၂၃ နှစ် ပြည့်ပြီဖြစ်တဲ့ Justin Bieber အဖြစ်ချင်ဆုံး ဆန္ဒကဘာလဲ

0
253

jastin

အခုတစ်လောမှာ Justin Bieber က ပွဲတွေနဲ့ပဲ အလုပ်ရှုပ်နေပါတယ်။ DJ Khaled နဲ့ တွဲဖက်သီဆိုဖို့ အလုပ်တွေရှုပ်နေသလို Fashion World တစ်ခုမှာ ဖျော်ဖြေဖို့ရှိတယ်လို့သိရပါတယ်။ ၂ဝ၁၇ မတ်လ ၁ ရက်နေ့က Justin ရဲ့ ၂၃ နှစ်ပြည့် လို့သိရပြီး သူရဲ့မွေးနေ့ဆုတောင်းကို သူကိုယ်တိုင် instagram မှာ… ” ဒီနေ့က ကျွန်တော့်မွေးနေ့ပါ။ ကျွန်တော် အဖြစ်ချင်ဆုံးဆန္ဒကတော့ သူငယ်ချင်းတွေအတွက် သူငယ်ချင်း ကောင်းတစ်ဦး ၊ မောင်နှမတွေအတွက် ညီအစ်ကိုကောင်းတစ်ဦး၊ မိဘအတွက် သားကောင်းတစ်ဦး နဲ့ ယောက်ျားကောင်း တစ်ယောက်ဖြစ်ဖို့ပါ” လို့ ရေးခဲ့ပြီး သူရဲ့ငယ်ဓာတ်ပုံလေးနဲ့အတူ အခုလို တွဲဖက် တင်ခဲ့ပါတယ်။

Justin က ဆိုရှယ်မီဒီယာကနေ မွေးနေ့ဆုတောင်း အများအပြား ရရှိခဲ့သလို သူရဲ့ အဖေ Jeremy Bieber နဲ့ အမေ Pattie mallette တို့ကလည်း “အမြဲတမ်းချစ်နေပါမယ်” ဆိုပြီး twitter မှာ ဖော်ပြခဲ့တယ်။ သူရဲ့သူငယ်ချင်းဖြစ်သလို မန်နေဂျာတစ်ဦးဖြစ်တဲ့ Scooter Braun ကလည်း Instagram မှာ ” ဒီလူက အရမ်းကိုပျော်တတ်တဲ့သူပါ။ အမြဲ လန်းဆန်းတက်ကြွနေပြီး ကျွန်တော့်ကို အမြဲ ပြုံးအောင် လုပ်နိုင်တဲ့သူပါ။ အခက်အခဲတွေ အများကြီး အတူတူ ဖြတ်ကျော်ခဲ့ရ ပေမယ့် ကျွန်တော်တို့ အခုထိ ပြုံးနိုင်နေဆဲပါ။ ငါမင်းကိုချစ်ပါတယ်သူငယ်ချင်း ၊ မင်းအတွက်လည်းဂုဏ်ယူပါတယ်” အခုလို ရေးသားခဲ့ပါတယ်။

Usher , Diplo, Charli XCX နဲ့ Ellen DeGeneres တို့ကလည်း Justin နဲ့ အတူတင်ဆက်ခဲ့တဲ့ ဗွီဒီယိုတွေကို ဆိုရှယ် မီဒီယာမှာ တင်ပြီး မွေးနေ့ ဆု တောင်း ပေးခဲ့ကြပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here