ထိုင်းအကယ်ဒမီ ဆန်ခါတင် အဆင့်အထိ ပါဝင်ခွင့်ရတဲ့ အတွက် အံ့သြ ဝမ်းသာရပါတယ် နေတိုး

0
258

Nay-Toeမတ်လ ၅ ရက်နေ့ ထိုင်းနိုင်ငံမှာ ပြုလုပ်မယ့် Thailand National Film Association Awards ဆုချီးမြှင့်ပွဲ အခမ်းအနားမှာ Bangkok to Mandalay ရုပ်ရှင်ဇာတ်ကားက ဆန်ကာတင် စာရင်းမှာ ပါဝင်နေပြီး ဒီဇာတ် ကားရဲ့ အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆု အတွက် ဆန်ခါတင် စာရင်းမှာ သရုပ်ဆောင် နေတိုး ပါဝင်နေတာ တွေ့ရပါတယ်။

“ပထမတော့ အံ့သြမိတယ်။ ကောလာဟလ လို့ပဲထင်တာ။ နောက်ပိုင်း တရားဝင်သတင်း စာတွေကရော။ ထိုင်းအကယ်ဒမီ ဘုတ် page တွေမှာမြင်တော့မှ တကယ်ဆိုတာ သိရတာပါ။ ကျွန်တော့်ထက် စာရင် ကျွန်တော့် ပရိသတ် ပိုပြီး ဝမ်းသာနေမယ်လို့ ကျွန်တော် ထင်တယ်။ အရှင်း ဆုံးပြောရရင် ကျွန်တော်တို့က ဒီလိုမျိုး မျှော်လင့်ချက်တွေ နဲ့လုပ်ခဲ့တာ မဟုတ်ဘူး။ မှတ်မှတ် ရရဖြစ်ခဲ့တဲ့ ဇာတ်ကား တစ်ကား အခုလို nomination ထဲဝင်ပြီးတော့မှ ဒီလိုမျိုး ဆုပေး ပွဲအဆင့်ထဲကို ရောက်လာ လိမ့်မယ်လို့ မမျှော် လင့်ထားဘူး။ မမျှော်လင့် ထားတဲ့ အတွက် အံ့သြဝမ်းသာပီတီ ဖြစ်မိပါတယ်”လို့ နေတိုးက ပြောပါတယ်။

ဒီဇာတ်ကားက ယဉ်ကျေးမှု ဓလေ့ကို ဖော် ကျူးနိုင်တဲ့ ဇာတ်ကား ဖြစ်တာကြောင့် အကယ် ဒမီ ဆန်ခါတင် စာရင်းထဲမှာ ပါဝင်တယ်လို့ ထင်မြင် မိကြောင်းကို နေတိုးက
“အနုပညာ အားဖြင့်ရော ခေတ်တစ်ခုကို အခြေခံပြီးတော့ လူမျိုးတွေရဲ့ အနုပညာဆက် နွယ်ခဲ့မှုတွေဟာ ဘယ်လောက်ထိ ရှိခဲ့တယ် ဆိုတာ ဒီဇာတ်ကားထဲမှာ ပြောပြနိုင်တယ်။ သူတို့အနေ နဲ့ ဒီလိုမျိုး တကယ် ချူျေငခ ဖြစ်ပြီး ယဉ်ကျေးမှု ဓလေ့တွေကို ဖော်ကျူးနိုင်တဲ့ ဇာတ်ကားမို့လို့ nomination ထဲမှာ ပါဝင် နေ တယ်လို့ ကျွန်တော် ယူဆမိပါတယ်”လို့ ပြော ပါတယ်။

နေတိုးက “တိမ်တိုက်တံတား” ရုပ်ရှင် ဇာတ်ကားကို ထွန်းထွန်း၊ ဗီယက်နမ် မင်းသမီး ငုရင်ထရန် ဟုရန်မေ၊ ခင်ဝင့်ဝါ တို့နဲ့ ကလောမှာ မတ်လ ၂ ရက်နေ့ စတင် ရိုက်ကူးနေပြီးဖြစ်ပြီး မတ်လ ၅ ရက်နေ့မှာ ပြုလုပ်မယ့် ထိုင်း အကယ်ဒမီ ပေးပွဲကိုတော့ တက်ရောက်ဖို့ မသေချာကြောင်း ပြောပါတယ်။
ခိုင်ဝေလွင်
ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here