တစ်ကိုယ်တော် စီးရီး နဲ့ အငြိမ့်ခွေ ထွက်ရှိမယ့် နဒီဝင့်နိုင်

0
395

Nadi-Wint-Naingသရုပ်ဆောင်နဲ့ အဆိုပိုင်း သာမက အငြိမ့်က ရတာလည်း ဝါသနာပါတဲ့ နဒီဝင့်နိုင်က ဒီနှစ်ထဲမှာ အငြိမ့်ခွေ ထွက်ဖို့ရှိပြီး တစ်ကိုယ်တော် စီးရီးလည်း ထွက်ဖို့ ရှိကြောင်း သိရပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး နဒီဝင့်နိုင်က…

” နဒီအငြိမ့်ခွေ ထွက်ဖို့ရှိတယ်။ အငြိမ့်ကရတာလည်း နဒီ ဝါသနာပါတယ်။ ဘာပဲဖြစ်ဖြစ် တတ်ထားရင်တော့ ကောင်း တာပေါ့။ တစ်ခါ မှ မကဖူးတော့ အခက်အခဲလေးတွေ တော့ ရှိတယ်။ နဒီရဲ့ဖေဖေ ဦးဝင်းနိုင်ရဲ့ သီချင်းတွေကို ပြန်ဆိုပြီး တစ်ကိုယ်တော် စီးရီးထွက်ဖို့ရှိတယ်။ သီချင်း တစ်ခွေလုံးမှာ ၁၂ ပုဒ် လောက်တော့ လုပ်မယ်လို့ စီစဉ်ထားတယ်။ အငြိမ့်ခွေက လည်း ဒီနှစ်ထဲမှာ ထွက်ဖို့ရှိတယ်” လို့ ဆိုပါတယ်။

အခု လတ်တလော မှာတော့ နဒီဝင့်နိုင်က ဒါရိုက်တာ မိုက်တီး ရိုက်ကူး ပုံဖော်တဲ့ “မြန်မာပေါကားတွေရပ်” ရုပ်ရှင် ဇာတ်ကားကြီးမှာ ရခိုင် တိုင်းရင်းသူအနေနဲ့ ပါဝင် သရုပ်ဆောင် ထားပါတယ်။ သရုပ်ဆောင် နဒီဝင့်နိုင်က သီချင်းတွေ ဆိုနေလို့ ဇာတ်ကား ရိုက်ကူးမှု ကျဲသွားတယ်လို့ သိရပါတယ်။ နယ်က ပရိသတ်တွေ ပိုအားပေးကြတဲ့ အတွက် နယ် ဇာတ်ကားတွေ တော့ ရိုက်ကူးဖြစ်ကြောင်း ပြောပါတယ်။

“အခုရက်ပိုင်းမှာ ပွင်းလင်းရာသီ ဖြစ်တဲ့အတွက် သီ ချင်းဆို ဖြစ်နေတယ်။ သီချင်းဆိုတဲ့ ဘက်ကို လှည့်နေတဲ့အတွက် ဇာတ်ကားရိုက်ကူးမှု နည်းနည်းကျဲ သွားတယ်။ ညီမကို နယ်ပရိသတ်က ပိုကြိုက်တာ များတော့ နယ်ဇာတ် ကားတွေပဲ ရိုက်ကူးဖြစ်တယ်”လို့ နဒီဝင့်နိုင်က ပြော ပါတယ်။

ချယ်ရီ၊

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here