သဘင်သီချင်းပြိုင်ပွဲတွင် အကောင်းဆုံးသဘင်သီချင်းဆုအဖြစ် ရွေးချယ်ခံရတဲ့ သဘင်သီချင်းအား ဆုငွေသိန်း(၅ဝ)နဲ့ ရွှေနှစ်ကျပ်သားချီးမြှင့်

0
112

thabin

မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို) မှစီစဉ် ကျင်းပတဲ့ သဘင်သီချင်းပြိုင်ပွဲတွင် အကယ်ဒမီ စိန်မွတ္တားရဲ့သား နောင်နောင်(ယဉ်ကျေးမှုတက္ကသိုလ်)ရေးသားတဲ့ “အမျိုးသားရေးအတွက်သဘင်”သီချင်းက ပထမဆုအဖြစ်ရွေးချယ်ချီးမြှင့်ခြင်း ခံခဲ့ရပါတယ်။ မြန်မာတစ်ပြည်လုံးမှ ပညာရှင်များနဲ့ ဝါသနာရှင်များ က ပေး ပို့လာတဲ့ တေးသီချင်း၁၅ ပုဒ်ထဲ ကမှအများ ဆုံးကို နောက်ဆုံး ဆန်ကာတင်အဖြစ်ရွေးချယ်ခဲ့ပြီး အဆိုပါ ၅ပုဒ်ထဲကမှ တစ်ပုဒ်ကို သဘင်လောကသား များရဲ့ရှေ့မှောက်မှာပဲ အကဲဖြတ်ဒိုင်များမှ သဘင်သီချင်းအဖြစ်ရွေးချယ် လိုက်ခြင်းပဲဖြစ်ပါတယ်။ အကဲ ဖြတ်ဒိုင်များအဖြစ် စည်သူရွှေနန်းတင်၊ ဆရာချစ်ဦး ညို၊ ဦးအောင်တင်ဝင်း၊ တေးရေးနိုင် မြန်မာ၊ ဦးစိန် ဘမော်၊ ဦးနန်းဝင်း၊ ဦးချမ်းသာ၊ ဦးမိုးဝင်းစတဲ့ ပညာရှင်ကြီးများက ရွေးချယ်အကဲဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။ မြန်မာ့ဇာတ်သဘင်အတွက် သဘင်သီချင်းပြိုင်ပွဲပြုလုပ်ရခြင်းနဲ့ပတ်သက်လို့ သဘင် အစည်းအရုံး(ဗဟို) ဥက္ကဋ္ဌ ဦးဖိုးချစ်က ..

” ရုပ်ရှင်ဆိုရင် သူတို့ရဲ့ ပွဲလမ်းသဘင်ပွဲတွေမှာ မြန်မာ့ မြန်မာ့ရုပ်ရှင်သီချင်းကို ဖွင့်ကြတယ်။ ကျွန်တော်တို့ သဘင်မှာတော့ သဘင်ကို ကိုယ်စားပြုတဲ့သီချင်း မရှိဘူးလို့ ကျွန်တော့်စိတ်ထဲမှာ ခံစားမိတဲ့အတွက် သဘင်ထုကို ကိုယ်စားပြုမယ့် သဘင်သီချင်း တစ်ပုဒ် ဖြစ်ဖို့အတွက် မျှော်လင့်ခဲ့တာကြာပါပြီ။အဲဒီအတွက် တာဝန်ယူခွင့်ရတဲ့ အချိန်မှာ သဘင်သီချင်းတစ်ပုဒ်ရှိရင် ကောင်းမှာပဲဆိုတဲ့အတွေးကို ကျွန်တော့်ရဲ့ လုပ်ဖော် ကိုင်ဖက်တွေ ဆရာသမားတွေကို ပြောပြတဲ့အခါမှာ အားလုံးက သဘောတူပါတယ်။ နောက်ပြီးတော့ ပြိုင်ပွဲ အသွင် ဘာဖြစ်လို့ဆောင်သလဲ၊ တစ်ဦးတစ်ယောက် ပညာရှင်ကိုသွားပြီးတော့ရေးခိုင်းလို့မရဘူးလား၊ အကူ အညီတောင်းလို့ မရဘူးလားဆိုတော့ ရပါတယ်။ သို့သော်ငြားလည်းပဲ ပြိုင်ပွဲဆိုတာထက် ဒီသဘင်ပေါ် မှာ ပိုပြီးတော့ စိတ်ဝင်စားလာတဲ့ စိတ်တွေ၊ စောင့် ရှောက်ချင်တဲ့ စိတ်တွေ ဖြစ်လာဖို့အတွက် ရည်ရွယ်ပါ တယ်။ နောက်တစ်ခုက သဘင်သီချင်းပြိုင်ပွဲ ရွေးချယ် တဲ့ပုံစံက အင်မတန်မှရှင်းလင်းပါတယ်။ ပြိုင်ပွဲအတွက် ပေးပို့လာတဲ့ စာရင်းတွေအားလုံးဟာ ကုဒ်နံပါတ်တွေနဲ့ မှတ်ပြီးဘယ်သူဘယ်ဝါက ဒီသီချင်းကို ရေးတယ်ဆိုတာ ကျွန်တော်တို့ကအစ လုံးဝမသိအောင် တစ်ခါတည်း သိမ်းဆည်းထားပါတယ်။ အကဲဖြတ်ဆုံးဖြတ်ပေးကြ မယ့် ပညာရှင်ကြီးများဆီကိုလည်း ဘယ်သီချင်းကတော့ ဘယ်သူဘယ်ဝါက ရေးတယ်ဆိုတာ မသိအောင်လည်း တစ်ခါတည်း ကုဒ်နာမည်နဲ့ တေးသီချင်းကိုသာ ပေးပို့ ခဲ့တာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော် တို့ စိတ်ထဲမှာ ဘယ်သူရေးရင်ဆိုတဲ့ လွှမ်းမိုးမှုတွေ၊ တစ်ခြား အထင်အမြင်လွဲမှားမှုတွေ ဖြစ်မှာစိုးတဲ့ အတွက် ဒီလိုဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ပညာရှင် များအားလုံး ရွေးချယ်တဲ့သီချင်းအပေါ်မှာမှ ဒါက ဘာသီချင်းဆိုတော့မှ ကုဒ်နံပါတ် ဘယ်လောက်၊ ဘယ် သူရေးတာပါဆိုပြီး ကျွန်တော်တို့ကကြော်ငြာရမှာ ဖြစ် ပါတယ်။ ကျွန်တော်တို့ ကိုယ်တိုင်က သိအောင်ကြိုးစား မထားပါဘူး” လို့ ပြောပါတယ်။

အကောင်းဆုံးသဘင် သီချင်းအဖြစ် ရွေးချယ်ခံရ တဲ့ သီချင်းကိုတော့ ကျပ်သိန်း(၅ဝ)ချီးမြှင့်ခဲ့ပြီး ဒီဆုငွေ အတွက်ကိုတော့ စံပြသဘင်မှ လှူဒါန်းထားတာ ဖြစ်ပါ တယ်။ အဲဒီအပြင် အကောင်းဆုံး သဘင်သီချင်းဆုကိုပဲ လောကနတ် ရွှေရုပ်နဲ့ ရွှေနှစ်ကျပ်သားပါတဲ့ ရွှေပြားကိုလည်းထပ်မံချီးမြှင့်ခဲ့ပါတယ်။ ကျန်ရှိတဲ့ အထူးဆုများ ကိုတော့ ကျပ်၅သိန်း ချီးမြှင့်ခဲ့ပြီး ပြိုင်ပွဲဝင်သမျှ ပညာ ရှင်တိုင်းကို တစ်ဦးလျှင် သီချင်းတစ်ပုဒ်ကို ၂ သိန်းစီ ချီးမြှင့်ခဲ့ပါတယ်။ အကောင်းဆုံး သဘင်သီချင်းအဖြစ် ရွေးချယ်ခံရတဲ့ “အမျိုးသားရေးအတွက် သဘင်” သီချင်းကိုတော့ သဘင်ထုအကုန်လုံး အသုံးပြုကြမှာ ဖြစ်ပြီး သဘင်နဲ့ပတ်သက်တဲ့ပွဲမျိုးတွေမှာ အဖွင့်သီချင်း ကို ဒီသဘင်သီချင်းနဲ့ပဲ သီဆိုကခုန်ကြမှာဖြစ်ကြောင်း လည်း သိရပါတယ်။ သဘင်သီချင်းပြိုင်ပွဲကိုတော့ ဖေဖော်ဝါရီလ၂၂ ရက်နေ့၊ ည၇နာရီက ရန်ကုန်မြို့၊ အမျိုးသားဇာတ်ရုံမှာ ပြုလုပ်ခဲ့ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here