အော်စကာ ပွဲတက်ဝတ်စုံအကြောင်း ရှင်းလင်းလိုက်တဲ့ Blanca Blanco

0
167

gettyimages-645616840-1488151471

မင်းသမီး Blanca Blanco က အော်စကာပွဲမှာ ဝတ်ဆင်ခဲ့တဲ့ ပွဲတက်ဝတ်စုံနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေခံခဲ့ရကာ နောက်ဆုံးတော့ DailyMail.com နဲ့ အခုလို တွေ့ဆုံပြီး ရှင်းပြခဲ့ပါတယ်။

၃၆ နှစ်အရွယ် မင်းသမီးချောလေး Blanca Blanco က ကောဇော်နီမှာ အရိုက် ခံထားတဲ့ သူမရဲ့ဓာတ်ပုံဟာ ပြင်ထားခြင်းခံခဲ့ရကြောင်း ၊ သူမဟာ သူမရဲ့ပွဲတက်ဝတ်စုံကို အကောင်းဆုံးဝတ်စုံတွေထဲမှာ ပါဝင်ဖို့ မျှော်လင့်ခဲ့ကြောင်း ၊ တနင်္လာနေ့ မနက်ပိုင်း မှာ တွေ့မြင်လိုက်ရတဲ့ သူမဓာတ်ပုံဟာ အတွင်းခံမပါသလို ပြင်ထားခြင်းခံခဲ့ရတာကြောင့် အလွန်ပင်စိတ်ဆင်းရဲကြောင်း ပြောပြခဲ့ပါတယ်။

gettyimages-645616840-14881541471

သူမဟာ ရေကူးဝတ်စုံလို အတွင်းခံမျိုးကို ဝတ်ဆင်ထားခဲ့ပြီး ဓာတ်ပုံတွေထဲမှာ အဝတ်ဗလာလို ဖြစ်နေရခြင်းက သူမဟာ အတွင်းခံကို အသားရောင် ဝတ်ထားတာကြောင့်ပါ။ သူမကိုယ်လုံးတီး ပွဲတက်ခဲ့တာမဟုတ်ပါဘူးလို့ DailyMail.com ကို ထပ်မံ ပြောဆိုခဲ့ပါတယ်။ မင်းသမီး Blanca Blanco က ကယ်လီ ဖိုးနီးယားမှာ မွေးဖွားခဲ့ပေမယ့် မက္ကစီကိုမှာ ကြီးပြင်းခဲ့သူပါ။

” ကျွန်မက အော်စကာပွဲနေရာမျိုးကို ကိုယ့်ကိုယ်ကိုယ် ဖော်ချွတ်ပြမယ်လို့ ထင်နေတာလား။ ဒါကလုံးဝကို မဟုတ်ပါဘူး။ ပရိသတ်တွေကို ဖမ်းစားဖို့အတွက် နည်းဗျူ ဟာ တစ်ခုလည်း မဟုတ်ပါဘူး။ အော်စကာဆိုတာ တအားကို အရေးကြီး ပွဲမျိုးပါ။ အော်စကာပွဲမှာ တစ်နေ့ ဆန်ခါတင်စာရင်းဝင်မင်းသမီး တစ်ယောက်ဖြစ်ဖို့က ကျွန်မ အိမ်မက်ပါ။ ဒါကြောင့် ကျွန်မ အရမ်းကို အလေး ထားတဲ့ ပွဲမျိုးကို အဝတ်ဗလာနဲ့တက်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်ပါဘူး” လို့ လွန်ခဲ့တဲ့ ၂ နှစ်က အော်စကာပွဲမှာ သူမမကြိုက်တဲ့ ဝတ်စုံနဲ့ တက်ခဲ့ရပြီး အဆိုးဝါးဆုံး ဝတ်စုံတွေမှာ တစ်ခုအပါအဝင်ဖြစ်ခဲ့တာမို့ တအားကိုစိတ်မကောင်းဖြစ်ခဲ့ရတာပါလို့ မင်းသမီး Blanca Blanco က ထပ်မံ ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here