ဝမ်းသာစရာသတင်းကောင်းကို ပရိသတ်ထံဝေမျှတဲ့ ဦးချမ်းသာ

0
207

Chan Thar copy

သဘင်မင်းသားကြီးဦးချမ်းသာ က လည်ပင်းမှာဖြစ်ပေါ်လာတဲ့ အကျိတ်နှစ်ခုအတွက် နှင်းဆီကုန်း ဆေးရုံကြီးမှာ နားနှာခေါင်းလည် ချောင်းအထူးကုဆရာဝန်ကြီးAP ဒေါက်တာဦးခင်မောင်သန်း ထံကု သမှုခံယူခဲ့ရပါတယ်။ သွေး စစ်ဆေး ခြင်း၊ ဓါတ်မှန်ရိုက်ယူခြင်းနဲ့ Biopsy အသားစထုတ်ယူစစ်ဆေးခဲ့သည်။ အဖြေကို ဖေဖော်ဝါရီ၂ဝရက်နေ့က ရရှိခဲ့ကာ သံသယဖြစ်နေသော တီဘီ ကင်ဆာမဟုတ်ဘဲ သာမန် အကျိတ်မျှ သာဖြစ်ကြောင်း သိရှိခဲ့ရပါတယ်။ သွေး အဖြေကိုလည်း စစ်ဆေးခဲ့ရာမှာ အကုန်လုံးအောင်မြင်ခဲ့ပြီး လည်ပင်း အကျိတ်အနေနဲ့ဆေးသောက်လျှင် တဖြည်းဖြည်းအရောင် ကျသွားနိုင် သလိုခွဲစိတ်မှုခံယူရုံဖြင့် ပျောက်ကင်း နိုင်ကြောင်းကို သိရှိခဲ့ကြောင်း ဦးချမ်း သာက စိုးရိမ်နေကြ တဲ့သူ့ရဲ့ပရိသတ် အတွက်ဝမ်းသာစရာ သတင်းကောင်း ကို ပြောပြခဲ့ပါတယ်။

“အနန္တငါးဖြာရဲ့ ဂုဏ်ကျေးဇူး၊ ကျေးဇူးရှင် ပရိသတ်များရဲ့မေတ္တာကျေးဇူးကြောင့်ရောချစ်သောဇနီးသည် စိုးရဲ့ အနွေးထွေးဆုံးပြုစုစောင့် ရှောက်မှုများကြောင့် ကျွန်တော် သဘင်လောကမှာတာဝန်တွေ ဆက် လက်ကျေသွားနိုင်ဦးမှာပါလို့ သတင်းကောင်းပါးအပ်ပါတယ်” လို့ ဦးချမ်းသာက ပြောပြခဲ့ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here