ကြိုးစား ရုန်းကန်နေရဆဲ နှင့် ဇာတ်ပို့ဇာတ်ရံ တို့၏ ဘဝများ

0
85

ZatPoeရုပ်ရှင်ဗီဒီယို ဇာတ်ကားတွေမှာ ဇာတ်လမ်း ဇာတ်ကွက် အချိတ် အဆက်မိစေပြီး ဇာတ်ရဲ့အတက် အကျလိုက်ကာ ဇာတ်ရုပ် ဇာတ် ကောင် ကို သဏ္ဌာန်လုပ် သရုပ်သကန် ပီပြင်နိုင်မှုရော၊ အနုပညာရသ မြောက်မှုပါ အခန်းကဏ္ဍ ပါဝင်မှု နှုန်းထားကနေ တစ်စိတ် တစ်ပိုင်း အပံ့အပိုးပြု ပေးသူတွေကတော့ ဇာတ်ပို့ဇာတ်ရံများပဲဖြစ်ပါတယ်။ ဇာတ်ပို့ ဇာတ်ရံ များရဲ့ အနုပညာ အခန်းကဏ္ဍ တစ်ထောင့် တစ်နေရာ ဖြည့်ဆည်း ပေးနိုင်မှုကနေ ဇာတ် လမ်း အနှစ် သာရရော၊ အဓိက ဇာတ်ဆောင် ဇာတ်ရုပ်များရဲ့ စရိုက် သဘာဝရော၊ သရုပ် ဆောင် အနုပညာ စွမ်းဆောင်ရည် တို့ ကိုပါထင်ရှား ပေါ်လွင်စေပြီး အနုပညာရသ အမြောက်ဆုံး အကောင်း ဆုံးဇာတ် ကားတစ်ကား အဖြစ် မှတ်တမ်းတင် ကျန်ရစ်မှာပဲဖြစ်ပါ တယ်။ ဒါကြောင့် ရုပ်ရှင် ဗီဒီယိုဇာတ်ကား တွေမှာ ဇာတ်ပို့ဇာတ်ရံ များရဲ့ သရုပ်ဆောင် အနုပညာနဲ့ သရုပ်ဆောင် အတတ် ပညာတို့ဟာ အရေးကြီးတဲ့ အခန်း ကဏ္ဍ ဘယ်လောက်အတိုင်းအတာ ရှိနေလဲဆိုတဲ့ ဇာတ်ပို့ ဇာတ်ရံများရဲ့ အနုပညာလောက ဖြတ်သန်းမှု ကိုယ်တွေ့ အမြင်များကို စုစည်း ဖော်ပြ လိုက်ရပါတယ်။

ဇာတ်တစ်ခုမှာဇာတ်ပို့ ဇာတ်ရံမရှိဘဲနဲ့တော့မဖြစ်နိုင်ဘူး
အရိုင်း

ဇာတ်ကားတစ်ကားမှာ ဇာတ်ပို့ ဇာတ်ရံက percentage  ဘယ် လောက်ထိ ပါရမလဲ ဆိုတာလည်း ရှိသေးတယ်။ သူပါဝင်တဲ့ ဇာတ်ရဲ့ အနေအထားပေါ် မှာလည်း မူတည် ပါတယ်။ ဇာတ်တစ်ခုမှာ ဇာတ်ပို့ ဇာတ်ရံ မရှိဘဲနဲ့တော့ မဖြစ်နိုင်ဘူး။ ပါဝင်တဲ့ ရာခိုင်နှုန်းနဲ့ အမျိုးအစား ဆိုတာကတော့ ပြောလို့မရဘူး။ တစ်ခုတော့ ရှိပါတယ်။ ကိုယ့်ရဲ့ ကြိုးစား အားထုတ်မှုပေါ် မှာလည်း မူတည်ပါသေးတယ်။ အလုပ်တိုင်း မှာတော့ အခက်အခဲ အမျိုးမျိုး ရှိကြ တာပဲ။ ဇာတ်ပို့ ဇာတ်ရံတွေရဲ့ နေရာ က ဘယ်လောက်အထိ အရေးကြီး လည်းဆိုရင် ဇာတ်ကားပေါ်မှာပဲ မူတည်ပါတယ်။

ဇာတ်ပို့ ဆိုတာတစ်ခန်း တည်း ပါဝင်နေလည်း ဒီတစ်ခန်းတည်း အလျှောက် ဇာတ်ကို ထိရောက်စွာ ပံ့ပိုးပေးနိုင်ရမယ်
ခင်လှိုင်

ကျွန်တော်တို့ အခု သရုပ် ဆောင်နေတဲ့ “မြန်မာပေါကား တွေ ရပ်” ရုပ်ရှင်ဇာတ်ကားမှာ ဆိုရင် ကျွန်တော်ရယ်၊ ကိုအရိုင်းရယ်၊ ကိုကျော်ထူးရယ် က  အဓိက ဇာတ် ဆောင်တွေပေါ့။ ဒါတွေက ဘာကို ပြလဲ ဆိုရင် ကျွန်တော်တို့ ရဲ့ Team Workဖြစ် တာလေးကို ပြတာ ဖြစ်ပါတယ်။ အဓိကက ခင်လှိုင် ခေါင်းဆောင် ဖြစ်လို့ မင်းသားတွေ ကနေပြီး Support  လာမလုပ်ပေး တာမျိုးတော့ မရှိပါဘူး။ ဒီလိုပါပဲ မင်းသား အသစ်လေး တွေကိုလည်း ကျွန်တော်တို့တွေ အပါအဝင် ဇာတ်ပို့ အကြီးတွေ၊ မင်းသမီး အကြီးတွေက လက်တွဲခေါ်ယူ ခဲ့ကြတာပါပဲ။ သူတို့ တွေလည်း ဟောင်းလာတဲ့ အချိန်မှာ နောက် အသစ်လေးတွေကို လက်တွဲ ခေါ်ကြတယ် ဆိုတာ ကျွန်တော်တို့ ရုပ်ရှင်လောက လေးရဲ့ အစဉ်အလာ ဓလေ့စရိုက်ပဲ ဖြစ်ပါတယ်။ အဲ့လို ပါပဲ ကျွန်တော်တို့က အဓိက ဇာတ်ဆောင် အဖြစ် ပါဝင်လာတယ် ဆိုတော့လည်း တစ်လောကလုံး မှာ ရှိတဲ့ အခုလက်ရှိ အောင်မြင် နေ တဲ့ မင်းသား၊ မင်းသမီးတွေ အားလုံး က ဝိုင်းဝန်း ကူညီကျတဲ့ အတွက် အရမ်း ကြည်နူးစရာ ကောင်းပါတယ်။ ဒါ သည်နွေးထွေးမှုကို ပြသတာ ဖြစ်တဲ့ အတွက် အင်မတန် ကြည်နူးဖို့ကောင်း ပါတယ်။ ဇာတ်ပို့ ဆိုတာ ကလည်း တချို့ဆိုရင် အဓိက ဇာတ်ပို့သာမန် ဇာတ်ပို့ ဆိုပြီးတော့ ခွဲခြားတာ ရှိပေမယ့် အမှန်တော့ အားလုံးသည် အဓိကဇာတ်ပို့ သရုပ်ဆောင်တွေ ချည်းပဲ ဖြစ်ကြပါတယ်။ ဇာတ်ပို့ ဆိုတာ တစ်ခန်းတည်း ပါဝင် နေ လည်း ဒီတစ်ခန်းတည်း အလျှောက် ဇာတ်ကို ထိရောက်စွာ ပံ့ပိုးပေးနိုင် ရမယ်။၊ ဒါမှသာလျှင် ဇာတ်ရဲ့ Tempo အနိမ့်အမြင့်က မြင့်တက် လာမှာ ဖြစ်ပါတယ်။ ဇာတ်ပို့တစ်ယောက်ရဲ့ အခန်းကဏ္ဍက သိပ်ကို အရေးကြီး ကျယ်ပြန့်ပါတယ်။

ဇာတ်ပို့ဇာတ်ရံ က ဇာတ်ကား တစ်ကားမှာ မဖြစ်မနေပါ ဖို့အတွက်က နည်းသွားပြီ
ကျော်ထူး

ဇာတ်ကားတစ်ကားမှာ ဇာတ်ပို့ ဇာတ်ရံက အရမ်း အရေးပါတယ်။ ဇာတ်ကား တစ်ကားကောင်းဖို့၊ ပရိသတ်ဆီကို ချပြဖို့အတွက် တတ် နိုင်သလောက် ကိုယ်ကျရာ ဇာတ်ရုပ် က ပံ့ပိုးပေးရတယ်။ မရှိမဖြစ်လို့ လည်း ပြောလို့ရတယ်။ ဒါပေမဲ့ အခု နောက်ပိုင်းက မရှိမဖြစ် ပုံစံမျိုး မဟုတ်တော့ဘူး။ ဇာတ်ပို့ဇာတ်ရံက ဇာတ်ကား တစ်ကားမှာ မဖြစ်မနေပါ ဖို့အတွက်က နည်းသွားပြီ။ ဝိတ် လျော့တဲ့ သဘောမျိုး ဖြစ်သွားပြီ။ ဥပမာ ဦးကျော်ထူးကို ဇာတ်ပို့ဇာတ် ရံ တစ်ယောက် အနေနဲ့ ငှားမယ်ဆို ရင် ဦးကျော်ထူးရဲ့ ငွေပမာဏ များတယ်လို့ တွက်ပြီးတော့ နောက်တက်လာတဲ့ လူရွှင်တော် အသစ်လေးတွေကို ဦးကျော်ထူး တစ်ယောက် သုံးမယ့် အစား လေး ယောက်သုံးလို့ ရတာမျိုး လေး တွေလည်း ရှိတယ်။ အရည် အချင်း ကို သူတို့ မတွက်တော့ဘူး။ အရေ အတွက်နဲ့ပဲသွားကြတာ။ ဒီ ဇာတ် ကားတစ်ကား ကောင်းခြင်း၊ မကောင်းခြင်းဆိုတာ နောက်တော့ သူ့ဘာသာသူ အဖြေထွက် သွားတာ ပဲ။ ဇာတ်ပို့ ဇာတ်ရံတွေ ရဲ့ဘဝက အဲဒီလိုပါ။ မပါမဖြစ်လို့လည်း ပြောလို့ရတယ်။ မပါဘဲနဲ့ လည်း ရတယ်။ သုံးလေးယောက် နဲ့ ဇာတ် ကားတစ်ကား ပြီးသွားတတ်တာမျိုး တွေ ရှိတော့ ဇာတ်ပို့ဇာတ်ရံတွေ မလိုတော့ဘူး။ အဲလို အခက်အခဲ လေးတွေရှိပါတယ်။

ဇာတ်ကား တစ်ကားမှာ ဘယ်လိုပုံစံနဲ့ပဲ ဇာတ်ပို့ရပို့ရ ဇာတ်ထဲမှာ စိတ်ထည့်ပြီး ရိုက်ကူးတယ်
စိုင်းအောင်တင့်

ဇာတ်ကားတစ်ကားမှာ ဇာတ်ပို့ ဇာတ်ရံ အလွှာက ဇာတ်တစ်ခုမှာ အရေးကြီးပါတယ်။ ဇာတ်ကို ကောင်း အောင်ပို့ပေးရတယ် ဆိုတာ ဇာတ်ပို့ ဇာတ်ရံက တအား အရေးကြီး ပါ တယ်။ ဖိုက်တင် ဇာတ်ကားမှာ မင်းသားကောင်းဖို့ အတွက် ဇာတ်ပို့ တွေက မွှေပေးရတယ်။ ဒါကြောင့် တအား အရေးပါပါတယ်။ အခုခေတ် မှာတော့ ဇာတ်ပို့ဇာတ်ရံ တွေ အပေါ် ပွင့်လင်းမြင်သာမှု ရှိပြီဖြစ်တဲ့အတွက် ဇာတ်ပို့ဇာတ်ရံ တွေလုပ်ရတာ အဆင် ပြေမှု ရှိလာတယ်။ ဇာတ်ကား တစ် ကား မှာ ဘယ်လိုပုံစံ နဲ့ပဲ ဇာတ်ပို့ ရပို့ရ ဇာတ်ထဲမှာ စိတ်ထည့်ပြီး ရိုက် ကူးတယ်။

မြန်မာ့ရုပ်ရှင်နှစ် ၁ဝဝ ပြည့် ဖြစ်လာသလိုပဲ နောက်ထပ်လည်း အဓွန့်ရှည်အောင် အားလုံး ဆက်လက် ကြိုးစား သွားကြမှာပါ
ဝါဝါအောင်

ဇာတ်ပို့ဇာတ်ရံဆို ဟိုးရှေးအစဉ် အဆက်ကတည်း ကိုက အရေးကြီးတဲ့ အခန်း ကဏ္ဍမှာ ပါဝင်ပါတယ်။ ဇာတ်ကား တစ်ကား ဆိုတာလည်း ဇာတ်ပို့ဇာတ်ရံ မပါရင် မပြီးပါဘူး။ ဇာတ်ကားတစ်ကား အဆင်ပြေစွာ နဲ့  ဇာတ်ကိုရောက်အောင် ဇာတ်ပို့တွေ က ပို့ပေးရတယ်။ နောက်ပိုင်းမှာ လည်း အဓိကမင်းသား၊ မင်းသမီး ပြီးတာနဲ့ သရုပ်ဆောင် နေရတာက သူတို့နှစ်ယောက်ကို ပို့ပေးတဲ့ ပုံစံ မျိုးကို တော်တော်လေး ရိုက်ကူးလာ ကြတယ်။ ဇာတ်ကား တစ်ကားဆိုတာ လည်း တစ်ယောက်တည်း ကောင်း နေလို့ မပြီးသေးဘူးလေ။ အားလုံး တက်ညီလက်ညီ နဲ့ အဓိကသရုပ် ဆောင်ရော၊ ဇာတ်ရံတွေရော အကုန်လုံး ကောင်းမှသာ ဇာတ်ကား ကောင်း တစ် ကား ဖြစ် လာတာပါ။ အခုချိန်မှာ ဇာတ်ပို့၊ ဇာတ်ရံတွေက အရင်ကထက် ပိုလို့တောင် များလာ ပါသေးတယ်။ အန်တီဝါ အပါအဝင် တခြား မင်းသမီး ကျတွေဆို အဓိက ဇာတ်ရံတွေ ဖြစ်လာတယ်။ နောက် ထပ် တချို့ တချို့သော သရုပ်ဆောင် တွေလည်း ဇာတ်ပို့ ဇာတ်ရံနေရာ ကို ဝင်တာ အများကြီး ရှိလာပါတယ်။ ဇာတ်ပို့တွေ က အရင်ကထက် များ လာတဲ့အတွက် ရုန်းကန်ကြရ တာ ပါပဲ။ နေရာတစ် ခုမရမချင်းတော့ အားလုံး ရုန်းကန် ကြရတယ်။ ကြိုးစားရမယ်။ အန်တီဝါတို့လည်း ဒီလမ်းကို လျှောက်လှမ်း ခဲ့ကြတာပါ။ အန်တီဝါ ရဲ့နောက်မှာ အသက်မွေး ဝမ်းကြောင်း ဆိုတာရယ်၊ နောက်ခံ မိသားစု အတွက် ဆိုတာရယ်တွေနဲ့ ကြိုးစား နေဆဲ၊ ရုန်းကန်နေကြဆဲပဲ။ အဆင် ပြေတယ် ဆိုကြရုံလေးပါ။ အန်တီဝါ ရောက်နေတဲ့ အနေအထား နဲ့ ဇာတ်ပို့နေရာမှာ တန်းတစ်ခု၊ နေရာ တစ်ခုတော့ ပေး လာကြတယ်။ ဇာတ်ကားရိုက် ပဲဖြစ်ဖြစ်၊ ပွဲအခမ်း အနား တစ်ခုကို သွားတာပဲဖြစ်ဖြစ် နေရာ ပေးတယ်။ အန်တီဝါလည်း ဟိုးအရင် က နေရာပေး မခံရတာတွေ ဖြစ်ခဲ့ဖူးတယ်။ အခုချိန်မှာ အန်တီဝါ့ အခြေ အနေ အလျောက် ထိုက်သင့် တဲ့တုံ့ပြန်မှု တစ်ခုတော့ရှိလာ ပါ တယ်။ အန်တီဝါ တို့လောက သား တွေကလည်း မြန်မာ့ရုပ်ရှင် နှစ်၁ဝဝ ပြည့် ဖြစ်လာသလိုပဲ နောက် ထပ် လည်း အဓွန့်ရှည်အောင် အားလုံး ဆက်လက် ကြိုးစားသွားကြမှာပါ။


LEAVE A REPLY

Please enter your comment!
Please enter your name here