ရုပ်ရှင်ဇာတ်ကား ရိုက်ကူးဖို့ တစ်နှစ်လောက် ကြိုတင် ပြင်ဆင်ခဲ့ရတဲ့ မေဆူးမောင်

0
206

May Suu Mg

မော်ဒယ်ရှိုးတွေ အများဆုံးလျှောက်ဖြစ်နေတဲ့ မော်ဒယ်မေဆူးမောင်က လတ်တလောမှာ ပြက္ခဒိန်တွေနဲ့ ကြော်ငြာတွေကိုလည်း ရိုက်ကူးထားတယ်လို့သိရပါတယ်။ မေဆူးမောင်က ဒါရိုက်တာထူးပိုင်ဇော်ဦး ရိုက်ကူးထားတဲ့ “ည” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း သရုပ်ဆောင်နေပြီး ဒီဇာတ်ကားမှာ သူနဲ့အတူ သရုပ်ဆောင်သစ်များစွာ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားရိုက်ကူးဖို့အတွက် တစ်နှစ်လောက် ကြိုတင်လေ့လာခဲ့ရကြောင်းကို မေဆူးမောင်က ..

” ထုတ်လုပ်ရေးကလည်း အသစ်၊ ဒါရိုက်တာကလည်းအသစ်၊ သရုပ်ဆောင်မင်းသား၊ မင်းသမီးတွေ အားလုံးကလည်း အသစ်တွေပါပဲ။ ဇာတ်လမ်းပုံစံက တစ်ယောက် က ကိုယ်အပြစ်လုပ်လိုက်ရင် တစ်ယောက်ကို အပြစ်ပြန်ပုံချတယ်။ အဲဒီလိုမျိုးလှည့်ကွက်လေးတွေနဲ့ တအားကောင်းပါတယ်။ ဒီဇာတ်ကားထဲမှာ ညီမကို ငိုနေတဲ့ ကာရိုက်တာနဲ့ပဲ သရုပ်ဆောင်ထားတာ တွေ့ရမှာပါ။ ဒီဇာတ်ကားအတွက် training ချည်းပဲတစ်နှစ်လောက် လုပ်ခဲ့ရတယ်။ သူများတွေလို အခုဇာတ်လမ်းရ အခု ရိုက်ကူးမဟုတ်ဘူး။ ပါဝင်သရုပ်ဆောင်တဲ့သူ အားလုံးက တစ်နှစ်လောက် အချိန်ပေးခဲ့ရတယ်။ အဲဒီအိုက်တင်ကိုလည်း လေ့ကျင့်ရတယ်။ ဇာတ်ညွှန်းက ရိုက်ကူးခါနီး တစ်လလောက် အလိုမှရတယ်။ အရှေ့မှာ ကိုယ့်အိုင်ဒီယာနဲ့ကိုယ် ဒါရိုက်တာရဲ့ သင်ပြမှုနဲ့ ညီအစ်ကို မောင်နှမတွေချည်းပဲ training ချည်းပဲလုပ်ရတာ တစ်နှစ်လောက် ကြာသွားတယ်” လို့ပြောပါတယ်။ မေဆူးမောင်က ဒါရိုက်တာ မောင်မျိုးမင်း ဖွင့်လှစ် ထားတဲ့ ၃ံ အနုပညာသင်တန်းကျောင်းမှာလည်း သရုပ် ဆောင်နဲ့ ပတ်သက်တဲ့ သင်တန်းကို တက်ရောက်ထားပြီး မော်ဒယ်ပိုင်းရော၊ သရုပ်ဆောင်ပိုင်းကိုပါ မျှလုပ်သွားမှာ ဖြစ်ကာ သရုပ်ဆောင်ပိုင်းကိုတော့ ပိုဝါသနာပါကြောင်း ပြောပါတယ်။ မော်ဒယ်တစ်ဦးအနေနဲ့ အနုပညာ လောကထဲကို ဝင်ရောက်တာကြာပြီဖြစ်ပြီး အခုအချိန်မှာ နိုင်ငံတကာအလှမယ်ပြိုင်ပွဲတွေ ပေါ်ပေါက်လာကာ အခွင့်အလမ်းတွေများနေပေမယ့် သူတို့ စတင်ဝင်ရောက်တဲ့ခေတ်မှာတော့ ဒီလိုအခွင့် အလမ်းတွေ မရှိခဲ့ဘူးလို့ မေဆူးမောင်က ပြောပါတယ်။

” ညီမတို့က အနုပညာလောကထဲကို လွန်ခဲ့တဲ့ ၄နှစ် ၅နှစ်လောက်က ဝင်တာဆိုတော့ ကြာတော့ကြာပြီ။ ညီမတို့တုန်းက အကြီးဆုံးပွဲဆိုလို့ People တို့ မိုးယံ တို့ပဲရှိတယ်။ ဒီခေတ်ကတော့ အခွင့်အလမ်းတွေပိုရတာပေါ့။ ညီမတို့ အလှည့်မှာ ဒီလိုအခွင့်အရေးတွေမရှိခဲ့ဘူး” လို့ပြောပါတယ်။

ခိုင်ဝေလွင် ၊ ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here