ဇာတ်ကားသစ်မှာ ထပ်မံတွေ့ဆုံကြမယ့် မင်းသမီး Ruby Lin နဲ့ မင်းသား Alec Su

0
262

alicesuမင်းသမီး Ruby Lin နဲ့ မင်းသား Alec Su က တို့နှစ်ဦးဟာ လွန်ခဲ့တဲ့ ၁၃ နှစ်ကMagic Touch of Fate ဇာတ်ကားမှာ တွေ့ဆုံ ပြီးတဲ့နောက် ယနေ့ ဇာတ်ကားသစ်မှာ ထပ်မံတွေ့ဆုံပြီး ရိုက်ကူးတော့မှာပါ။ Keigo Hiashino ရဲ့ ဂျပန်ဇာတ်လမ်းတွဲ The Devotion of Suspect X ဇာတ်ကားကို ရိုက်ကူးမှာ ဖြစ်ပြီး ငွေကြယ်ပွင့်နှစ်ဦးက ဒါရိုက်တာ၊ သရုပ်ဆောင် အဖြစ်ပါ ပါဝင်မယ်လို့ သိရပါတယ်။ Ruby က အဓိက အမျိုးသမီး သရုပ်ဆောင် အဖြစ် ပါဝင်မယ် ဆိုတာ ဖေဖော်ဝါရီ ၂ဝ ကမှ ကြေညာခဲ့တာပါ။ မင်းသား Alec က Ruby  ဟာ ရုပ်ရှင်ထဲ မှာတောင် မိတ်ကပ် မလိမ်းဘဲ  သဘာဝ ကျကျ သရုပ်ဆောင်တဲ့ အချက်က ကျွန်တော် အကြိုက်ဆုံး အချက်ပါပဲ။ ငွေကြယ်ပွင့် နှစ်ဦးဟာ My Fair Princess ? Romance in the Rain  အစရှိတဲ့ ဇာတ်လမ်းတွဲတွေမှာ သရုပ်ဆောင်ရင်း အပြင်လောက မှာ တစ်ဦးနဲ့တစ်ဦး ဖေးမ ရိုင်းပင်းကြတဲ့ သူငယ်ချင်းကောင်းတွေ ဖြစ်လာခဲ့ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here