မြန်မာပေါကားတွေ ရပ်ဖို့ ပြောနေကြတာ ဘာကြောင့်လဲ

0
108

paw

ရုပ်ရှင်လောကသားတွေဖြစ်တဲ့ အရိုင်း၊ ကျော်ထူး၊ ခင်လှိုင်တို့ ၃ ဦးက ဆူးလေရှန်ဂီလာနဲ့ ဆာကူရာတာဝါ နှစ်ခုကြားလမ်းလယ်ကျွန်းပေါ်မှာ ဆန္ဒပြလူအုပ်ကြီးနဲ့အတူ မတ်တတ်ရပ်ကာ အော်လံမိုက်နဲ့ အော်ဟစ်ပြောဆိုနေကြတယ်။ သူတို့ အားလုံး ကိုယ်စီမှာလည်း “မြန်မာပေါကားတွေရပ်” ဆိုတဲ့ တူညီဝတ်စုံအင်္ကျီတွေကို ဝတ်ဆင်ထားတာကို တွေ့ရပြီး ဆန္ဒပြဆိုင်းဘုတ် ကိုယ်စီပါ တယ်။ သတင်းထောက်တွေကလည်း သူတို့၃ဦးနဲ့ လူအုပ်ကြီးနားမှာ ရစ်ဝဲနေကြပါတယ်။ ဘာအတွက် ချီတက် ဆန္ဒပြသည်ကိုတော့သရုပ်ဆောင် အရိုင်းက အော်လံမိုက်ကြီးကိုင်ကာ ရေရွတ်နေပါတယ်။

” ရဲဘော်တို့၊ ဒီနေရာကို စုရုံးပြီး ရောက်လာတာဟာ တော်လှန်ရေးတစ်ရပ်ကို ဆင်နွှဲဖို့စုရုံးပြီးရောက်လာတာဖြစ်တယ်။ ကျုပ်တို့ မြန်မာ့ ရုပ်ရှင်လောကဟာ မြန်မာပေါကား တွေ ရပ်ဆိုပြီးတော့ပြောရတဲ့ အခြေအနေကို ရောက်နေပြီ။ အဲ့ဒီလို ရောက်နေရတာ တခြားမဟုတ်ဘူး။ ကျုပ်တို့လောကသား အချင်းချင်း ဖိနှိပ်ချုပ်ချယ်ပြီး အထက်အောက် အနိုင်ကျင့်နေလို့ပဲဖြစ်တယ်။ ဒါတွေကို တွန်းလှန်ဖို့ကျုပ်တို့ တော်လှန်ရေးတစ်ရပ်ဆောင်ရွက်ရမယ်။ ခင်ဗျားတို့လိုက်မှာ။ ခင်ဗျားတို့ လိုက်မှာလား” လို့ ဦးအရိုင်းကမေးတော့ လူအုပ်ကြီးကလည်း “လိုက်မယ်။ လိုက်မယ်” ဆိုတဲ့ အသံတွေနဲ့ မြည် ဟိန်းနေခဲ့ပါတယ်။

ကိုခင်လှိုင်ကနေပြီး အော်လံ မိုက်ကို ဆက်ယူလိုက်တယ်။ ” ကျုပ်တို့ ကို မြန်မာပေါကားတွေ ရပ်လို့ပြော နေကြပြီ။ အဲ့ဒါဟာ ဘာကြောင့်လဲဆိုတော့ အချင်းချင်း မညီညွတ်လို့ပဲ။ တကယ်တော့ ရုပ်ရှင်ဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့ ပြယုဂ်တစ်ခုပဲဖြစ်တယ်။ အဲ့ဒီပြယုဂ်တွေ တိုးတက်နေသမျှ နိုင်ငံတိုးတက်နေတယ်လို့ အားလုံးက မှတ်ယူကြတယ်။ ဒီပြယုဂ်တွေကျဆုံးရင် နိုင်ငံကျဆုံးနေတယ်လို့ အား လုံးက မှတ်ထင်လာကြမယ်။ အဲ့ဒါတွေ မဖြစ်ဖို့အတွက် ကျွန်တော်တို့ ညီညီညွတ်ညွတ်တိုက်ပွဲဝင်ကြမှာလား။ တိုက်ပွဲဝင်မှာလား” လို့ ကိုခင် လှိုင်ကဆိုတော့ လူအုပ်ကြီးကလည်း “ဝင်မယ်..ဝင်မယ်” လို့ဆိုတဲ့ အသံတွေနဲ့ ဆက်လက်မြည်ဟိန်းပါတယ်။

ဦးကျော်ထူးက ဆက်ပြီးတော့ အော်လံမိုက်ကို လက်ဆင့်ကမ်းယူလိုက်ပါတယ်။ ကျုပ်တို့ ၃ယောက် ဟာ ဇာတ်ပို့ ဇာတ်ရံတွေ ဖြစ်တယ်။ ကျုပ်တို့ ဇာတ်ပို့ဇာတ်ရံတွေရဲ့ ဘဝ မြှင့်တင်ဖို့အတွက် အခုခွဲခြား ဆက်ဆံ မှုတွေအများကြီး ဖြစ်နေတယ်။ အဲ့ဒီတော့ ကျုပ်တို့ရုပ်ရှင်လောက တိုးတက်ဖို့အတွက်နဲ့ ဇာတ်ပို့ ဇာတ်ရံ တွေ တိုးတက်ဖို့အတွက် တိုက်ပွဲဝင်ရ မှာဖြစ်တဲ့အတွက် တိုက်မှာလား။ လိုက်မှာလား” လို့ဆိုတော့ လူအုပ်ကြီးကလည်း “တိုက်မယ်..လိုက်မယ်” လို့ လက် သီးလက်မောင်းတန်းဆိုတော့ ဦးကျော်ထူးက နိဂုံးချုပ်လိုက်တယ် “ချီတက်” ဆိုပြီး ညာသံပေးပြီး ကားလမ်းဖြတ်ကူးကြတော့တယ်။

အဲ့ဒီမှာပဲ ဒါရိုက်တာ မိုက်တီးက ဆက်ပြီးတော့ ဒိုင်ယာလော့ခ် ဆက်ချပါတယ်။ ရုပ်ရှင်လောကသားများ စည်းရုံးရေး( ဒို့အရေး ဒို့အရေး)၊ ခွဲခြားဆက်ဆံမှုမရှိရေး (ဒို့အရေး…ဒို့အရေး) မြန်မာပေါကားတွေ(ရပ်… ရပ်)စတဲ့ ဒိုင်ယာလော့ခ်တွေကိုတိုင် ပြီး မြို့တော် ခန်းမရှေ့ကို ဆက်လက် ချီတက်ဖို့အတွက် ဂိုက်လိုင်းချပေးပါတယ်။ ပြီးတာနဲ့ ဒါရိုက်တာ မိုက်တီးက နေပူကျဲကျဲထဲမှာ ကင်မရာမန်းတွေကို ဘယ်နေရာဘယ်ရှုထောင့်ကယူဆိုတာကို ညွှန်ကြားပြသနေရင်း ” မြန်မာ ပေါကားတွေရပ်+လို့ အမည်ပေးထားတဲ့ ရုပ်ရှင်ဇာတ်ကားရဲ့ဆန္ဒပြချီတက်ခြင်းဇာတ်ဝင်ခန်းတွေကို ပီပြင်သက်ဝင်အောင် ဖန်တီးနေခဲ့ပါတယ်။

ထက်လူ
ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here