ကျွန်တော့် ကိုယ်ပိုင် သီချင်းတွေနဲ့ အကောင်းဆုံး ရပ်တည်ချင်ပါတယ် ဆိုတဲ့ ရဲနောင် (Myanmar Idol)

0
276

ye-naungMyanmar Idol Season 2 သီချင်းဆို ပြိုင်ပွဲရဲ့  Top 5 Finalist ပြိုင်ပွဲ ကတော့ မတ်လ၃ ရက်နေ့ သောကြာည က ပြီးဆုံးခဲ့ပါပြီ။ ဒီတစ်ခေါက် မှာတော့ ပြိုင်ပွဲဝင် ၅ဦးထဲက ပြိုင်ပွဲဝင် ရဲနောင် ပြိုင်ပွဲမှ ထွက်ခဲ့ရတာကြောင့် နောက် တစ်ပတ်ပြိုင်ပွဲတွေ အတွက်လေးဦးပဲ ကျန်ပါတော့တယ်။ သို့ပေမယ့် Sponsor ကုမ္မဏီတစ်ခုဖြစ်တဲ့ Pantene ရဲ့ Wild Card ဆိုတဲ့ အစီအစဉ်နဲ့ အတူ ထွက်သွားခဲ့တဲ့ ပြိုင်ပွဲဝင်တွေ ထဲက တစ်ဦးကို ပရိသတ်တွေရဲ့ဆန္ဒမဲနဲ့ အတူ ပြိုင်ပွဲအတွက် ပြန်ခေါ်လို့ရမယ့် အခွင့်အရေး လည်း ရှိနေ တာ ကြောင့် နောက် တစ်ပတ် ပြိုင်ပွဲမှာတော့ ပြိုင်ပွဲဝင် ၅ဦး ထပ်မံယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ Top 5 Finalist  ထဲက ထွက်ခဲ့ရတဲ့ ရဲနောင် ကတော့ နောက်ပိုင်းမှာလည်း  ဒီဂီတ အလုပ်အပေါ်မှာပဲ ဆက်လက် လုပ်ကိုင်သွားမှာပါလို့ ဆိုပြီး ယခုလို အဆင့် ထိ ရောက်အောင် တွန်းပို့ပေးခဲ့တဲ့ ပရိသတ်တွေကို ကျေးဇူးတင်ကြောင်းလည်း ဆိုပါတယ်။ ရဲနောင်က ကိုယ်တိုင်ရေး၊ ကိုယ်တိုင် ဆို လိုင်းကို ပိုအားသန်သူ ဖြစ်တာကြောင့် ဒီပြိုင်ပွဲက ထွက်လိုက်ရ ပေမယ့် နောက်ပိုင်း မှာလည်း သီချင်း တွေဆက်လက် ဖန်တီးသွားမယ်လို့ သိရပါတယ်။

“ကျွန်တော့်ရဲ့ မအူပင်က ဆရာကိုဂျူးဆို တာရှိတယ်။ သူကပြောဖူးတယ်။ ဒီဂီတကိုလုပ် မယ်ဆိုရင် ဘယ်သူ့ လွှမ်းမိုးမှုမှ မပါအောင် ကြိုး စားဖို့ပေါ့။ တကယ်လို့ကိုယ်က စီးရီးခွေထုတ် မယ်ဆိုရင် ကိုယ့်စီးရီးခွေက သူများ လွှမ်းမိုးမှုပါ နေရင်ကိုယ့် နာမည်လည်း ကျန်မှာ မဟုတ် ဘူး လို့ ပြောဖူးတယ်။ ကျွန်တော်လည်း ဒါကိုလက်ခံတယ်။ ကျွန်တော်က သီချင်းရေးတဲ့ အခါ အချစ်သီချင်း တော့သိပ်မရေးတတ်ဘူး။ ဘဝအကြောင်းတွေ၊ အကျိုးပြု ဆန်ဆန် သီချင်းတွေ အဲဒီလိုမျိုး လေးတွေရေးတာ များပါတယ်”လို့ ပြောတဲ့ ရဲနောင်က သူကိုယ်တိုင် နှစ် သက်တဲ့ ဂီတအမျိုး အစားကတော့ Country/ Jazz/ Rock & Roll ဂီတတို့ ဖြစ်တယ် လို့ဆိုပါတယ်။

“နားထောင်တာ ကတော့ ရော့ခ်သီချင်းတွေ နားထောင်ပါ တယ်။ ဒါပေမဲ့ ကျွန်တော်ကိုယ်တိုင် မဆို နိုင်ဘူး။ ကျွန်တော် သွားချင်တဲ့ လမ်းကြောင်းက ကန်းထရီး ဆန်ဆန်၊ ရက်ဂေးဆန်ဆန် ပုံစံလေးတွေနဲ့  အကြောင်းအရာ ထိထိမိမိ ရှိတဲ့ သီချင်း မျိုးတွေဖန်တီး ပြီးရှေ့ ဆက် သွားချင်ပါ တယ်။ ကျွန်တော်ကြိုက်တဲ့ အဆိုတော် တွေ အများကြီး ရှိပေမယ့် ကျွန်တော့် ပုံစံလေး အတိုင်း ပဲဖြစ်အောင် ကျွန် တော် ကြိုးစားသွားမှာပါ။ နောက်ပိုင်းမှာ ကျွန်တော့် သီချင်းတွေနဲ့ကျွန်တော်      အကောင်းဆုံး ရပ်တည်ချင်ပါတယ်”လို့  ရဲနောင် က ပြောပြခဲ့ပါတယ်။

ရဲရဲ


LEAVE A REPLY

Please enter your comment!
Please enter your name here