှာဖြစ်ပါတယ်။ ဒီဇာတ် ကားမှာ ကျူးကျော်တဲမှာနေတဲ့ မိဘမဲ့တစ်ယောက်အဖြစ် သရုပ်ဆောင်ရ မယ့် မေကဗျာက ဇာတ်ကား ရိုက်ကူးဖြစ်ပုံနဲ့ ပတ်သက်ပြီး

“မိဘမဲ့ဂေဟာကထွက်လာပြီး သူငယ်ချင်းတွေစုပြီး ကျူးကျော်မှာနေ ကြတယ်။ မကောင်းတာတွေ လုပ်ကြ တယ်။ မဟုတ်တာေ တွလုပ်စားတယ်။ အဲဒီလို ကာရိုက်တာလေးပါ။ ဦးဝင်းထွန်းထွန်းက သူလိုချင်တဲ့ပုံစံကို ကဗျာတို့ကို ကြိုပြောထားတယ်။ သူက ဆံပင် အရှည်လိုချင် တယ်လို့ ပြောတယ်။ ကဗျာဆံပင် ဆက်ရမယ်။ ဒီကာရိုက်တာကို ပရိသတ် ဝေဖန်မှာကို စိုးရိမ်စိတ်တော့မရှိပါဘူး။ အခုခေတ်ပရိသတ်ကလည်း နားတော့နားလည်လာပါပြီ။ အရင်လို အမြင်မကျဉ်းတော့ပါဘူး” လို့ ပြောပါတယ်။

 ဇာတ်ကားရိုက်ကူးမှုတွေ သိပ်မလုပ်ဖြစ်တော့တဲ့ မေက ဗျာက နောက်ပိုင်းမှာလည်း ကိုယ့်အတွက် လုပ်ကွက်ရှိမယ့် ဇာတ်ကားကိုပဲ ရွေး ချယ်ရိုက်ကူးသွားမှာဖြစ်ကြောင်း ပြော ပါတယ်။

“အရင်တုန်း ကဆိုလာသမျှ ဇာတ်ကားအကုန် လုံးကို ရိုက်ကူးတယ်။ ဇာတ်ကား ရိုက်ကူးရရင်ပြီး ရောဆိုပြီး ရိုက်ကူးတယ်။ ခု နောက် ပိုင်းတော့ အဲဒီလိုမရိုက်ကူးဖြစ်တော့ဘူး။ ကိုယ့်အတွက် လုပ်ကွက်ရှိမယ့်ဇာတ်ကား၊ ကိုယ့်အတွက်ကျန် မယ့် ဇာတ်ကားမျိုးကိုပဲ အချိန်ပေး ချင်တော့ တယ်။ တစ်ကားလုံးရိုက်ကူးပြီး အချိန်တစ်ပတ်၊ နှစ်ပတ်ပေးပြီး ဘာမှအကျိုးမရှိတဲ့  ဇာတ်ကား မျိုးမရိုက်ကူးချင်တော့ဘူး။ စိတ်က အသက် ကြီးလာတာကြောင့်လည်းပါတယ်။ စီးပွားရေး တဖက်လုပ်နေတာကြောင့်လည်း ပါတယ်။ နှစ်ခု ယှဉ်လိုက်လို့ရှိရင် ကိုယ့်အတွက် အကျိုးရှိတာကိုပဲ လုပ်ချင်တော့တယ်” လို့ ပြောပါတယ်။

ငယ်ငယ်တုန်းကတော့ အနုပညာကို ရူးသွပ်စွာလုပ်ခဲ့ပေမယ့် ကိုယ့်သမီးလေး ရှေ့ရေးအရ ပြန်စဉ်းစားကြည့်ရင်တော့ စီးပွားရေးက လုပ်သင့်ကြောင်း မေကဗျာက ပြောပါတယ်။

“ကဗျာ့ မေမေဆို လုံးဝ ဇာတ်ကား မရိုက်ကူးခိုင်းတော့ဘူး။ အနုပညာလော ကထဲက ထွက် ခိုင်းနေပြီ။ အရင်တုန်း က ကဗျာကို တအားဖြစ်စေချင်လို့ အနု ပညာကို တွန်းတင်ခဲ့တယ်။ အခု နောက် ပိုင်းကျတော့ မေမေကလုံးဝမလုပ်စေ ချင်တော့ဘူး။ ပင်ပန်းတာလည်း မကြည့် စေချင်ဘူး။ ကိုယ်က အနုပညာပိုး လေးရှိ သေးတော့ ဇာတ်လေးကောင်းရင် ရိုက်ကူးဖြစ် တော့ စီးပွားရေးကို ပိုဝင်စေချင်တယ် လို့ မေမေက ပြောတယ်” လို့ ပြောပါတယ်။

သတင်း၊ ဓာတ်ပုံ-တွယ်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here