ဖက်ရှင်ဒီဇိုင်း အလှသွေးစုံလင် နာမည်ကျော် မင်းသမီး ၈ဦးရဲ့ Bella ကြေငြာရိုက်ကွင်း ပုံရိပ်များ

0
321

2မြန်မာနိုင်ငံရဲ့နာမည်ကြီးမင်း သမီးများ ဖြစ်ကြတဲ့ စိုးမြတ်သူဇာ၊ ထက်ထက်မိုးဦး၊ ထွန်းအိန္ဒြာဗို၊ ခိုင်သင်းကြည်၊ အိန္ဒြာကျော်ဇင်၊ မိုးဟေကို၊ ဖွေးဖွေးနှင့် အေးမြတ်သူတို့က Bella Cosmetics တီဗွီကြော်ငြာကို ဖေဖော် ဝါရီ ၂၆ ရက်နေ့က မြောက်ဒဂုံက စတူဒီယို တစ်ခုမှာ ရိုက်ကူး ခဲ့ကြပါတယ်။ ဒီကြော်ငြာရိုက် ကွင်းပေါ်မှာ မင်းသမီးများ ပျော်ရွှင်စွာနဲ့ သရုပ် ဆောင်နေကြတာ တွေ့ရပြီး ဒါရိုက်တာ ဝင်းလွင် ထက်က ရိုက်ကူး ပုံဖော်ခဲ့ပါတယ်။ မင်းသမီး များက Bella ပစ္စည်းများကို မိုးရာသီဖက်ရှင်၊ အကယ်ဒမီ ဖက်ရှင်၊ Christmas ဖက်ရှင်များနဲ့ အလှချင်းပြိုင်ကာ ဖက်ရှင် ၃မျိုး ရိုက်ကူးခဲ့ကြ တာလည်း တွေ့ရပါတယ်။

“ဒီနေ့ကတော့ အမျိုးသမီး သရုပ်ဆောင် ၈ယောက် နဲ့ ရိုက်တဲ့ Bella Cosmetics ကြော် ငြာပါ။ မနေ့တုန်းက အထိတော့ stress နည်း နည်းလေး ရှိတယ်။ ကျွန်မကျတော့ ကြော်ငြာ လည်း အများကြီး ရိုက်လေ့မရှိဘူး။ ကြော်ငြာက ကျွန်မအတွက် စိတ်ဖိစီး မှုတော်တော်များ ပါတယ်။ သူက မလှလှအောင် လုပ်ရမယ်။ လှဖို့ ပဲ စဉ်းစားရတာ ဆိုတော့ ကိုယ်နဲ့ သိပ်မကိုက် ညီဘူး။ ဒါပေမဲ့ အနေအထား အားလုံး ကို ပြော ပြတဲ့အခါမှာ စိတ်ဝင်တစား ရှိတဲ့အတွက် လက်ခံ ရိုက်ကူးဖြစ်တာပါ။ တကယ်လည်း ဆင်းန်ပေါ် ရောက်လာတဲ့အခါမှာ ကျွန်မထင် ထားတာနဲ့ တခြားစီပဲ ပေါ့ပေါ့ပါးပါးနဲ့ ပျော် စရာ ကောင်းပါတယ်။ ရလဒ်လည်း ကောင်း မှာပါ” လို့ ထွန်းအိန္ဒြာဗို က ပြောပါ တယ်။

5ကြော်ငြာ ရိုက်ကွင်း နဲ့ ပတ်သက်ပြီး ခိုင်သင်းကြည် က “ဒီနေ့ ကတော့ Bella ကြော် ငြာ ရိုက်ကွင်းလေးပါ။ အဓိကတော့ နှုတ်ခမ်း နီကြော်ငြာပေါ့။ ပြီးခဲ့တဲ့ တစ်ခေါက်တုန်းက မင်းသမီး ၅ယောက် ရိုက်ခဲ့တယ်။ ၅ယောက် ဆိုတော့ လည်း တွေ့ရတယ်။ ပျော်ရ တယ်ပေါ့ လေ။ ဒီတစ်ခါကျတော့ ပိုပြီးပျော်စရာ ကောင်း သွားပါ တယ်။ ရိုက်ကွင်းပေါ် မှာကတော့ ပြီးခဲ့ တဲ့တစ်ခေါက် ၅ယောက် တုန်း က ည ၁၂ နာရီ ထိုးသွားတာပေါ့။ အခု ၈ယောက် ဆိုတော့ မနက် မိုးလင်း သွားမလား မသိဘူး။ ဖက်ရှင် ပိုင်းတွေကျတော့ မခိုင် တို့ ကြော်ငြာတွေ ရိုက်ရင် ကိုယ့်ဘာသာ ကိုယ်စီစဉ်ရ တာ များတယ်လေ။ ဟိုအရင်ကတည်းက။ ဒီကြော်ငြာ ကတော့ တအား သက်သာပါတယ်။ Bella ကနေအကုန် စီစဉ်ပေးတော့ အဆင် တအားပြေပါတယ်” လို့ပြောပါတယ်။

ဆက်လက်ပြီး အိန္ဒြာကျော်ဇင်က “ကိုယ့်ညီအစ်မတွေ စုံပြီး ရိုက်ရတော့ ကောင်းပါတယ်။ ပျော်ပျော်ပါးပါး ရိုက်ရတယ်။ ခုနတုန်းကတော့ အစ်မဝတ်တဲ့ အကျီလေးက cute ဖြစ်တယ်။ ဖန်စီလေးပေါ့။ အဲဒီဝတ်စုံနဲ့က မိုးရာသီ theme လေးကို သွားထားတယ်။ ဒုတိယ တစ်စုံကျတော့ မြန်မာ ဝတ်စုံနဲ့ အကယ်ဒမီ theme ကိုသွားမှာ ပါ။ နောက်တစ်စုံ ကျန်သေးတယ်။ အားလုံး ပေါင်းဒီကြော်ငြာက ၃စုံဝတ်ရပါတယ်။ Bella ကတော့ အခုလူတွေလည်း တော်တော် ကြိုက် ကြတယ်။ စထွက်ကတည်းက မင်းသမီး ၅ ယောက် ဆိုတော့ လူအင် အားလည်းများတယ်။ ကြော်ငြာလေး ကလည်း ကောင်းတယ် ဆိုတော့ အဲဒီထဲက လူတွေ သတိထားမိကြတယ်။ ပစ္စည်း ထွက်လာတဲ့ အခါကျတော့ လည်း ပစ္စည်းကို သုံးကြည့် တဲ့အခါမှာ တော်တော်လေး ကြိုက်ကြ တယ်။ ပစ္စည်းတွေပြတ်တယ် လို့ ပြော တယ်။ ကိုယ်တွေ ကြော်ငြာတဲ့ ပစ္စည်းလေး ကြိုက် ကြတယ် ပေါက် တယ်ဆိုတော့ အများကြီး ဝမ်း သာပါတယ်။ အခု ဒီနေ့ ကြော်ငြာ တဲ့ပစ္စည်း လေးလည်း ကြိုက်ကြမယ်လို့ အစ်မ ထင်ပါတယ်” လို့ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ FDA လက်မှတ်ရရှိ ထား ပြီးသော Bella Cosmetics မှ ထုတ်လုပ်ထားတဲ့ ပစ္စည်းများက ကိုရီးယား နည်းပညာကို အသုံးပြု ပြီး ကိုရီးယား စက်ရုံမှာ မြန်မာနိုင်ငံ ရှိအမျိုး သမီးများ၏ အသားအရေ နှင့် အထူးသင့်တော် အောင် တီထွင် ထုတ်လုပ် ထားတာဖြစ်ကြောင်း သိရပါတယ်။ Bella မှ Bella all in one dream matte powder cushion ကို အရောင် နှစ်ရောင် ထုတ်လုပ်ထားပြီး bella mafia matte creamy lip stick (၅ရောင်)နှင့် Bella red carpet collection liquid lip stick (၅ရောင်)တို့ကို မြန်မာ တစ်နိုင်ငံလုံးသို့ ဖြန့်ချိ ရောင်းချလျက် ရှိပါတယ်။ ဒါ့အပြင် မတ် လ ၁၈ ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် မြန်မာ့ ရုပ်ရှင်ထူးချွန် ဆုပေးပွဲ အခမ်းအနားတွင် Bella မှ Exclusive Sponsor ပေးသွားမည် ဖြစ်ပြီး အကယ်ဒမီ ပေးပွဲကို ဂုဏ်ပြုသော အားဖြင့်Bella cosmetics မှ စတားများဖြစ်သော ထက်ထက်မိုးဦး၊ စိုးမြတ်သူဇာ၊ ထွန်းအိန္ဒြာဗို၊ ခိုင်သင်းကြည်၊ အိန္ဒြာကျော်ဇင်၊ မိုးဟေကို၊ ဖွေးဖွေး နှင့် အေးမြတ်သူတို့မှ အကယ်ဒမီ Collection အနေဖြင့် နှုတ်ခမ်းနီ အရောင် ၈မျိုးနှင့် အကယ်ဒမီ collection eye shadow palette ကို အကယ်ဒမီပွဲ အပြီး မတ်လ ၁၈ ရက်နောက်ပိုင်းတွင် Product Launch ပြု လုပ်ပြီး သုံးစွဲသူများရဲ့ လက်ထဲ အရောက် ထည့် ပေးသွားမှာ ဖြစ်ကြောင်း သိရပါတယ်။ ဒါ့ အပြင် သနပ်ခါး collection ကိုလည်း ဧပြီလ မှာ ထုတ်လုပ် သွား မှာဖြစ်ကြောင်းလည်း သိရ ပါတယ်။

P060


LEAVE A REPLY

Please enter your comment!
Please enter your name here