ကြည်ပြာရောင် ဝတ်စုံနဲ့ အကယ်ဒမီ ပွဲတက်မယ့် အကယ်ဒမီ မေသန်းနု

0
305

May-Tham-Nuအကယ်ဒမီ မေသန်းနု ကတော့ အခုနှစ် အကယ်ဒမီ ပေးပွဲကို တက် ရောက်မှာဖြစ်ပြီး ဝတ်စုံကိုတော့ ဒီဇိုင်နာ မလတ်က ချုပ်လုပ်ပေး ထားတာ ဖြစ်ပါတယ်။ အရောင်ကိုတော့ ကြည်ပြာရောင်လေး အဖြစ် ရွေးချယ်ဝတ်ဖို့ စီစဉ်ထားပါတယ်။

အကယ်ဒမီ မေသန်းနု ကတော့ ရုပ်ရှင်နှစ် တစ်ရာပြည့်ဟာလည်း နီးကပ်လာတဲ့အပြင် ရုပ်ရှင်နှစ်တစ်ရာ ပြည့်ဆိုတာ ရုပ်ရှင်လောက သားတွေ အားလုံးနဲ့ သက်ဆိုင်နေတဲ့ ပွဲတော်ဖြစ်တဲ့ အတွက် ခမ်းခမ်းနားနား ဖြစ်စေချင် တယ်လို့လည်း ဖွင့်ဟ ဆိုပါတယ်။

“နှစ်တစ်ရာပြည့်ပွဲကို ဂုဏ်ယူစွာနဲ့ပဲ မြင်ချင်ပါတယ်။ နှစ်တစ်ရာ ပြည့် ရောက်ရင်တော့ ရုပ်ရှင်ဥက္ကဋ္ဌ ကဘယ်သူဖြစ်လာမယ် ဆိုတာ မသိ နိုင်သေး ဘူး။ ဥက္ကဋ္ဌ လုပ်တဲ့သူက ဒီအရာကို ဦးစားပေးပြီးတော့ လုပ်တော့မှ သာလျှင် စည်းစည်းကားကား နဲ့ အားလုံး အမြင်မှာလည်း တင့်တယ်နေမှာ ဖြစ်ပါတယ်။ ဥက္ကဌလုပ်တဲ့ သူအပေါ်မှာ လည်း မူတည်နေပါတယ်” လို့ ဆိုပါတယ်။

အကယ်ဒမီ မေသန်းနုဟာ ဒီနှစ် အကယ်ဒမီ ရွှေကြို ရွေးချယ်ရေးကော် မတီရဲ့ ဥက္ကဋ္ဌ တစ်ဦးဖြစ်ပြီး ဒီနှစ်မှာ ဆိုရင်တော့ အရင်နှစ်တွေနဲ့ မတူညီဘဲ ရွေးချယ် ထုတ်ပြန်မှုပုံစံကို ပြောင်းလဲထားခဲ့ပါတယ်။ နောက်ဆုံး ဆန်ခါတင် ရွေးချယ်ပြီး ချက်ချင်း မထုတ်ပြန်ခဲ့ ဘဲ နောက် တစ်ရက် မှာသာ ထုတ်ပြန်ကြေညာ တဲ့စနစ်တစ်ခုကို ပြောင်းလဲ ထားလိုက်ပါတယ်။

“အရင်တုန်းက အမှတ် အနည်း အများကိုပဲ ကြည့်ပြီးတော့ ရွေးချယ်ခဲ့ ပါတယ်။ ဒါပေမဲ့ တစ်ယောက်နဲ့ တစ် ယောက်ဟာ ရွေးချယ်မှု ဖီလင်တွေက မတူညီကြဘူးလေ။ အဲ့ဒါကြောင့် လည်း အခုနှစ်မှာ အစီအစဉ် တစ်ခုပြီးတိုင်း ဓာတ်ပုံနဲ့ ဗီဒီယို၊ ပြီးတော့ အမှတ်ပေး ထားမှုနဲ့ ကိုက်ညီမှု ရှိမရှိ ကိုပြန်စစ်ဆေး ပါသေးတယ်။ အဲ့ဒီလို ပြန်စစ်ပါတယ်။ သေချာ စိစစ်ပြီး ပြန်ရွေးပါတယ်။ အချိုးကျ လှပမှု ကို ပြန်လည် စိစစ်တာပါ။ မဆင့်တို့ ရည်ရွယ်ချက် ကိုက ဒီဟာသည် လူငယ်လေးတွေရဲ့ မျှော်လင့်ချက် အိမ်မက် ကလေးတွေ ကို အကောင်အထည် ဖော်ပေးချင်တဲ့ စေတနာ ဖြစ်ပါတယ်။ တကယ်တော့ ရွှေကြို ဆိုတာသည် သရုပ်ဆောင်သစ် ဖြစ်လာမယ့် သူလေးတွေ ကို ကြိုဆိုတဲ့ အနေနဲ့ လည်းဖြစ်တယ်။ သူတို့လေး တွေ ဖြစ်လာမလား ဆိုတဲ့ ရည်ရွယ် ချက် မျှော်လင့်ချက် စေတနာတွေနဲ့ လုပ်ကြ တာ ဖြစ်တယ်” လို့ ဆိုခဲ့ပါသေးတယ်။

ထက်လူ


LEAVE A REPLY

Please enter your comment!
Please enter your name here