လောကတိုင်းက ကျဆင်းဆုတ်ယုတ်နေတာပါ ဒါရိုက်တာ မိုက်တီး

0
181

Mike Tee

ဒါရိုက်တာ မိုက်တီးက “မြန်မာပေါကားတွေရပ်” ရုပ်ရှင်ဇာတ်ကားကို စတင်ရိုက်ကူးလျက်ရှိနေပြီး ရိုက်ကူးရက်ကိုတော့ ၁၅ရက်အထိယူထားတယ် ပါတယ်။ ဇာတ်ကားထဲမှာ ပလော့ခ်တွေများစွာ ပါဝင်နေပြီး “မြန်မာပေါကားတွေရပ်” ဆိုတဲ့ ခေါင်းစဉ် ကတော့ ဒီဇာတ်ကားရဲ့ Item တစ်ခုဖြစ်တယ်လို့ ဒါရိုက်တာ မိုက်တီးက ဆိုပါတယ်။

” အားလုံးသိနေခဲ့ကြတဲ့ လူမှုကွန်ရက်မှာ ဖြစ်ပွားနေတဲ့အရာတွေပါတယ်။ တကယ်ကိုပဲ မြန်မာ့ရုပ်ရှင်ကလည်း အရည်အသွေးနိမ့်ကျတယ်။ အဲဒါတွေ လည်း ပါတာပေါ့။ နောက်တစ်ခါမှာ အဲဒီအကြောင်း အရာတွေရဲ့ မှားခြင်း၊ မှန်ခြင်းတွေလည်းပါတယ်။ ပြီးတော့ ရုပ်ရှင်ကြည့် ပရိသတ်တွေ အတွက်ဖျော် ဖြေရေးကိုလည်း အဓိကထားထားပါတယ်” လို့ ဆိုပါတယ်။ “မြန်မာပေါကားတွေရပ်” ရဲ့အဓိက သရုပ်ဆောင်၃ဦးအဖြစ် အရိုင်း၊ ခင်လှိုင်၊ ကျော်ထူးတို့ သဘောတရား ကြောင့်သာဖြစ်ခဲ့ရခြင်းမှာ ဇာတ်လမ်းရဲ့သဘောတရားကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

” အဓိက ဇာတ်ကိုက သူတို့ ၃ ယောက်ကြောင့် ဖြစ်လာတာဖြစ်တယ်။ သူတို့သုံးယောက်က ဟီးရိုးပါ။ သူတို့ ၃ယောက်က ဖြစ်လာတဲ့ အဖြစ်အပျက်တွေ၊ ပဋိပက္ခတွေ၊ သူတို့စိတ်တွေနဲ့ မကျေနပ်မှုတွေကို ပုံဖော်ထားတာပါ” လို့လည်း ဆိုပါတယ်။ ဇာတ်ကားရိုက်ကူးမှု မတိုင်ခင်က ဒါရိုက်တာ မိုက်တီးက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာထက်မှာ Made in Burma ထွက် ပစ္စည်းတွေအားလုံးညံ့နေတဲ့အထဲမှာမှ ဘာကြောင့် မြန်မာ့ ရုပ်ရှင်တစ်ခုတည်းကို လက်ညှိုးဝိုင်း ထိုးပြောနေကြတာလဲဆိုတဲ့ အဓိပ္ပာယ်ပါ စာစုလေးကို စတေးတပ်အဖြစ်တင်ထားခဲ့တာကို တွေ့ရပါတယ်။

” အဲဒီအရာလေးကိုတော့ ဒီဇာတ်ကားကြည့်လိုက်ရင် ပိုပြီးတော့ ရှင်းသွားပါလိမ့်မယ်။ အမှန်မှာတော့ ကျွန်တော်တို့တစ်တွေရဲ့ မြန်မာပြည်ဘယ် လောကမှာမဆို၊ ဘယ်ပညာရပ်မှာမဆို အဘိုးထက် အဖေကညံ့တယ်။ အဖေထက်သားက ညံ့တယ်။ ကြိုက်တဲ့လောကကို ကြည့်ကြည့်ပါ။ သတင်းစာ လောကကိုပဲကြည့်ပါ။ ကြေးမုံဦးသောင်းခေတ်၊ ဟံသာဝတီ ဦးဝင်းတင်ခေတ်၊ နောက်ပြီးတော့ ဒီကနေ့ခေတ်မှာ နာမည်အကြီးဆုံးသတင်းစာဆရာ ဘယ်သူပေါ့။ အဲဒီမှာ ကွာခြားပါတယ်။ ဘယ်လောက်ကွာလဲပေါ့။ အဲဒါပါပဲ။ လောကတိုင်းက ကျဆင်းဆုတ်ယုတ်နေတာပါ။ ဘာကြောင့် ရုပ်ရှင်လောကကိုပဲလာပြီးပြောသလဲပေါ့” လို့ မှတ်ချက်ပြု ပြောပြပေးခဲ့ပါတယ်။

ထက်လူ၊ ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here