အနုပညာ ဝင်ငွေခွန် ပေးဆောင်ခြင်း နှင့် အနုပညာလောကသား တို့အသံ

0
106

taxsယခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ အခွန်လာရောက် ပေးဆောင်သော အနုပညာရှင် စာရင်းကို ပြည်တွင်းအခွန် များဦးစီးဌာနက ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါအခွန် ကိစ္စနဲ့ပတ်သက်ပြီး အနုပညာလောကတွင် အသံများ ထွက်ပေါ်လာသည့် အတွက် အနုပညာရှင် တချို့ကို အခွန်နှင့် ပတ်သက်၍ သူတို့၏စကားသံများကို ဖော်ပြ ပေးလိုက်ပါသည်။

လူမင်း    

အဓိက ကြော်ငြာချက်မှာက ၂ဝ၁၆- ၂ဝ၁၇ ခုနှစ် ဘဏ္ဍာနှစ်လို့ ပါသော်ငြားလည်း ရုတ်တရက် ဖတ် လိုက်မယ် ဆိုလို့ရှိရင်တော့ ဒီကြေ ညာထားတဲ့ အနုပညာရှင် ၁၉ဦးက သာလျှင် အခွန် ထမ်းဆောင်ပြီး ကျန် တဲ့ အနုပညာလောကသား အားလုံး က အစ်ကို အပါအဝင် အခွန်ရှောင် သလို အဓိပ္ပာယ် သက်ရောက်နေပါ တယ်။ အဲဒါကြောင့် အစ်ကို ရှင်းထား တာက အစ်ကို လည်း နှစ်စဉ် နှစ် တိုင်းဆောင်တယ်။ ဒီနှစ် တစ်နှစ် စာအတွက်ပဲ မဆောင်ရသေးတာ။ ဒီနှစ်ရဲ့ ဘဏ္ဍာနှစ်က အချိန်မကုန် သေးဘူး။ ထပ်ဆောင် လို့ရသေး တယ်။ ထပ်ဆောင်တဲ့ သူတွေကို ထပ်တိုး အဆင့်တွေ ထုတ်ပြန်မလား ဆိုတာကို မပြောတတ်ဘူး။ အဲဒါ ကြောင့်မို့လို့ ဒီစာရင်း ထဲမှာ မပါ ပေမယ့်လည်း အခွန် ဆောင်နေတဲ့ အနုပညာရှင်တွေ အများကြီး ရှိပါ သေးတယ် ဆိုတာ၊ အနုပညာရှင်တွေ ကိုယ်စား အစ်ကို ရှင်းပြထားတာပါ။ အနုပညာရှင်တွေ ဆိုတာကလည်း ပြည်သူ ထဲက ပြည်သူပဲ။ အစ်ကိုတို့ ဆိုရင် အစ်ကိုတို့ အနုပညာ လုပ်ငန်း အတွက် အခွန်လည်း ဆောင်ရ တယ်။ ကိုယ်တို့ ရုပ်ရှင် လုပ်ငန်း ဖြစ်တဲ့ ရုပ်ရှင်ပြလို့ ရှိရင်လည်း ပွဲ အခွန်ဆောင်ရတယ်။ ရိုက်ကူးတဲ့ အခါ၊ လိုင်စင်ထုတ်တဲ့အခါ လိုင်စင် ခွန်ဆောင်ရတယ်။ အဆင့်တိုင်းမှာ တော့နိုင်ငံသား တစ်ယောက်ရဲ့ တာဝန် ကျေပွန်စွာ အဆင့်တိုင်း အဆင့်တိုင်း မှာတော့ အခွန်ဆောင်သင့်တယ်။

ထွန်းအိန္ဒြာဗို   

ကျွန်မက ၁၉၉၃ ခုနှစ်ကစပြီး ၂ဝ၁၄ခုနှစ်အထိ နှစ်စဉ် အခွန် ဆောင်ခဲ့ပြီးပါပြီ။ ၂ဝ၁၅ခုနှစ်မှာ အနုပညာ အလုပ်များ ရပ်နား လိုက် ကြောင်း ကြေညာပြီး ပရဟိတပွဲများ မေတ္တာဖြင့် ဒါနပြုခြင်းကလွဲပြီး အနု ပညာကြေးရယူပြီး အလုပ်မလုပ်ခဲ့ပါ ဘူး။ ၂ဝ၁၆ခုနှစ် နှစ်လယ် လောက်မှ ယနေ့ထိ ဇာတ်ကားတချို့ ပြန်လည် လက်ခံ ရိုက်ကူးခဲ့ပါတယ်။ နှစ်စဉ် ဆောင်ပြီးသမျှ အခွန်ပြေစာများ လက်ဝယ်ရှိပါတယ်။ဆက်လက်ပြီးလည်း ထမ်းဆောင်သွားမှာ ဖြစ်ပါတယ်။

နေတိုး

အခုမှပဲသတင်းတွေ ထုတ်ပြန် ခြင်းလုပ်တာပေါ့။ ကျွန်တော် ဆောင်တာ ကတော့ လွန်ခဲ့တဲ့ ၁၈နှစ်၊ ၁၉နှစ် သရုပ်ဆောင် စလုပ်တဲ့အချိန် ကတည်းကပါ။ ဟိုးအရင် တုန်းက နိုင်ငံတော် ဇာတ်ကားတွေ စရိုက် ကူးကတည်းက အလုပ် တစ်ခုလုပ် တော့မယ်ဆိုရင် ဒီအလုပ်နဲ့ ပတ် သက်ပြီး ဘာတွေလုပ်ဖို့ လိုအပ် တယ်ဆိုတာ လေ့လာဖို့ လိုတယ်။ မင်း သား မင်းသမီးတွေရဲ့ ဘိုင်အိုဂရမ်ဖီ တွေ လေ့လာတဲ့အချိန်မှာ အခွန်တွေ မထမ်းဆောင်ဘဲ နဲ့ အခွန်များလာမှ ထမ်းဆောင်ရတဲ့အခါ မျိုးတွေလည်း တွေ့တာတော့မဟုတ်ဘူး။ စာဖတ် ဖူးတယ်ပေါ့။ ကိုယ်လုပ်တဲ့ အချိန်မှာ ဒါတွေကို အစစအရာရာ လုပ်ထား ရမယ်ဆိုတဲ့ အသိနဲ့ ဒီအလုပ်တွေ လုပ်တဲ့ အချိန်ကစပြီး အခွန်ဆောင် ခဲ့တယ်။ ကျွန်တော့် အနုပညာသက် တမ်း တစ်လျှောက်ပါပဲ။ ကျွန်တော်တို့ အခွန် ထမ်းဆောင်တယ် ဆိုတာက သိသာ ထင်ရှားတဲ့ အနုပညာရှင်တွေ ဖြစ်နေတယ်။ အနုပညာလောက မှာဆိုရင် မင်းသား လက်ချိုးရေတွက် လို့ရတဲ့ ထဲမှာ ကျွန်တော်တို့က လက် ၅ချောင်းထဲ မှာပါတဲ့ အနုပညာရှင် တွေဖြစ်နေတယ်။ ဒီလိုပဲ ဒီနိုင်ငံမှာ မွေးပြီး၊ ဒီနိုင်ငံမှာ ကြီးပြင်းပြီး အနု ပညာအလုပ်ကို လုပ်နေတဲ့သူ တစ် ယောက်က အခွန်ဆောင်ရမယ် ဆို တဲ့အသိက ကျွန်တော်တို့ဆီ မှာ ရှိပြီး သား။ ဒါကြောင့်မို့လို့ အခွန်ဆောင် ခဲ့တယ်။ တချို့အနုပညာရှင်တွေမှာ အခွန်ဆောင်နိုင်တဲ့ အင်အား မရှိသူ တွေလည်းရှိနိုင်ပါတယ်။ အရှင်းဆုံး ပြောရရင် ကျွန်တော် တို့ဆီမှာ အကုန် လုံး ဖွံ့ဖြိုးတိုးတက်ပြီးတော့မှ လူတွေ ရဲ့ အခွင့်အရေး ဆိုတာ ရလာတာ သိပ်မကြာသေးဘူး။ သိသာထင်ရှား တဲ့သူတွေကလွဲပြီး တခြားလူတွေ အခွန်စာရင်းထဲ မပါတာတော့ ထူးထူး ဆန်းဆန်းတော့ မဟုတ်ဘူး။ တချို့ အနုပညာရှင် တွေတော့ ဆောင်ကြ တယ်။ ဘယ်သူတွေတော့ မပါဘူး ပေါ့။ သိသာ ထင်ရှားပြီးတော့မှ အနု ပညာ ထိပ်ဆုံးကပြေးနေတဲ့ လူတွေက ဆောင်သင့်တယ်လို့ ကျွန်တော်မြင် တယ်။ အခွန်ဆောင်တာတော့ ကောင်း ပါတယ်။ ဒီအခွန်တွေရဲ့ နောက် ကွယ်မှာ ဥပဒေ လမ်းကြောင်းအရ ရော၊ စည်းစနစ် ကျကျ အသုံးပြုဖို့ လည်း လိုအပ်တယ်လို့မြင်ပါတယ်။

ခိုင်သင်းကြည်

မခိုင် ကြော်ငြာတွေ ရိုက်စ ၁၉၉၅ ခုနှစ်ကတည်းကစပြီး ဆောင် ခဲ့တာပါ။ အနှစ် ၂ဝ ကျော်ပါပြီ။

အိန္ဒြာကျော်ဇင်

နှစ်စဉ်ဆောင်နေကျ အခွန်ကို အစ်မတို့ ကားရိုက်နားထား လိုက်ရ လို့ ဒီတစ်ခါ ၂ဝ၁၆-၂ဝ၁၇ အတွက် အခွန်မဆောင်ရပါဘူး။ ကိုပြေတီဦးပဲ အခွန်ဆောင်ရပါတယ်။

ခိုင်ဝေလွင်၊တွယ်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here