အက်ရှင် ဇာတ်ကားရိုက်ကူးရတာ ပိုအားသာတယ် ခါရာ

0
305

Kharaသရုပ်ဆောင် ခါရာရဲ့ ပထမဆုံး အက်ရှင် ဇာတ်ကားဖြစ်တဲ့ Dimension ရုပ်ရှင်ဇာတ်ကားရဲ့ နမူနာကို အွန်လိုင်း မှာပြသခဲ့ပြီး ပရိသတ်တွေ အနေနဲ့ စိတ်ဝင် စားကြတဲ့အပြင် ကြည့်ရှုသူလည်း အလွန် များပြားခဲ့တာကို တွေ့ရပါတယ်။ ခါရာ အနေနဲ့ကလည်း ဒီဇာတ်ကား အတွက် အက်ရှင်ပိုင်း ကို အဓိကထားပြီး စိတ်နှစ်ကြိုးစား ထားတာကြောင့် ပရိသတ်တွေ အသိအမှတ်ပြု စေချင်တယ် လို့ ပြောပါတယ်။ ခါရာက …”ဒီဇာတ်ကားက ကျွန်တော့်အတွက် ပထမ ဆုံး အက်ရှင်ဇာတ်ကားပါ။ အခု ကျွန်တော်တို့ ဒီဇာတ်ကား အတွက် ဆင်ဆာ စောင့်နေပါတယ်။ B ရုံမှာပဲ တင်ဖြစ်မယ်။ ဗရုံကျတော့ ရှေ့မှာကားတွေ များလို့ စောင့်ရတာကြာမယ်။ ဒါကြောင့် B ရုံ ကတော့ မှန်လိမ့်မယ်။ ဒါပေမဲ့ တစ်နှစ်လောက် စောင့်ရဦးမယ် ထင်ပါတယ်” လို့ ပြောပါတယ်။

ခါရာ့အနေနဲ့ Dimension, Unstoppable  အပါအဝင် အက်ရှင် ဇာတ်ကား ၄ကားခန့် ရိုက်ကူး ပြီးစီးခဲ့ ပြီဖြစ်ပြီး ဟာသထက် အက်ရှင် ဇာတ်ကား ရိုက်ကူးရတာ ပိုအားသာတယ် လို့ ဆိုပါတယ်။ ဟာသလုပ်ရ တာ ခါရာ့ အတွက်တော့ ခက်ခဲတဲ့ အကြောင်းကို …

“ဟာသ ဆိုတာက လူတစ်ယောက် ကို စိတ်ထဲ ကနေပြီး ပျော်ရွှင် လာအောင်၊ ဝမ်းသာ လာအောင်၊ ရယ်လာအောင် လုပ်ရတာပါ။ သူတို့ ရဲ့ အာရုံကို လွှမ်းမိုး နိုင်ရမယ်။ ကျွန်တော့် အတွက် အတွေ့အကြုံ မရှိသေးတော့ ကျွန်တော့်ရဲ့ အပြုအမူ၊ အပြောအဆို ၊ လေယူလေ သိမ်းက အစ ကြိုး စားရမှာ ပါ။ Bella & Me ဇာတ်ကားကတော့ ဟာသ နည်းနည်းပါတယ်။ ဒိုင် ယာလော့ခ်တွေ နဲ့မဟုတ်ဘဲ အလွဲ ပုံစံလေးတွေ ကြိုးစားထားပါတယ်” လို့ ပြော ပြပါတယ်။  ခါရာက ဧပြီလ မှာလည်း ရန်ကုန် မာဖီးယားလို့ အမည်ပေး ထား တဲ့ အက်ရှင် ဇာတ်ကားမှာ ပါဝင် သရုပ်ဆောင် သွားမယ် လို့ သိရပါတယ်။

မြတ်မိုးပွင့်၊
ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here