My Voice သီချင်းအယ်လ်ဘမ်အသစ်ကို ဖြန့်ချိလိုက်တဲ့ Taeyeon

0
233

Taeyeon_1469682197_af_orgGirls’ Generation အဖွဲ့ဝင် Taeyeon က သူမရဲ့ “My Voice” လို့ အမည်ပေးထားတဲ့ အယ်လ်ဘမ် အသစ် ကို ၂၈ ရက်နေ့က ဖြန့်ချိခဲ့တာ ဖြစ်ပြီး သီချင်း ၁၃ ပုဒ် ပါဝင်တယ်လို့ သိရပါတယ်။ ခေါင်းစဉ် သီချင်း “Fine” မှာတော့ Taeyeon ရဲ့ ချိုသာတဲ့ အသံနဲ့ သာယာ ကြည်နူးဖွယ် ကောင်းအောင် သီဆိုထားတာကို နားဆင် ရမှာ ဖြစ်ပါတယ်။ “Time to walk through memoreis” သီချင်းကတော့ CD ဝယ်ယူရင် လက်ဆောင် အဖြစ် ပါဝင်မှာ ဖြစ်ပေမယ့် digital version မှာတော့ ပါဝင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။

Taeyeon လို့ လူသိများတဲ့ ကိုရီးယား အဆို တော်မလေးဟာ jeonju မှာ မွေးဖွားခဲ့သူဖြစ်ပြီး Girl Generation အဖွဲ့နဲ့အတူ ၂ဝဝ၇ ခုနှစ် ကတည်းက အနု ပညာ အလုပ်တွေကို လုပ်ဆောင်ခဲ့သူပါ။ Girl Generation နဲ့အတူ လှုပ်ရှားမှုတွေမှာ အတူတကွ ကြိုး စားခဲ့ရုံ သာမက ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွဲ တွေမှာပါ နောက်ခံသီချင်းတွေ သီဆိုခဲ့ပါတယ်။ ၂ဝ၁၅ အောက်တို ဘာလမှာတော့ သူမရဲ့ တစ်ကိုယ်တော် အယ်လ်ဘမ်ကို ဖြန့်ချိခဲ့ပြီး ရောင်းအား ကောင်းခဲ့ကာMnet Asian Music Awards က ချီးမြှင့်တဲ့Best Female Artist ဆုကို ဆွတ်ခူးခဲ့ပြီး Forbes Korea က စာရင်းကောက် ခဲ့တဲ့ လွှမ်းမိုးနိုင်ဆုံး အနုပညာရှင် အယောက် ၄ဝ စာရင်း ထဲမှာ တစ်ဦးအပါအဝင် ဖြစ်ခဲ့ပါတယ်။ ၂ဝ၁၆ ခုနှစ်မှာတော့ အသံ အကောင်းဆုံး အမျိုးသမီး စာရင်းဝင် ခဲ့သလို အကျော်ကြားဆုံး အနုပညာရှင် တစ်ယောက် အဖြစ် သတ်မှတ်ခြင်းခံခဲ့ရတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here