အကယ်ဒမီပွဲကို မြန်မာဆန်ဆန်နဲ့ လုံလုံခြုံခြုံလေး ဖြစ်မယ့် ဖက်ရှင်မျိုးတွေ ရွေးချယ်ဝတ်ဆင်မယ့် အကယ်ဒမီ ယွန်းယွန်း

0
283

Yone Yone

အကယ်ဒမီယွန်းယွန်းက ဒီနှစ် အကယ်ဒမီပေးပွဲကို အနုပညာ ညီအစ်ကိုမောင်နှမတွေကိုအားပေးဖို့အတွက် တက်ရောက်သွားမှာဖြစ်ပြီး အကယ်ဒမီပွဲ တက်ေ ရာက်ဖို့အတွက်လည်း အဝတ်အစားပိုင်းကို ကြိုတင်ပြင်ဆင်နေပြီ ဖြစ်ပါတယ်။

” ညီမဒီနှစ်အကယ်ဒမီပေးပွဲကို တက်ဖြစ်မှာပါ။ အခုလည်း ဒီဇိုင်နာ နဲ့ ဝတ်စုံအတွက်ကာလာလေးတွေ၊ ဒီဇိုင်းပုံစံလေးတွေ ရွေးနေပါပြီ။ ညီမရဲ့ ဝတ်စုံအတွက် ဒီဇိုင်နာ အန်တီဌေးဌေးတင်က ချုပ်ပေးမှာ ပါ။ ညီမနဲ့လည်း လိုက်မယ်။ မြန်မာဆန်ဆန်နဲ့ လုံလုံခြုံခြုံလေးဖြစ်မယ့် ပုံစံလေးစဉ်းစားထားပါတယ်။ ညီမ နှစ်တိုင်းပွဲတက်ရင် ဝတ်နေကျ ပုံစံလေးပါပဲ” လို့ ဝတ်စုံနဲ့ ပတ်သက်ပြီး ပြောပြပါတယ်။

ဒီနှစ်အကယ်ဒမီ ဆန်ကာတင် စာရင်းမှာတော့ ဇာတ်ကားကောင်း များစွာ ပါဝင်နေပြီး ပရိသတ်တွေက လည်း ဘယ်သူတွေ အကယ်ဒမီ ကို ဆွတ်ခူးကြမလဲဆိုတာ ရင်ခုန် စိတ်လှုပ်ရှားစွာ စောင့်စားနေကြပါတယ်။ ယွန်းယွန်းအနေနဲ့လည်း ဒီနှစ် အကယ်ဒမီအတွက် သူမ ရင်ခုန်ပေးနေတဲ့ အနုပညာရှင်တွေ နဲ့ ပတ်သက် လို့ ” ညီမဒီနှစ်တော့ အကယ်ဒမီ အတွက် ကြားထားတာတွေ အများကြီးပါ။ ဇာတ်ကားကောင်းတွေလည်း အများကြီးပါတယ်။ အဲဒီအထဲမှာ အကယ်ဒမီမရသေးတဲ့ အနု ပညာရှင် အစ်ကိုတွေ၊ အစ်မတွေကို ရစေချင်ပါတယ်။ ကိုထွန်းထွန်းတို့၊ မအေးမြတ်သူတို့ဆို တကယ် အရည်အချင်းရှိပြီး အကယ်ဒမီ မရကြသေးတဲ့ သူအစ်ကိုတွေ၊ အစ်မတွေကို ရစေချင်ပါတယ်” လို့ ယွန်းယွန်းက ပြောပါတယ်။ သရုပ်ဆောင်ယွန်းယွန်းက “တိမ်မင်းသမီးရဲ့ဒဏ္ဍာရီ” ရုပ်ရှင်ဇာတ်ကားနဲ့ ၂ဝ၁၂ခုနှစ် အကယ် ဒမီထူးချွန်ဆုပေးပွဲမှာ အထူးဆုကို ပေးအပ် ချီးမြှင့်ခြင်း ခံခဲ့ရပါတယ်။

မြတ်မိုးပွင့်


LEAVE A REPLY

Please enter your comment!
Please enter your name here