ဇာတ်ကားရိုက်ကူးမှု ၂ နှစ်ကြာ နားထားရာမှ ပထမဆုံးပြန်လည် ရိုက်ကူးတဲ့ သူထူးစံ

0
371

Thu Htoo Sanဇာတ်ကားရိုက်ကူးမှုတွေ ၂ နှစ် ကြာနားထားတဲ့ သူထူးစံက အခုနောက်ပိုင်းမှာတော့ ဇာတ်ကားတွေ ပြန်လည်ရိုက်ကူးတော့မှာဖြစ်ပါတယ်။ ဇာတ်ကား ရိုက်ကူးမှု နားထားရခြင်းနဲ့ ပတ်သက်ပြီး သူထူးစံက..

” ကျွန်တော် နားလိုက်တာက ဟာသဇာတ်ကားတွေ တအားများတယ်။ ခြေထောက်ကျိုးသွားတာလည်းပါတယ်။ ၂ နှစ်နီးပါးလောက် ကြာသွားတယ်။ ကျွန်တော် ဇာတ်ကား မရိုက်ကူးတာပဲရှိပါတယ်။ အနုပညာ နဲ့ ပတ်သက်တဲ့အလုပ်ကိုလုပ်ဖြစ်တယ်။ ကျွန်တော်က အနုပညာသမားတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့် အနုပညာနဲ့ပတ်သက်တာပဲလုပ်ချင်တယ်။ အပြင်မှာ ကျွန်တော်ဘောလုံးတွေသွားကန်တော့ ပရိသတ်တွေနဲ့ တွေ့တဲ့အခါမှာ သူတို့ကဇာတ်ကားရိုက်ကူးခိုင်းကြတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ဇာတ်ကား ရိုက်ကူးမှုတွေကို ချိန်ပြီး တော့ လုပ်သွားမှာပါ”လို့ ပြောပါတယ်။ ဒါရိုက်တာ ဝင်းထွန်းထွန်း ရိုက်ကူးပုံဖော်မယ့် “ဗီဇ” ရုပ်ရှင်ဇာတ်ကား ကြီး ကို သူထူးစံလည်း ပါဝင်သရုပ် ဆောင်မှာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ထောင်ထွက်လူမိုက်ကာရိုက်တာနေရာ ကသရုပ်ဆောင်မယ့် သူထူးစံက ဇာတ်ကား ရိုက်ကူး ဖြစ်ခဲ့ပုံနဲ့ ပတ်သက်ပြီး..

” ဒီဇာတ်ကားမှာ ကျွန်တော်က မိဘမဲ့၊ ထောင်ထွက် လူမိုက်ကာရိုက်တာ။ ကျွန်တော့်ဆီလာတဲ့ ဇာတ်ကားတွေကိုက အဲဒီလိုပုံစံတွေချည်းပဲ။ ကျွန်တော် ဇာတ်ကားမရိုက်ကူးတာ လည်း ကြာပြီ။ ကိုလူမင်းနဲ့ လည်း မဆုံတာ ၁ဝ နှစ်လောက်ရှိပြီ။ အဓိကကတော့ ကိုလူမင်းရဲ့ဇာတ်ပါ” လို့ ပြောပါတယ်။

တွယ်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here