မိုးပြည့်ပြည့်မောင်ပြောတဲ့ သူ့မိသားစုအကြောင်း

0
371

Moe Pyae Pyae Mg

သာယာပျော်ရွှင်တဲ့မိသားစု ဘဝကိုပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင် မိုးပြည့်ပြည့်မောင်တို့ အိမ်ထောင်သက်က ၇နှစ်ထဲရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ အိမ်ထောင်သက်တစ်ခုတည်မြဲဖို့ကလည်း အရာအားလုံးရဲ့ ပံ့ပိုးမှုကြောင့်လည်းဖြစ်ပြီး ရင်ထဲကဆန္ဒ၊ နားလည်မှု၊ ချစ်ခြင်းမေတ္တာ သံယောဇဉ်တွေလည်း အရမ်းအရေးကြီးကြောင်း မိုးပြည့်ပြည့်မောင်က ပြော ပါတယ်။

” အရာအားလုံးရဲ့ ပံ့ပိုးမှုကြောင့်ပါ။ တစ်ဦးတည်းနဲ့တော့ ပျော်ရွှင်တဲ့ မိသားစုဘဝကို ပိုင်ဆိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ မိုးပြည့်တော်လို့၊ ဒီမိသားစုကို အခွင့်အရေးတွေ ပေးလို့၊ မိုးပြည့် ပျော်ရွှင်ရတာ မဟုတ်ပါဘူး။ မိုးပြည့်အနုပညာ ထွက်လုပ်လို့ရအောင် အမေ၊ အဒေါ်တွေက သမီးလေးကို ထိန်းပေးလို့ စိတ်ဖြောင့်ဖြောင့်နဲ့ ထွက်လုပ်လို့ ရတယ်။ နောက်တစ်ခုက ကိုကြီးက မိုးပြည့်ကို နားလည်ပေးတယ်။ နားလည်မှုတစ်ခုတည်းနဲ့ အမြဲတမ်းနားလည်ပြီး ဖြည့်တွေးလို့မရဘူး။ သူ့ဘာသာသူရင်ထဲကဆန္ဒ၊ ရင်ထဲက နားလည်မှု၊ တကယ်ချစ်မချစ်၊ မေတ္တာ၊ သံယောဇဉ်တွေ အရေးကြီးပါတယ်။ မိုးပြည့်က အနုပညာ တွေ တောက်လျှောက်လုပ်ရတော့ မိန်းမပီသတဲ့ အထဲမှာမပါဘူး။ ဒါပေမဲ့ မိုးပြည့်မိသားစုကို တကယ် ချစ်တယ်။ ဟန်မဆောင်ဘူး။ လေးစား တယ်။ ယုံကြည်တယ်။ တကယ်ချစ်ပြီး၊ တကယ် တန်ဖိုးထားတဲ့အတွက် မိုးပြည့်စိတ်ရင်းပုံမှန် အတိုင်း ပြန်ခံစားရပါတယ်’ လို့ဆိုပါတယ်။

နယ်တွေမှာ သီချင်းဆို၊ အငြိမ့်တွေကဖြစ်နေတဲ့ သရုပ်ဆောင် မိုးပြည့်ပြည့်မောင်က ကိုယ်အရမ်းချစ်တဲ့ အနုပညာ အလုပ်ဖြစ်တဲ့ အတွက်ကြောင့် လုပ်ခွင့်ရတဲ့ အချိန်ထိ အနုပညာအလုပ်ကို လုပ်သွားမှာဖြစ် ကြောင်း ပြောပါတယ်။ ” အနုပညာအလုပ်ဆိုတာက အသက်အရွယ်နဲ့လည်း ဆိုင်တယ်။ အသက်အရွယ် ကြီးလာရင် ဒီအလုပ် ကို လုပ်ချင်ရင်တောင် လုပ်လို့ရမှာမဟုတ်တော့ဘူး။ အချိန်နဲ့ အရွယ် နဲ့ရှိတုန်း အခွင့်အရေးရတုန်း မိုးပြည့် အနုပညာအလုပ်ကို မညည်းညူဘူး။ ဒါမိုးပြည့်အရမ်းချစ်တဲ့ အနုပညာ အလုပ်ဖြစ်တဲ့အတွက်ကြောင့် အနုပညာအလုပ်ကို လုပ်ခွင့်ရတဲ့ အချိန်ထိ လုပ်နေမှာပါ” လို့ ပြောပါတယ်။ မိုးပြည့်ပြည့်မောင်က ဒါရိုက်တာ မိုက်တီး ရိုက်ကူးပုံဖော်တဲ့ “မြန်မာပေါကားတွေရပ်” ရုပ်ရှင်ဇာတ်ကားကြီးမှာ မွန်တိုင်းရင်းသူတစ်ယောက်အဖြစ်လည်း ပါဝင် သရုပ်ဆောင်ထားပါတယ်။

တွယ်တာ၊ ဓာတ်ပုံ-မင်းမင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here